အရာတိုင်းက သားလေးအတွက်ဖြစ်သွားတယ် ဆိုတဲ့ ယွန်းဝတီလွင်မိုး

ရန်ကုန်၊ နိုဝင်ဘာ ၁၈- ၂၀၁၈ သင်းသဒ္ဒါ   ပရိသတ်အများကချစ်စနိုးနဲ့  ခေးလို့ ခေါ်ဝေါ်ကြတဲ့ သရုပ်ဆောင် ယွန်းဝတီလွင်မိုးကို အိမ်ထောင်ပြုပြီးချိန်နဲ့ အပျိုတုန်းက ဘ၀နဲ့ အခုက ဘာတွေကွာခြားသွားလဲလို့ မေးကြည့်တော့   ”အများကြီးပဲ တစ်ခုမှကို မတူတော့ပါဘူး။ အခုကတော့ ဘာမဆို ဒီသားလေးအတွက်ပဲဖြစ်သွားတယ်။ညီမ ဘာလုပ်လုပ်ပေါ့။ ကိုယ်သွားမလဲ၊ ဘာဝတ်မလဲအစ စဉ်းစားတယ်။ Liam တစ်ချိန်ကြီးလာရင် ဒီလိုပုံစံ ကြိုက်မလားပေါ့။ ကိုယ်ကအနုပညာရှင်ဖြစ်တော့ ကိုယ့်ပုံတွေက Online ပေါ်မှာရှိနေမှာဆိုတော့လေ။ ကြီးလာရင်ပြန်တွေ့နိုင်တယ်။ သူကရော ကြိုက်ပါ့မလားဆိုတာ အမြဲစဉ်းစားဖြစ်တယ်။ နောက်ဆို ကျောင်းတက်ရမှာဆိုတော့ ခုထဲက ပြင်ဆင်နေပါတယ်။”   လက်ရှိမှာတော့ သားလေးဖြစ်သူ Liam က အခုအဖွားနဲ့ အတူနေတယ်ဆိုပေမယ့် အပေါ်ထပ်နဲ့ အောက်ထပ်ပါပဲ။ တခါတလေ အဖွားဖြစ်သူနဲ့ အိပ်လိုက် ညီမနဲ့ အိပ်လိုက်ပါပဲ။ Liam လေးက…

Read More

စီအင်န်အင်န်သတင်းထောက်ကို အိမ်ဖြူတော်သတင်းယူခွင့်ပြန်ပေးဖို့ တရားရုံးအမိန့်ထုတ်

ဝါရှင်တန်၊ နိုဝင်ဘာ-၁၉ မျိုးဆက် (VOM)   စီအင်န်အင်န်သတင်းဌာနက ဂျင်အကော့စတာရဲ့ အိမ်ဖြူတော် သတင်းယူခွင့်ကို ချက်ချင်းပြန်ပေးဖို့ အမေရိကန် ဖက်ဒရယ်တရားရုံးက သမ္မတ ဒေါ်နယ်ထရန့်အစိုးရကို နိုဝင်ဘာ ၁၇ ရက်က အမိန့်ထုတ်လိုက်ပြီးနောက် ဂျင်အကော်စတာဟာ အိမ်ဖြူတော်ဝင်ခွင့် ပြန်လည်ရရှိပြီဖြစ်ပါတယ်။   လွန်ခဲ့တဲ့သီတင်းပတ်က အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သမ္မတ ထရန့်နဲ့ ဂျင်အကော်စတာတို့ သတင်းကိစ္စ နဲ့ပတ်သတက်၍ ခွန်းကြီးခွန်းငယ်ဖြစ်ပွားခဲ့ပြီးနောက် ၎င်းရဲ့ သတင်းယူခွင့်ကို အိမ်ဖြူတော်က ချက်ချင်းပိတ်ပင်လိုက်တာဖြစ်ပါတယ်။   ယင်းကိစ္စအပေါ် စီအင်န်အင်န်သတင်းဌာနက သမ္မတထရန့်အပါအ၀င် အိမ်ဖြူတော်တာဝန်ရှိသူ ခြောက်ဦးကို တရားစွဲဆိုခဲ့ပြီး သတင်းယူခွင့်ဆိုင်ရာများ ချိုးဖောက်ခံခဲ့ရတယ်လို့ စွပ်စွဲပြောဆိုခဲ့ကာ ယခုအခါမှာတော့ တရားရင်ဆိုင်နေရစဉ်အတွင်း အိမ်ဖြူတော်မှာ ယာယီသတင်းပြန်ရယူခွင့်ပေးဖို့ တရားရုံးက အမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။   တရားရုံးက အမိန့်ထုတ်ပြန်ပြီးနောက်မှာတော့ အိမ်ဖြူတော်မှာ သတင်းယူနေတဲ့ သတင်းထောက်တွေအတွက် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ထပ်ပြီးရေးဆွဲနေတယ်လို့ သမ္မတဒေါ်နယ်ထရန့်…

