ချင်းပြည်နယ်မှာ ဘိုးဘွာပိုင်မြေသာရှိ ပိုစတာကမ်ပိန်း ပြုလုပ်

ဟားခါး ဖေဖော်ဝါရီ ၁၅-၂၀၁၉

မိုင်ချယ်ရီ (VOM)

 

ချင်းပြည်နယ်မှာ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းမရှိ ဘိုးဘွားပိုင်မြေသာရှိဆိုတဲ့ စာသားပါ ပိုစတာတွေ ကို ပြည်နယ်အတွင်းမှာရှိတဲ့ မြို့အားလုံးမှာ ပိုစတာကပ်တဲ့ အစီအစဉ်​ကို ချင်းမြေယာဆိုင်ရာကွန်ယက် ကနေ ဦးဆောင်ပြီး ဒီကနေ့ စတင် ဆောင်ရွက်နေတာဖြစ်ပါတယ်။

 

ဒီလှုပ်ရှာမှုကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ချင်းအမျိုးသားနေ့အထိ တစ်ပြည်လုံးအပြီး ကပ်ထားနိုင်ရေး လှုပ်ရှားနေတာဖြစ်ပြီး ဒီကနေ့မှာတော့ ဟားခါးမြို့ နဲ့ တွန်းဇန်မြို့နယ်မှာရှိတဲ့ လူစည်ကားရာနေရာတွေမှာ လိုက်လံ ကပ်ထားနေတာ ဖြစ်ပါတယ်။

ချင်းမြေယာဆိုင်ရာကွန်ယက်ရဲ့ ညှိနှိုင်းစီမံရေးမှူး ကိုမန်ဇခုပ်က

“အစိုးရ အနေနဲ့ ပြဌာန်းထားတဲ့ မြေလွတ်မြေရိုင်း ဥပဒေကို ချက်ခြင်း ဖျက်သိမ်းပေးဖို့။ ပြီးတော့ ချင်းပြည်နယ်မှာ မြေလွတ်မြေလပ် မရှိကြောင်း ဆိုတာကို အစိုးရက အသိအမှတ် ပြုပြီးတော့မှ ဓလေ့ထုံးတမ်းအရ မြေယာစီမံခန့်ခွဲပိုင်ခွင့်ကို အသိအမှတ် ပြုပေးဖို့ ” လို့ ပြောပါတယ်။

၂၀၁၂ ခုနှစ်က ပဌာန်းခဲ့တဲ့ မြေလွတ်၊ မြေလပ် နဲ့ မြေရိုင်းစီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေကို ၂၀၁၈ ခုနှစ် စက်တင်ဘာလက အစိုးရ အဖွဲ့ကနေ ထုတ်ပြန်ခဲ့ပြီးတဲ့နောက် အခုလို လှုပ်ရှားမှုတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

Photo.Chin Land Affair Network

Related posts

VOM News

FREE
VIEW