ပြည်သူ့အသံ ကဏ္ဍ

ပျဥ်းမနားမြို့နယ်မှာ စစ်မှုထမ်းကိစ္စနဲ့ အလွဲသုံးစားနေခြင်း
ပျဥ်းမနား မြို့နယ် တောင်သာ အုပ်စု တောင်သာ ရပ်ကွက်မှ အုပ်ချူပ်ရေးမှူး ဦးအောင်လွင်နှင့် ရာအိမ်မှူးများက စစ်မှူထမ်းမဲပေါက်သည့် လူများနေရာတွင် လူစားထိုးဝင်ရောက်ပေးမည်ဆိုပါက တစ်ဦးလျှင် ငွေကျပ်သိန်း(50)ရရှိမည်ဖြစ်ပြီး (10)သိန်းအား အုပ်ချူပ်ရေးမှူး နှင့်အဖွဲ့အား ပွဲစားခ ပေးရမည်ဆိုကာ စည်းရုံးပါတယ်။
တောင်သာရပ်ကွက်မှ လူငယ် (3)ယောက်အား စစ်တပ်ထဲသို့ မရိုးသားသောနည်းများဖြင့် ပို့ဆောင်ခဲ့ပါသည်။
ထို့အပြင် စစ်မှူ့ထမ်းရန် ဒုတိယ အကြိမ်မဲနှိုက်ရာတွင် မဲပေါက်ထားသည့် လူနေရာတွင်လည်း လာဘ်ငွေများယူဆောင်ပြီး လူစားထိုးလဲလှယ်သည့် အလွဲသုံးစား လုပ်မှုများ ရှိနေပါ၍ စစ်မှုထမ်းဥပဒေ အား လက်တလုံးခြားအလွဲသုံးစားလုပ်နေသည့် တောင်သာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများအားသက်ဆိုင်ရာမှ အရေးယူပေးပါရန် VOM မှ တဆင့် တင်ပြအပ်ပါသည်။
တောင်သာရပ်ကွက်သားတဦး
ပျဥ်းမနားမြို့

Related posts

Leave a Comment

VOM News

FREE
VIEW