Read More

ထိုင်းနိုင်ငံကို သွားမယ်ဆိုပြီး ကျောက်တန်းကိုရောက်လာတဲ့ ဒုက္ခသည် ၁၀၆ ယောက်ကို စစ်တွေပြန်ပို့

နိုဝင်ဘာ-၁၈၊ ၂၀၁၈ လင်းလက်အောင် ထိုင်းနိုင်ငံကို သွားမယ်ဆိုပြီး ကျောက်တန်းမြို့နယ်ကို နိုဝင်ဘာ ၁၆ ရက်နေ့က ရောက်လာတဲ့ လှေစီးဒုက္ခသည် ၁၀၆ ယောက်ကို ဒီနေ့ နိုဝင်ဘာ ၁၈ ရက်နေ့လည် ၁ နာရီလောက်က စစ်တွေမြို့ကိုပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။   သူတို့တွေဟာ ထိုင်းနိုင်ငံကိုသွားဖို့အတွက်တစ်ယောက်ကို ငါးသိန်းနဲ့ဘူးသီး တောင်နဲ့မောင်တောဘက်ကနေ ထွက်လာတာပါ။   စက်လှေပေါ်မှာ အမျိုးသား ၅၀ အမျိုးသမီး ၃၁ ယောက်နဲ့ကလေး ၂၅ ယောက်ပါလာပါတယ်။ အဲ့ဒီလိုသွားနေရင်းစက်လှေဝမ်းဗိုက်ပေါက်ပြီး ဆီလည်းကုန်သွားလို့ ကျောက်တန်းဘက်ကို ရောက်သွားတာဖြစ်ပြီး သူတို့ထွက်လာတာ ၂၅ ရက်ခန့်ရှိပြီလို့ သိရပါတယ်။   ဒီနေ့မှာတော့ သူတို့ ၁၀၆ ယောက်လုံးကို နေရပ်ပြန်ပို့နိုင်ဖို့အတွက် ကျောက်တန်းမြို့ စံချိန်မီရပ်ကွက် လမ်းမတော်လမ်း ရွှေမှော်ဝန်းခန်းမကနေ အမှတ်(၆)ဆိပ်ခံတံတားရှိတဲ့ သာကေတမြို့နယ်(ရှု့ခင်းသာ)ဘက်ကို YBS ၉၅ ကား ၃ စီးနဲ့လိုက်ပို့ခဲ့ပါတယ်။…

