မုံရွာဆေးရုံကိုလာတဲ့ကား မိုင်းထိပြီး ကျန်းမာရေး ဝန်ထမ်း ၄ ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၊ ၇ -၂၀၂၁
နှင်းဖြူဝေ (VOM)
 
စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ကျီးပင်ချောင်ကျေးရွာအနီး မုံရွာ – ဘုတလင် ကားလမ်းမှာ မနေ့ ဒီဇင်ဘာ ၆ ရက် နေ့လယ်ပိုင်းက ကား ၁ စီး မိုင်းထိမှန်ပြီး ကားပေါ်ပါလာတဲ့ ကျန်းမာရေးဝန်ထမ်း ၄ ယောက် မိုင်းစထိမှန် ဒဏ်ရာရခဲ့တယ်လို့ စစ်ကိုင်းတိုင်း ကျန်းမာရေးဌာန အသိုင်းအဝိုင်းကနေ သိရပါတယ်။
 
” မုံရွာ ဆေးရုံကြီးမှာ ဆေးပစ္စည်းတွေ ထုတ်ယူဖို့ ဘုတလင် ဆေးရုံကနေ အသွားလမ်းမှာ ပေါက်ကွဲတာနဲ့ ကြုံပြီး မိုင်းစထိမှန် ဒဏ်ရာခဲ့တာပါ ” လို့ ဘုတလင်ကျန်းမာရေးအသိုင်းအဝိုင်းက ပြောပါတယ်။
 
အဲ့ဒီ ပေါက်ကွဲမှုကြောင့် မိုင်းစထိမှန် ဒဏ်ရာရတဲ့ ကျန်းမာရေးဝန်ထမ်း ၄ ဦးဟာ ဒေါ်ခိုင်ခိုင်ထွေး ဆေးစပ်အဆင့် ၃ ၊ မထိပ်တင်ထွေး ဆေးစပ်အဆင့် ၄ ၊ ကိုကျော်ဇင်ဖြိုး ဆေးရုံ အထွေထွေလုပ်သား နဲ့ ယာဥ်မောင်း ဦးဇော်မင်းသန်း တို့ ၄ ယောက်ဖြစ်တယ်လို့ သိရပါတယ်။
 
ဒဏ်ရာရ ကျန်းမာရေးဝန်ထမ်း ၄ ဦးကို မုံရွာပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသပေးခဲ့တယ်လို့လည်း သိရပါတယ်။
 
ဘုတလင်မြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မိုင်းရှင်းနေတဲ့အချိန် ပေါက်ကွဲမှုဖြစ်လို့ ရဲ ၁ ယောက်သေပြီး ရဲ ၁ ယောက် ခြေတဖက် ဖြတ်ခဲ့ရတာလည်း ဖြစ်ပွားခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ဘုတလင#ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW