အသက် ၀၀ရှူပါရစေ

ဆူးငှက် တကယ်တော့ မန္တလေးမှာ မွေးဖွားကြီးပြင်းရခြင်းကို ရတောင့်ရခဲ ဒုလ္လဘတစ်ခုအဖြစ် ပြောဆိုရေးသားရခြင်းကား ယခုခေတ်ကာလ၌ အလွန်ကျဉ်းမြောင်း သိမ်ဖျင်းလှသော ဒေသစွဲစိတ်တစ်ခုသဖွယ် အပြစ်တင်ရပေမည်။ သို့သော်မတတ်နိုင်….။ ပြောစရာရှိ၍ ပြောရပေဦးမည်။ မန္တလေးသည် မြန်မာပြည်အလယ်ပိုင်း မိုးနည်းရေရှားဒေသမှာ တည်ရှိဆိုငြား ပုဂံခေတ်ကတည်းက တူးဖော်ဆည်ဖို့ သိုလှောင်ထားသည့် ဧရာမအောင်ပင်လယ်ကန်ကြီးက အရှေ့မှဆီးသည်။ တောင်မှာ သဘာဝအင်းကျယ်ကြီးဇောင်းကလောနှင့် တောင်သမန် ရှိသည်။ အနောက်တောင်ထောင့်မှာ တက်သိမ်းအင်းပြင်၊ ထို့နောက် ဧရာဝတီမြစ်က အနောက်မှဆီးထား၏။မြောက်မှာက နန္ဒာကန်တဲ့။ ဤသို့ဖြင့် ရေပတ်လည် ဝိုင်းသည်။ ရွှေမြို့တော်တွင်းသို့ လက်တံမြောင်းအသီးသီးနှင့်ရသွင်း၏။ ကျုံးတော်ကြီးကလည်း ကြာမျိုးငါးမည်နှင့် ရေဖြည့်ထားသည်။ ရွှေတချောင်းရေရှင်ရေသန့်မြောင်းကလည်း သွင်သွင်စီးသည်။ ရတနာနဒီမြစ်ကို တူးဖော်ပြီး မင်းခမ်းမင်းနားနှင့် ရေကင်းနရီသံ စီစီညံစေသည်။ ထိုထိုရေချောင်း၊ရမြောင်း၊ ရေကန်၊ ရေဆည်၊ ရေအင်းတို့၏ ကလနားတွေမှာ အရှေ့ရိုးမကြီးရှိသည်။ အလယ်ရိုးမ မင်းဝံတောင်ရိုးကြီးရှိသည်။ အရှေ့ဘက် မိုင်၂ဝ အတွင်းပေါ့။…

Read More

ဖမ်းခံရတယ်လို့ သတင်းထွက်တဲ့ ရန်ကုန်မြို့တော်ဝန် ပြန်လည်တာဝန်ထမ်းဆောင်နေ

ဧပြီ ၂-၂၀၂၂ KK(VOM) ဖမ်းဆီးခံရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့ ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ပြန်လည်တာဝန်ထမ်းဆောင်နေပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။ ရန်ကုန်တိုင်း စည်ပင်သာယာရေးဝန်ကြီးတဦးဖြစ်တဲ့ ဦးဗိုလ်ဌေးကို ပြီးခဲ့တဲ့မတ်လ ၂၄ ရက်က ရဲတပ်ဖွဲ့က ခေါ်ယူမေးမြန်းခဲ့တာဖြစ်ပြီး ဖမ်းဆီးတာမဟုတ်ဘူးလို့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။ “ခေါ်စစ်ဆေးတာပဲရှိပါတယ် ဖမ်းတာမဟုတ်ဘူး၊ အခုတာဝန်ပြန်လည် ထမ်းဆောင်နေပါပြီ”လို့ သူကရှင်းပြပါတယ်။ မြို့တော်ဝန်ဦးဗိုလ်ဌေးကို မတ်လ ၃၁ ရက်က စစ်ဆေးမေးမြန်းပြီးနောက် ပြန်လည်လွတ်ပေးခဲ့တာဖြစ်တယ်လို့ စည်ပင်အသိုင်းအဝိုင်းကနေ သိရပါတယ်။ လက်တလောမှာ ​မြို့တော်ဝန်ဦးဗိုလ်ဌေးအနေနဲ့ မြို့တော်စည်ပင်သာယာရေးလုပ်ငန်းကို ပုံမှန်လုပ်ဆောင်နေပြီလို့ စည်ပင်ဝန်ထမ်းတဦးက ​ပြောပါတယ်။ မြို့တော်ဝန် ဦးဗိုလ်ဌေးနဲ့အတူ စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦးတို့ကို စစ်ဆေးဖို့အတွက် ခေါ်ယူမေးမြန်းတာဖြစ်ပြီး ဖမ်းဆီးတာမဟုတ်ဘူးလို့ နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ နစကရဲ့သတင်းစာရှင်းလင်း ပွဲမှာ ပြန်ကြားရေးဒုဝန်ကြီးက ဖြေကြားထားတာလည်း ရှိပါတယ်။ လက်တလောမှာ စီးပွားရေးရာဝန်ကြီးဦးအောင်သန်းဦးကိုတော့ ဆက်လက်စစ်ဆေးမေးမြန်းနေဆဲဖြစ်တယ်လို့ အစိုးရနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ #VOM…

