ဂျာမနီမှာ ဆေးခြောက်တရား၀င်အသုံးပြုခွင့်ပေးဖို့ ညွှန့်ပေါင်းအစိုးရ သဘောတူ

ဘာလင်၊ အောက်တိုဘာ-၂၇-၂၀၂၂
မျိုးဆက်(VOM)

ဂျာမနီညွှန့်ပေါင်းအစိုးရဟာ အရွယ်ရောက်ပြီးသူတိုင်းအတွက် ဆေးခြောက် အပန်းဖြေအဖြစ်သုံးစွဲမှုကို တရား၀င်ခွင့်ပြုဖို့ အစီအစဉ်ကို အောက်တိုဘာ ၂၆ ရက်မှာ သဘောတူလိုက်ပါတယ်။

အဲဒီအစီအစဉ်အရ တကိုယ်ရေအသုံးပြုဖို့အတွက် ဆေးခြောက် ၃၀ ဂရမ်လက်၀ယ်ထားရှိမှုကို ခွင့်ပြုသွားမှာဖြစ်ပြီး ခွင့်ပြုချက်ရ အရောင်းဆိုင်တွေနဲ့ဆေးဆိုင်တွေမှာ ရောင်းချပေးသွားမှာဖြစ်ပါတယ်။

ဒီလိုခွင့်ပြုဖို့စီစဉ်မှုကို ပါလီမန်မှာအတည်မပြုရသေးပေမယ့် ဥရောပကော်မရှင်ကလည်း ခွင့်ပြုပေးထားပါတယ်။

ဂျာမနီမှာ အဲဒီအစီအစဉ်ဟာ ၂၀၂၄ ခုနှစ်မှာ ဥပဒေတရပ်ဖြစ်လာနိုင်ကြောင်း ဂျာမနီကျန်းမာရေး၀န်ကြီးကပြောပါတယ်။

အီးယူမှာ မော်လ်တာနိုင်ငံတခုတည်းသာ ဆေးခြောက်ကို အပန်းဖြေအသုံးပြုဖို့ ခွင့်ပြုထားပါတယ်ဂျာမနီရဲ့ လက်ရှိအစီအစဉ်အရ အရွယ်ရောက်ပြီးသူတဦးကို ဆေးခြောက်ပင်သုံးပင် အိမ်မှာ စိုက်ပျိုးခွင့်ပြုသွားမှာဖြစ်ပါတယ်။

အီးယူအဖွဲ့၀င်နိုင်ငံဖြစ်တဲ့ နယ်သာလန်ကတော့ ဂျာမနီလိုမျိုး လုပ်ဆောင်ခြင်းမရှိသေးပေမယ့် ကော်ဖီဆိုင်တွေမှာ ဆေးခြောက် သီးခြားအသုံးပြုခြင်းကို ဥပဒေအရ ခွင့်ပြုပေးထားပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဘာလင်

Related posts

VOM News

FREE
VIEW