မြန်မာ-တရုတ်ကုန်သွယ်ရာ ဗန်းမော် – လွယ်ဂျယ်လမ်း ပျက်စီးသွားလို့ သွားလာဖို့ခက်ခဲနေ

ဇူလိုင်၂၊ ၂၀၂၂
Shy V (VOM)

ကချင်ပြည်နယ်ရှိ မြန်မာ နဲ့ တရုတ် ကုန်သွယ်ရာ ဗန်းမော် – လွယ်ဂျယ်လမ်းပိုင်းဟာ မိုးသည်းထန်စွာရွာသွန်းမှုကြောင်း လမ်းပိုက်းပျက်စီးသွားလို့ သွားလာဖို့ခက်ခဲနေတယ်လို့ ခရီးသွားပြည်သူတွေနဲ့ ကုန်သည်၊ယာဉ်မောင်းတွေဆီက သိရပါတယ်။

“မြစ်ကြီးနားခရီးသည်တွေ ဆိုရင်လည်း ဟိုဘက်ကနေ ပြီးတော့ တဝက်။ ဒီဘက်ကနေပြီးတော့ မြစ်ကြီးနားက လာတဲ့ကားနဲ့ ပြန်ချိန်းပေးရတာ၊ ပစ္စည်းထုပ်တွေကိုတော့ တနိုင်တပိုင်သာ ယူဆောင်သင့်ပြီး ဆိုင်ကယ်ကိုတော့ တွန်းနိုင်ရင် ယူလို့ ရသလို ကယ်ရီနဲ့ ကယ်ရီခပေးပြီးလည်း ယူလို့ရတယ်” လို့ ခရီးသွား ပြည်သူတဦးက ပြေပါတယ်။

မိုင်အားဖြင့် လွယ်ဂျယ်-ဗန်းမော်လမ်းကြောင်းဟာ ၅၆ မိုင်၊ ၄ ဖာလုံ သာ ရှိပေမယ့် လက်ရှိအခြေအနေမှာ ပြည်သူတွေ သွားလာရတာ အရမ်းခက်ခဲနေကြောင်း ယာဉ်မောင်း ၁ ဦး က ပြောပါတယ်။

“ကား အပျက်အစီးတွေ များပြီးတော့ တန်ဆာခလည်း ဘာမှ မရဘူး။” လို့ သူက ရှင်းပြပါတယ်။

ယာဉ်ပိုင်ရှင် တဦးကလည်း “လမ်းတွေ ပျက်၊ တံတားတွေပြိုတယ်။ လောလောဆယ် သွားလာလို့ မရဘူး။ ခရီးသည် ကားတွေကအစ သွားလို့မရဘူး။” လို့ ပြောပါတယ်။

အဲဒီ လွယ်ဂျယ် – မိုးမောက် – ဗန်းမော်လမ်းက ပျက်စီးသွားတဲ့ လမ်းပိုင်းကို ပြန်လည်ပြင်ဆင်နိုင်ရေး လမ်းဦးစီးဌာနနဲ့ ဟုန်ရှင်းကျန်းဘလမ်းဆောက်လုပ်ရေးကုမ္ပဏီတို့က စီစဥ်‌နေကြောင်း၊ ၂ ပတ်ခန့် ကြာမယ်လို့ ခန့်မှန်း သိရှိရပြီး တံတားပြွန်တွေကို ယာဥ်မောင်းတွေ ပရဟိတအသင်းတွေက ပို့ဆောင်ကူညီနေပြီ ဖြစ်တယ်ခို့ လူမှုကွန်ရက်မှတဆင့် အသိပေးကြေညာထားတာကိုလည်း တွေ့ရပါတယ်။

အဲဒီ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရာ လမ်းကနေ တရုတ်နိုင်ငံဘက်ကို အများဆုံးတင်ပို့တဲ့ ကုန်တွေကတော့ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ တစ်ရှူးငှက်ပျော၊ ဖရဲသီး၊ ရော်ဘာ တွေဖြစ်ပြီး အများဆုံးတင်သွင်းတဲ့ ကုန်တွေကတော့ မြေဆီ၊ ဘိလပ်မြေ၊ ချည်ထည်၊ လယ်ယာသုံး ပစ္စည်း၊ မော်တော် ဆိုင်ကယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

Photo-ယာဉ်မောင်းနဲ့ ခရီးသွားပြည်သူများ
#voiceofmyanmar #VOM #ဗန်းမော်လွယ်ဂျယ်လမ်း #ပျက်စီးနေ #သွားလာဖို့ခက်ခဲ

Related posts

Leave a Comment

VOM News

FREE
VIEW