Read More

တနင်္သာရီမြို့နယ်ထဲက ခဲသတ္ထုမိုင်းတွင်း မြေပြိုကျလို့ လုပ်သား ၅ ဦးသေဆုံး

ဧပြီ ၊ ၂ -၂၀၂၂ SP (VOM) တနင်္သာတိုင်း ၊ တနင်္သာရီမြို့နယ် ၊ သဘောလိပ်ကျေးရွာနားက ခဲသတ္ထုရှာဖွေရေး မိုင်းတွင်းတခုဟာ မနေ့ဧပြီ ၁ ရက် ညနေပိုင်းမှာ မြေပြိုကျမှုတွေဖြစ်ပေါ်ပြီး လုပ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ နယ်ခံလူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ ” မနေ့က နေ့ခင်းပိုင်းမှာ အဆက်မပြတ် မိုးရွာတယ် ၊ အဲ့ဒါကြောင့် ခဲသတ္ထုမိုင်းတွင်း မြေစာတွေပြိုကျပြီး အမျိုးသား မိုင်းလုပ်သား ၅ ဦး မြေစာပိပြီး သေဆုံးခဲ့တာ ” လို့ အဲ့ဒီ မြေပြိုကျတဲ့နေရာကို သွားရောက်ကူညီပေးခဲ့တဲ့ နယ်ခံပရဟိတ စေတနာ့ဝန်ထမ်းတယောက်က ပြောပါတယ်။ သေဆုံးသူ မိုင်းလုပ်သား ၅ ဦးဟာ ပဲခူးတိုင်း ၊ ရွှေကျင်မြို့နယ်ဘက်ကနေ အလုပ်လာလုပ်တဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။ သဘောလိပ်ကျေးရွာနားက အဲ့ဒီ ခဲသတ္ထုမိုင်းတွင်းတွေဟာ…

Read More

ကောလင်းမြို့ပေါ်မှာ စာမေးပွဲဖြေနေတဲ့ စာသင်ကျောင်းထဲကို လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲ

ဧပြီ ၊ ၂-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ကောလင်းမြို့ ၊ မြောက်အင်းရပ်ကွက်၊ မြောက်အင်းအလယ်တန်းကျောင်းထဲမှာ ဒီကနေ့မနက် ၉ နာရီဝန်းကျင်က စာမေးပွဲဖြေဆိုနေတဲ့အချိန် လက်နက်ကြီးကျည်ဆံတွေ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။ ” အလယ်တန်းကျောင်းထဲ ကလေးတွေ စာဖြေနေတဲ့အချိန် ပေါက်ကွဲမှုတခု အရင်စဖြစ်တယ် ၊ အဲ့ဒီနောက် လက်နက်ကြီး ကျည်ဆံတွေ ထပ်မံကျရောက် ပေါက်ကွဲတာပါ ” လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ကောလင်းမြို့နယ် လုံခြုံရေးအဖွဲ့ရုံး တာဝန်ရှိသူတဦးက “ကျောင်းနားကို ရီမုမိုင်း တစ်လုံး အရင်ပေါက်ကွဲတယ် ၊ အဲ့ဒီနောက် ကျောင်းထဲက တန်းစီကွင်းထဲကို ၄၀မမ ဗုံးသီး ၃ လုံး ထပ်မံကျရောက်ပေါက်ကွဲတယ် ၊ ပေါက်ကွဲပစ်ခတ်မှုဖြစ်စဥ်မှာ ကျောင်းသူ/ကျောင်းသား ဆရာ/မိဘ ထိခိုက်ဒဏ်ရာရတာ မရှိဘူး ၊…

