တနင်္သာရီမြို့နယ်ထဲက ခဲသတ္ထုမိုင်းတွင်း မြေပြိုကျလို့ လုပ်သား ၅ ဦးသေဆုံး

ဧပြီ ၊ ၂ -၂၀၂၂
SP (VOM)

တနင်္သာတိုင်း ၊ တနင်္သာရီမြို့နယ် ၊ သဘောလိပ်ကျေးရွာနားက ခဲသတ္ထုရှာဖွေရေး မိုင်းတွင်းတခုဟာ မနေ့ဧပြီ ၁ ရက် ညနေပိုင်းမှာ မြေပြိုကျမှုတွေဖြစ်ပေါ်ပြီး လုပ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ နယ်ခံလူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

” မနေ့က နေ့ခင်းပိုင်းမှာ အဆက်မပြတ် မိုးရွာတယ် ၊ အဲ့ဒါကြောင့် ခဲသတ္ထုမိုင်းတွင်း မြေစာတွေပြိုကျပြီး အမျိုးသား မိုင်းလုပ်သား ၅ ဦး မြေစာပိပြီး သေဆုံးခဲ့တာ ” လို့ အဲ့ဒီ မြေပြိုကျတဲ့နေရာကို သွားရောက်ကူညီပေးခဲ့တဲ့ နယ်ခံပရဟိတ စေတနာ့ဝန်ထမ်းတယောက်က ပြောပါတယ်။

သေဆုံးသူ မိုင်းလုပ်သား ၅ ဦးဟာ ပဲခူးတိုင်း ၊ ရွှေကျင်မြို့နယ်ဘက်ကနေ အလုပ်လာလုပ်တဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။

သဘောလိပ်ကျေးရွာနားက အဲ့ဒီ ခဲသတ္ထုမိုင်းတွင်းတွေဟာ အလားတူဖြစ်စဥ်မျိုး အရင်က မဖြစ်ဘူးတာကြောင့် အခုလို မိုးရွာသွန်းမှုများတဲ့အချိန်မှာ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးလုပ်ကိုင်တာတွေ နည်းပါးတာကြောင့် အခုလို မိုင်းလုပ်သားတွေ သေဆုံးရတာလို့ တနင်္သာရီမြို့ခံတွေက ပြောပါတယ်။

အဲ့ဒီ ခဲသတ္ထုမိုင်းလုပ်သား သေဆုံးရတဲ့ ဖြစ်စဥ်ကို တနင်္သာရီမြို့မရဲစခန်းက သေမှုသေခင်းဖွင့် စစ်ဆေးနေပြီလို့လည်း သိရပါတယ်။

#VOM #voiceofmyanmar #တနင်္သာရီ #ခဲသတ္တုမိုင်းတွင်းပြို #လုပ်သားငါးဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW