ကောလင်းမြို့ပေါ်မှာ စာမေးပွဲဖြေနေတဲ့ စာသင်ကျောင်းထဲကို လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲ

ဧပြီ ၊ ၂-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ကောလင်းမြို့ ၊ မြောက်အင်းရပ်ကွက်၊ မြောက်အင်းအလယ်တန်းကျောင်းထဲမှာ ဒီကနေ့မနက် ၉ နာရီဝန်းကျင်က စာမေးပွဲဖြေဆိုနေတဲ့အချိန် လက်နက်ကြီးကျည်ဆံတွေ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။

” အလယ်တန်းကျောင်းထဲ ကလေးတွေ စာဖြေနေတဲ့အချိန် ပေါက်ကွဲမှုတခု အရင်စဖြစ်တယ် ၊ အဲ့ဒီနောက် လက်နက်ကြီး ကျည်ဆံတွေ ထပ်မံကျရောက် ပေါက်ကွဲတာပါ ” လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ကောလင်းမြို့နယ် လုံခြုံရေးအဖွဲ့ရုံး တာဝန်ရှိသူတဦးက “ကျောင်းနားကို ရီမုမိုင်း တစ်လုံး အရင်ပေါက်ကွဲတယ် ၊ အဲ့ဒီနောက် ကျောင်းထဲက တန်းစီကွင်းထဲကို ၄၀မမ ဗုံးသီး ၃ လုံး ထပ်မံကျရောက်ပေါက်ကွဲတယ် ၊ ပေါက်ကွဲပစ်ခတ်မှုဖြစ်စဥ်မှာ ကျောင်းသူ/ကျောင်းသား ဆရာ/မိဘ ထိခိုက်ဒဏ်ရာရတာ မရှိဘူး ၊ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေပါတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ မြောက်အင်းအလယ်တန်းကျောင်းထဲကို ဘယ်အဖွဲ့စည်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်ဆိုတာ VOM အနေနဲ့ သီးခြားအတည်ပြုပေးနိုင်တာ မရှိသေးပါဘူး။

အနောက်မြောက်တိုင်း စစ်ဌာနချုပ် နဲ့ နီးစပ်တဲ့ လူမှုကွန်ရက်ပေါ်မှာတော့ စာသင်ကျောင်း မီးရှို့ဖျက်ဆီးမှု (၁၃၀) ကြိမ်ခန့်၊ စာသင်ကျောင်း ဗုံးခွဲတိုက်ခိုက္ခံရမှု (၃၇၀)ကြိမ်ခန့်နဲ့လက်နက်ကြီး/ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု (၁၅)ကြိမ်ရှိတယ်လို့ ဖော်ပြထားပါသေးတယ်။

#VOM #voiceofmyanmar #ကောလင်း #စာမေးပွဲဖြေနေတဲ့စာသင်ကျောင်းထဲ #လက်နက်ကြီးကျရောက်ပေါက်ကွဲ

Related posts

Leave a Comment

VOM News

FREE
VIEW