Read More

ယူကရိန်းအတွက် စစ်ရေးအကူအညီ ဒေါ်လာသန်း၃၀၀ အမေရိကန် ထပ်ပေးမယ်

ဝါရှင်တန်၊ဧပြီ-၂-၂၀၂၂ မျိုးဆက်(VOM) ရုရှားတပ်တွေကိုတွန်းလှန်ရန် ကြိုးပမ်း​ရေးမှာ ယူကရိန်းအတွက် နောက်ထပ်ဒေါ်လာသန်း၃၀၀ အကူအညီပေးမယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ ထောက်ပံရေးအစီအစဉ်မှာ လေဆာလမ်းညွှန်ဒုံးကျဉ်စနစ်၊ မောင်သူမဲ့လေယာဉ်​တွေ၊ ညကြည့်ကိရိယာတွေနဲ့ ခဲယမ်းမီးကျောက်တွေပါရှိကြောင်း ပင်တဂွန်က ဧပြီ၂ရက်နေ့မှာပြောပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒင် စတင်အုပ်ချုပ်ချိန်မှစ၍ အမေရိကန်သည် ယူကရန်းနိုင်ငံကို လုံခြုံရေး အကူအညီအဖြစ် ဒေါ်လာ၂ဒသမ၃ဘီလီယံပေးဖို့ ကတိပြုခဲ့ကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။ ယူကရိန်းနိုင်ငံမြောက်ပိုင်းရှိ ရုရှားမြို့တစ်မြို့မှာ ရေနံသိုလှောင်ရုံတစ်ခုကို ယူကရိန်းရဟတ်ယာဉ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ရရှားနိုင်ငံက ဧပြီ၁ရက်မှာ စွပ်စွဲထားပါတယ်။ ဒါပေမယ့် ယူကရိန်းရဲ့ထိပ်တန်းလုံခြုံရေး တာဝန်ရှိသူတွေက အဲဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း ယူကရိန်းတာဝန်ရှိသူတွေကပြောပါတယ်။ Ref:NHK Photo:AP #voiceofmyanmar #VOM #ဝါရှင်တန်

Read More

ထန်တလန်မြို့က တိုက်ပွဲရှောင်ပြည်သူတွေဟာ နေရပ်ပြန်ချင်ပေမယ့် ပြန်ခွင့်မရသေး

ဧပြီ ၊ ၂-၂၀၂၂ SP (VOM) ချင်းပြည်နယ် ၊ ဟားခါးခရိုင် ၊ ထန်တလန်မြို့က တိုက်ပွဲရှောင် ပြည်သူတွေဟာ နေရပ်ပြန်ဖို့ ဆန္ဒရှိနေကြပေမယ့် နောက်တကြိမ် တိုက်ပွဲပုံဖော်တာတွေ ရှိလာနိုင်တဲ့အတွက်ကြောင့် အခုထိ ပြန်ခွင့်မရသေးဘူးလို့ ထန်တလန်မြို့ခံ တိုက်ပွဲရှောင်ပြည်သူတွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ နှစ် ၂၀၂၁ အောက်တိုဘာလကုန်ပိုင်းကစလို့ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာကိုရှောင်နေရတာ ၆ လရှိပြီ ၊ ဒီမှာက စားဝတ်နေရေးအပြင် ကျန်းမာရေးအတွက်ပါ စိုးရိမ်နေရတော့ ကိုယ့်မြို့ကိုယ့်ရွာ ပြန်နေချင်ကြတဲ့သူများတယ် ၊ အဲ့ဒါကြောင့် တိုက်ပွဲရှောင်တွေရဲ့ ဆန္ဒသဘောထားအရ ထန်တလန် မြို့မိမြို့ဖတွေက ဘာသာရေးခေါင်းဆောင် သင်းအုပ်ဆရာတော်တွေနဲ့ (CDF/CNF-Thantlang )ခေါင်းဆောင်တွေအကြား ညှိနှိုင်းပြောဆိုကြတဲ့အခါ အရင်ကလို တိုက်ပွဲတွေ ဖြစ်ပြီး နေအိမ်မီးလောင်တာတွေ ထပ်ပြီး မဖြစ်နိုင်ဘူးလို့ အာမ မခံနိုင် ၊ စစ်တပ်နဲ့ သူတို့အကြား…

Read More
VOM News

FREE
VIEW