ဝါရှင်တန်၊ဧပြီ-၂-၂၀၂၂
မျိုးဆက်(VOM)
ရုရှားတပ်တွေကိုတွန်းလှန်ရန် ကြိုးပမ်းရေးမှာ ယူကရိန်းအတွက် နောက်ထပ်ဒေါ်လာသန်း၃၀၀ အကူအညီပေးမယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
ထောက်ပံရေးအစီအစဉ်မှာ လေဆာလမ်းညွှန်ဒုံးကျဉ်စနစ်၊ မောင်သူမဲ့လေယာဉ်တွေ၊ ညကြည့်ကိရိယာတွေနဲ့ ခဲယမ်းမီးကျောက်တွေပါရှိကြောင်း ပင်တဂွန်က ဧပြီ၂ရက်နေ့မှာပြောပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒင် စတင်အုပ်ချုပ်ချိန်မှစ၍ အမေရိကန်သည် ယူကရန်းနိုင်ငံကို လုံခြုံရေး အကူအညီအဖြစ် ဒေါ်လာ၂ဒသမ၃ဘီလီယံပေးဖို့ ကတိပြုခဲ့ကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။
ယူကရိန်းနိုင်ငံမြောက်ပိုင်းရှိ ရုရှားမြို့တစ်မြို့မှာ
ရေနံသိုလှောင်ရုံတစ်ခုကို ယူကရိန်းရဟတ်ယာဉ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ရရှားနိုင်ငံက ဧပြီ၁ရက်မှာ စွပ်စွဲထားပါတယ်။
ဒါပေမယ့် ယူကရိန်းရဲ့ထိပ်တန်းလုံခြုံရေး တာဝန်ရှိသူတွေက အဲဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း ယူကရိန်းတာဝန်ရှိသူတွေကပြောပါတယ်။
Ref:NHK
Photo:AP
#voiceofmyanmar #VOM #ဝါရှင်တန်