Read More

ပြင်သစ်မှာ လောင်စာဆီဈေးတက်လို့ သမ္မတနဲ့ အစိုးရအဖွဲ့ကို နိုင်ငံတစ်ဝန်းဆန္ဒပြနေ

ပါရီ၊ နိုဝင်ဘာ-၁၈၊ ၂၀၁၈ မျိုးဆက် (VOM)   ပြင်သစ်နိုင်ငံမှာ လောင်စာဆီဈေးနှုန်းမြင့်တက်နေတဲ့အပေါ် ပြင်သစ်သမ္မတ အီမန်နျူရယ်မာခရိုနဲ့ အစိုးရအဖွဲ့ကို လူသိန်းသုံးနီးပါးက နိုင်ငံတစ်ဝန်း ဆန္ဒပြနေကြရာ နိုဝင်ဘာ ၇ ရက်က လူတစ်ဦးသေဆုံးပြီး ၂၀၀ ကျော်ထိခိုက်ဒါဏ်ရာရရှိခဲ့ပါတယ်။ နိုဝင်ဘာ ၁၇ ရက်အစောပိုင်းမှာတော့ သိန်းနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ပြင်သစ်သမ္မတ မာခရိုရဲ့ မူဝါဒတွေနဲ့ လောင်စာဆီဈေးနှုန်း တိုးမြင့်လိုက်တဲ့ အစိုးရဆုံးဖြတ်ချက်တွေကို မကြေနပ်ကြောင်း ဆန္ဒထုတ်ဖော်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။   အဲဒီနေ့ နှောင်းပိုင်းမှာတော့ ဆန္ဒပြသူ ၁၂၀၀ ကျော်ဟာ သမ္မတအိမ်တော်ကိုသွားရာလမ်းမှာချထားတဲ့ အတားအဆီးတွေကိုဖြတ်ကျော်ပြီး သမ္မတ မာခရိုနှုတ်ထွက်ပေးဖို့တောင်းဆိုခဲ့ကြပြီး ဆန္ဒပြသူတွေကို ဖြိုခွဲဖို့အတွက် ရဲတပ်ဖွဲ့ကမျက်ရည်ယိုဗုံး တွေကိုအသုံးပြုခဲ့ကြပါတယ်။   အခြေခံလူတန်းစားတွေအတွက် စဉ်းစားပေးတာမရှိဘူးလို့ ဆန္ဒပြသူတွေက သမ္မတမာခရိုကို စွပ်စွဲပြစ်တင်နေကြပါတယ်။ အစိုးရအဖွဲ့ခေါင်းဆောင်တွေနဲ့ ပြင်သစ်ပြည်သူလူထု ပြန်လည်သင့်မြတ်အောင် အမှန်တကယ် ထိန်းချုပ်ဆောင်ရွက်နိုင်ခြင်းမရှိဘူးလို့ သမ္မတမာခရိုက…

Read More

ခြောက်လအတွင်း အကောင့်တု ၁ ဒသမ ၅ ဘီလီယံ ပိတ်လိုက်တဲ့ ဖေ့စ်ဘွတ်ခ်

နယူးယောက်၊ နိုဝင်ဘာ-၁၈၊ ၂၀၁၈ မျိုးဆက် (VOM) ဧပြီလကနေ စက်တင်ဘာလအထိ ခြောက်လတာကာလအတွင်း ဖေ့စ်ဘွတ်ခ် အကောင့်တု ၁ ဒသမ ၅ ဘီလီယံကို စီစစ်မှုတွေလုပ်ပြီး ဖျက်ချနိုင်ခဲ့တယ်လို့ ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်လိုက်ပါတယ်။ ဖေ့စ်ဘွတ်ခ်ရဲ့ Community Standards အစီရင်ခံစာမှာဒီလိုထုတ်ပြန်လိုက်တာဖြစ်ပြီး ၀တ်လစ်စလစ်ပုံတွေ၊ အမုန်းစကား၊ အကြမ်းဖက်စေရန် ၀ါဒဖြန့်ခြင်း၊ ကြည့်ရှုဖို့မသင့်တဲ့ သွေးထွက်သံယိုကိစ္စတွေဖြန့်ဝေတဲ့ အကောင့်တွေနဲ့ အကောင့်တုတွေကို ဖျက်ချခဲ့တာလို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ကြည့်ရှုဖို့ မသင့်တဲ့ သွေးထွက်သံယို ပို့စ်တွေကိုတော့ တိုင်ကြားခြင်းမပြုမီကတည်းက ၉၅ ဒသမ ၉ ရာခိုင်နှုန်းကို စောင့်ကြည့်ကိုင်တွယ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် သတင်းတုတိုက်ဖျက်ရေး အဖွဲ့တစ်ဖွဲ့ကိုလည်း ဖေ့စ်ဘွတ်ခ်က သီးသန့်ထားပြီး ရွေးကောက်ပွဲကာလတွေမှာ အထူးစောင့်ကြည့် ထိန်းချုပ်သွားမယ်လို့ဆိုပါတယ်။ ၂၀၁၆ ခုနှစ်အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရုရှားနိုင်ငံက အကောင့်တုတွေနဲ့ ရွေးကောက်ပွဲကို ၀င်ရောက်စွက်ဖက်ခဲ့ပြီးနောက်ပိုင်းမှာ အကောင့်တုတွေ၊ ၀ါဒဖြန့်တာတွေနဲ့…

