ဖမ်းခံရတယ်လို့ သတင်းထွက်တဲ့ ရန်ကုန်မြို့တော်ဝန် ပြန်လည်တာဝန်ထမ်းဆောင်နေ

ဧပြီ ၂-၂၀၂၂
KK(VOM)

ဖမ်းဆီးခံရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့ ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ပြန်လည်တာဝန်ထမ်းဆောင်နေပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ရန်ကုန်တိုင်း စည်ပင်သာယာရေးဝန်ကြီးတဦးဖြစ်တဲ့ ဦးဗိုလ်ဌေးကို ပြီးခဲ့တဲ့မတ်လ ၂၄ ရက်က ရဲတပ်ဖွဲ့က ခေါ်ယူမေးမြန်းခဲ့တာဖြစ်ပြီး ဖမ်းဆီးတာမဟုတ်ဘူးလို့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။

“ခေါ်စစ်ဆေးတာပဲရှိပါတယ် ဖမ်းတာမဟုတ်ဘူး၊ အခုတာဝန်ပြန်လည် ထမ်းဆောင်နေပါပြီ”လို့ သူကရှင်းပြပါတယ်။

မြို့တော်ဝန်ဦးဗိုလ်ဌေးကို မတ်လ ၃၁ ရက်က စစ်ဆေးမေးမြန်းပြီးနောက် ပြန်လည်လွတ်ပေးခဲ့တာဖြစ်တယ်လို့ စည်ပင်အသိုင်းအဝိုင်းကနေ သိရပါတယ်။

လက်တလောမှာ ​မြို့တော်ဝန်ဦးဗိုလ်ဌေးအနေနဲ့ မြို့တော်စည်ပင်သာယာရေးလုပ်ငန်းကို ပုံမှန်လုပ်ဆောင်နေပြီလို့ စည်ပင်ဝန်ထမ်းတဦးက ​ပြောပါတယ်။

မြို့တော်ဝန် ဦးဗိုလ်ဌေးနဲ့အတူ စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦးတို့ကို စစ်ဆေးဖို့အတွက် ခေါ်ယူမေးမြန်းတာဖြစ်ပြီး ဖမ်းဆီးတာမဟုတ်ဘူးလို့ နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ နစကရဲ့သတင်းစာရှင်းလင်း
ပွဲမှာ ပြန်ကြားရေးဒုဝန်ကြီးက ဖြေကြားထားတာလည်း ရှိပါတယ်။

လက်တလောမှာ စီးပွားရေးရာဝန်ကြီးဦးအောင်သန်းဦးကိုတော့ ဆက်လက်စစ်ဆေးမေးမြန်းနေဆဲဖြစ်တယ်လို့ အစိုးရနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #မြို့တော်ဝန် #ပြန်လည်တာဝန်ထမ်းဆောင်

Related posts

Leave a Comment

VOM News

FREE
VIEW