မန္တလေး ၊ဇွန် ၃၊၂၀၂၆
VOM
မန္တလေးတိုင်းဟာ တိုင်းပြည်စီးပွားရေးအတွက်အဓိကတိုင်းထဲမှာပါတာမို့ မန္တလေးတိုင်းဒေသကြီးအစိုးရအနေနဲ့ ဘာတွေစီမံထားပါသလဲ? ဘာတွေကအရေးတကြီးလုပ်ဖို့လိုနေလဲဆိုတာတွေသိနိုင်ဖို့ မန္တလေးတိုင်းဒေသကြီးအစိုးရရဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်ကို VOM အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။
စိုက်ပျိုးရေးကိုအခြေခံပြီး တိုးတက်အောင်လုပ်မယ့်ကိစ္စတွေ၊ မန္တလေးတိုင်းဒေသကြီးမှာ တည်ငြိမ်အေးချမ်းပြီး ရင်းနှီးမြုပ်နှံမှုတွေတိုးတက်လာအောင် လုပ်မယ့်အစီအစဥ်တွေနဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရရဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်ဖြေဆိုထားတာကို တင်ပြပေးလိုက်ပါတယ်။
