ယူကရိန်းအတွက် စစ်ရေးအကူအညီ ဒေါ်လာသန်း၃၀၀ အမေရိကန် ထပ်ပေးမယ်

ဝါရှင်တန်၊ဧပြီ-၂-၂၀၂၂
မျိုးဆက်(VOM)

ရုရှားတပ်တွေကိုတွန်းလှန်ရန် ကြိုးပမ်း​ရေးမှာ ယူကရိန်းအတွက် နောက်ထပ်ဒေါ်လာသန်း၃၀၀ အကူအညီပေးမယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

ထောက်ပံရေးအစီအစဉ်မှာ လေဆာလမ်းညွှန်ဒုံးကျဉ်စနစ်၊ မောင်သူမဲ့လေယာဉ်​တွေ၊ ညကြည့်ကိရိယာတွေနဲ့ ခဲယမ်းမီးကျောက်တွေပါရှိကြောင်း ပင်တဂွန်က ဧပြီ၂ရက်နေ့မှာပြောပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင် စတင်အုပ်ချုပ်ချိန်မှစ၍ အမေရိကန်သည် ယူကရန်းနိုင်ငံကို လုံခြုံရေး အကူအညီအဖြစ် ဒေါ်လာ၂ဒသမ၃ဘီလီယံပေးဖို့ ကတိပြုခဲ့ကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။

ယူကရိန်းနိုင်ငံမြောက်ပိုင်းရှိ ရုရှားမြို့တစ်မြို့မှာ
ရေနံသိုလှောင်ရုံတစ်ခုကို ယူကရိန်းရဟတ်ယာဉ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ရရှားနိုင်ငံက ဧပြီ၁ရက်မှာ စွပ်စွဲထားပါတယ်။

ဒါပေမယ့် ယူကရိန်းရဲ့ထိပ်တန်းလုံခြုံရေး တာဝန်ရှိသူတွေက အဲဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း ယူကရိန်းတာဝန်ရှိသူတွေကပြောပါတယ်။

Ref:NHK
Photo:AP
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW