ကာလီဖိုးနီးယား၊ နိုဝင်ဘာ-၁၁-၂၀၁၈
မျိုးဆက် (VOM)
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ လောင်ကျွမ်းနေတဲ့ တောမီးဟာ အပန်းဖြေမြို့ဖြစ်တဲ့ မာလီဘူးအထိပါ ကူးစက်လောင်ကြွမ်းနေပြီး မာလီဘူးမြို့ဟာ ဟောလီဝုဒ်အကျော်အမော်တွေ နဲ့ နာမည်ကြီး အနုပညာရှင်တွေ အပန်းဖြေအနားယူဖို့ အိမ်တွေဝယ်ထားရာနေရာတစ်ခုဖြစ်ပါတယ်။
ဒီိလိုတောမီးကျွမ်းမှုကြောင့် မင်းသားအော်လန်ဒိုဘလွန်း၊ လေဒီဂါဂါတို့အပါအ၀င် နာမည်ကျော်ဟောလီးဝုဒ် စတားတွေကကလည်း ၎င်းတို့ရဲ့နေအိမ်တွေ၊ ဒေသခံတွေကို မီးသတ်သမားတွေကို စိုးရိမ်ပူပန်ကြောင်း ၎င်းတို့ရဲ့လူမှုကွန်ရက်တွေမှာ ထုတ်ဖော်ပြောဆိုနေကြပါတယ်။
နေအိမ်တွေမီးလောင်မှာကို စိုးရိမ်နေကြသူတွေထဲမှာတော့ One Direction အဖွဲ့ဝင်ဟောင်း Liam Payne၊ သရုပ်ဆောင် Alyssa Milano ၊ အဆိုတော် Cher နဲ့ John Schreiber ၊ Lady Gaga ၊ Orlandobloom တို့ပါဝင်ကြပါတယ်။
ကယ်လီဖိုးနီးယားတောမီးဟာ နေရာသုံးခုခွဲပြီး အလျင်အမြန်ကူးစက်လောင်းကြွမ်းနေပါတယ်။ လက်ရှိအချိန်အထိ လူပေါင်း ၂၅ ဦးသေဆုံးပြီး လူနှစ်သိန်းလောက်ကို ဘေးလွတ်ရာရွှေ့ပြောင်း ပေးထားရတယ်လို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။
ဒီမီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီး သစ်တောတွေကို စီမံခန့်ခွဲမှုအမှားဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောဆိုပြီး တာဝန်ရှိသူတွေကို ပြစ်တင်ဝေဖန်ထားပါတယ်။
Ref: The National
Photo-Getty Image
#voiceofmyanmar #ကယ်လီဖိုးနီးယားတောမီး #မာလီဘူးကမ်းခြေ