ရွှေကြက်ယက် ရေချိုးဆိပ်ကမ်းအနီး ကုန်တင်သင်္ဘောတစ်စီး နစ်မြုပ်

မန္တလေး၊ ဇူလိုင် ၂၈ – ၂၀၁၉

စောပြည့်ချမ်းသာ(VOM)

 

 

မန္တလေးတိုင်း ရွှေကြက်ယက် တိုက်နယ်  အလံတိုင်ကျောင်း ရေချိုးဆိပ်အနီးမှာ ဘိလပ်မြေတင်လာတဲ့ ကုန်တင်သင်္ဘောတစ်စီး ဒီနေ့ နေ့လည်ပိုင်းက နစ်မြုပ်ခဲ့တယ်လို့ သိရပါတယ်။

 

အလျား ၁၆၈ ပေ၊ အနံ ၃၄ ပေရှိတဲ့  CPR 0311-10- 1541 အဲဒီ ကုန်တင်သင်္ဘောဟာ မန္တလေးမြို့ကနေ  မြောင်းမြမြို့ကို ပို့ဆောင်ဖို့အတွက် ဘိလပ်မြေ ၁၂၀၀၀ နဲ့မြေဆီ ၂၈၀၀ တင်ဆောင်လာတာဖြစ်ပြီး ဆိပ်ကမ်းမှာပဲ ခါးပိုင်းကနေ ပျက်ပြီး ငါးမိနစ်ခန့်အတွင်း နစ်မြုပ်သွားခဲ့တယ်လို့ အနီးနားရှိ မြင်တွေ့သူတစ်ဦးက ပြောပါတယ်။

 

အလံတိုင်ဆိပ်သို့ဆိုက်ကပ်နေစဉ် ဒီနေ့မ နက် ၁၁ နာရီ ၄၅ မိနစ်လောက်မှာ ခါးကျိုးပြီး  ဧရာဝတီမြစ်အတွင်း နစ်မြုပ်ခဲ့တာဖြစ်ပြီး ကုန်တင်သင်္ဘောတန်ဖိုးက ကျပ်သိန်း၂၀၀ ခန့်၊ ဆုံးရှုံးမှု ပစ္စည်းတန်ဖိုးအနေနဲ့ကတော့ ကျပ်သိန်း ၇၅၀ ရှိတယ်လို့ အမရပူရမြို့နယ် မီးသတ်တပ်ဖွဲ့က သိရပါတယ်။

 

#voiceofmyanmar #မန္တလေး #ရွှေကြက်ယက် #သင်္ဘောနစ်မြုပ်

Related posts

Leave a Comment

VOM News

FREE
VIEW