မန္တလေး က.ည.န ရုံးရှေ့ သိပ္ပံလမ်းမ​ပေါ် ယာဥ်​ကြောပိတ်ဆို့မှုနည်းဖို့ ချမ်းမြသာစည်​လေယာဥ်ကွင်း​ဟောင်းမှာ ရုံးခွဲဖွင့်​

မန္တလေး၊ စက်တင်ဘာ- ၁၅- ၂၀၂၆
(VOM)
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်းဘေးမှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က.ည.န)ရှေ့မှာ ရုံးဖွင့်ချိန် သက်တမ်းတိုးဆောင်ရွက်ဖို့ ​စောင့်ဆိုင်းတဲ့ မော်တော်ယာဥ်တွေ​ကြောင့် လမ်းပိတ်ဆို့မှုဖြစ််တာ​​လျော့ပါးဖို့ ချမ်းမြသာစည်​လေယာဥ်ကွင်း​ဟောင်းမှာ ကား​သေး​တွေအတွက်ဝန်​ဆောင်မှုကို ဒီ​နေ့စတင်ဆောင်ရွက်​ပေး​နေပါတယ်။
လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီးရဲ့လမ်းညွှန်ချက်နဲ့ မန္တ​လေးတိုင်း လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်မိုးသက် က လိုအပ်တာ​တွေ အနီး ကပ်​ဆောင်ရွက်​ပေး​နေ​ကြောင်း မန္တ​လေးတိုင်းကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအင်ဂျင်နီယာမှူးကြီး ဦးသန့်ဇင်ဦး က ​ဖြေကြားခဲ့သလို အမရပူရက ယာဥ်ပိုင်ရှင် ဦးယဥ်မင်းထွန်းကို VOM အယ်ဒီတာချုပ် ကို​နေလင်းက ​တွေ့ဆုံ​မေးမြန်းထားပါတယ်။
ဒီလို​​ဆောင်ရွက်ဖို့ အမရပူရမြို့နယ်၊ ကိုယ်စားလှယ်အမှတ် (၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဦးဇော်အောင်ထက် က “မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်းမဘေးမှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က.ည.န)ရုံးမှာ မော်တော်ယာဥ်သက်တမ်းတိုးခြင်းအတွက် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/ မရှိ၊ online မှ သက်တမ်းတိုး ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ၊ နေရာရောင်းစားသူများအား မည်ကဲ့သို့ အရေးယူဆောင်ရွက်မယ်ဆိုတာ သိရှိလိုသည့်ကိစ္စ” ကို တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ အခမ်းအနားအစီအစဥ်မှာ လွှတ်တော်က တဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို မေးမြန်းခဲ့ရာက​နေ ခုလို အ​ကောင်အထည်​ပေါ်လာတာဖြစ်ပါတယ်။
လတ်တ​လောအ​နေအထားအရ​တော့ သိပ္ပံလမ်း ကညနမှာ ကား​တွေနည်း လမ်းပိတ်ဆို့မှု သိသိသာသာ​လျော့သွားတာ ​တွေ့ရပါတယ်။ ချမ်းမြသာစည်​လေဆိပ်​ဟောင်း ယာယီရုံးခွဲမှာ​တော့ ယာယီကွန်တိန်နာ ၆ လုံးနဲ့ ရုံးထိုင်​ဆောင်ရွက်​နေ​ပေမယ့် ဝန်ထမ်း​တွေနဲ့ ယာဥ်ပိုင်ရှင်​တွေ အ​ပေါ့ပါးသွားဖို့ အများသုံးအိမ်သာမရှိ​သေးသလို အမှိုက်စွန့်ပစ်ဖို့ အမှိုက်ပုံးမ​တွေ့ရ​သေးပါဘူး ဒါ့အပြင် ဝန်ထမ်းသက်သာဆိုင်လိုမျိုး စား​သောက်ဆိုင်နဲ့ မိတ္တူဆိုင်​တွေ မရှိ​သေးတာကို​သတိထားမိခဲ့ရပါတယ်။

Related posts

VOM News

FREE
VIEW