အာဆင်နယ်နောက်ခံလူ ဘယ်လာရင် ဒူးဒါဏ်ရာကြောင့် ရာသီကုန်အထိ နားရတော့မည်

လန်ဒန်၊ ဇန်န၀ါရီ-၂၂

ရန်နိုင်ထွန်း (VOM)

အာဆင်နယ်အသင်းက စပိန်ညာနောက်ခံကစားသမာ ဘယ်လာရင်ဟာ ချယ်ဆီးကို နှစ်ဂိုးပြတ်အနိုင်ရခဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒူးဒါဏ်ရာရရှိခဲ့တာကြောင့် ရာသီကုန်အထိ အနားယူရတော့မှာဖြစ်ပါတယ်။

ဘယ်လာရင်ရဲ့ ဒူးဒါဏ်ရာနဲ့ပတ်သက်ပြီး နောက်ထပ်ဆေးစစ်မှုတွေ လုပ်သွားမှာပါ။ ဒါပေမယ့် အခြေအနေက သိပ်တော့မကောင်းဘူးလို့ အသင်းတာဝန်ရှိသူတစ်ဦးက ပြောဆိုပြီး အနည်းဆုံ ကိုးလလောက်အထိ အနားယူရနိုင်တယ်လို့ ဆိုပါတယ်။

ဘယ်လာရင်ဟာ ဇန်န၀ါရီ ၂၀ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ချယ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ ပွဲကစားချိန် ၇၀ မိနစ်မှာ ချယ်ဆီးကွင်းလယ်လူ ရို့ဘာကလေကြောင့် ၎င်းရဲ့ဒူးမှာ ဒါဏ်ရာရရှိပြီး လူစားလဲခဲ့ရပါတယ်။

အသင်းရဲ့ပွဲစဉ်တွေကို ရာသီကုန်အထိ လွဲချော်တော့မှာဖြစ်တဲ့အတွက် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ထိပ်ဆုံးလေးသင်းနေရာ ရာသီကုန်မှာ ရပ်တည်နိုင်ဖို့ ကြိုးစားနေတဲ့အာဆင်နယ်အသင်းအတွက်တော့ ထိုးနှက်ချက်တစ်ခုဖြစ်ပါတယ်။

အသင်းရဲ့ ညာနောက်ခံလူနေရာအတွက် ဘယ်လာရင်အစား အိန်စလေကို အစားထိုးအသုံးပြုဖွယ်ရှိတယ်လို့ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီက ထုတ်ဖော်ပြောဆိုပါတယ်။

Ref: The Sun

Photo : Getty Image

Related posts

✕
VOM News

FREE
VIEW