Read More

ဆမ်ဆောင်းရဲ့ ကွေးညွတ်စမတ်ဖုန်း ဒေါ်လာ ၁၇၀၀ ကျော်နဲ့ မတ်လမှာရောင်းချမည်

  ဆိုးလ်၊ နိုဝင်ဘာ-၁၈ မျိုးဆက် (VOM)   တောင်ကိုရီးယားအခြေစိုက် နည်းပညာ ကုမ္ပဏီ ဆမ်ဆောင်းကနေ မကြာသေးမီက ထုတ်ဖော် ကြေညာလိုက်တဲ့ ကွေးညွတ်စမတ်ဖုန်းကို ဒေါ်လာ ၁၇၇၀ နဲ့ လာမည့်နှစ် မတ်လအတွင်းမှာ ရောင်းချသွားဖို့ရှိနေပါတယ်။ အဆိုပါဖုန်းဟာ ကွေးညွတ်ပြီးခေါက်ထားတဲ့အချိန်မှာ မျက်နှာပြင်အရွယ်အစား ၄ ဒသမ ၆ လက်မရွယ်ရှိပြီး ဖြန့်လိုက်တဲ့အချိန်မှာတော့ ၇ ဒသမ ၃ လက်မအရွယ်အစားရှိကာ ဒီစမတ်ဖုန်းရဲ့ အသေးစိတ်အချက် အလက်တွေကိုတော့ ဖေဖော်ဝါရီလမှာ ကျင်းပမယ့် MWC ပွဲမှာ ကြေညာဖွယ်ရှိပါတယ်။ ဒီလို ကွေးညွတ်စမတ်ဖုန်းထုတ်လုပ်ဖို့ အတွက် လွန်ခဲ့သည့် ငါးနှစ်ကတည်းက နည်းပညာဆိုင်ရာများကို ဆမ်ဆောင်း စမ်းသပ်လုပ်ဆောင်နေခဲ့တာဖြစ်ပြီး ကမ္ဘာ့ ပထမဆုံးကွေးညွတ်စမတ်ဖုန်းအဖြစ် ထုတ်ဖော်ပြသနိုင်ဖို့ တရုတ်အခြေစိုက် ဟွာဟွေးကုမ္ပဏီနဲ့ အပြိုင်အဆိုင်လုပ်ဆောင်ခဲ့ပါတယ်။ ဒီစမတ်ဖုန်းတွေကိုတော့ Galaxy F လို့အမည်ပေးလာနိုင်ပြီး  အလုံးရေ…

Read More

အင်းစိန်မြို့နယ်မှာ စိတ်ကြွဆေးပြား ၁.၅ သန်းကျော်ဖမ်းမိ

  ရန်ကုန်၊ နိုဝင်ဘာ-၁၈ -၂၀၁၈ လင်းလက်အောင် (VOM) ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် မြို့သစ်(ဂ)ရပ်ကွက် မ-၂၀(က)က ဂိုထောင်ထဲရပ်ထားတဲ့ ကားပေါ်ကနေ စိတ်ကြွဆေးပြား ၁၅ သိန်းပြားကျော်ကို နိုဝင်ဘာ ၁၇ ရက်ညနေ ၆ နာရီ ၁၅ မိနစ်က ဖမ်းဆီးရမိခဲ့ပါတယ်။ နိုဝင်ဘာ ၁၇ ရက် ၆ နာရီ ၁၅ မိနစ်လောက်မှာ မူးယစ်တပ်ဖွဲ့စု(၄၀)ကတပ်ဖွဲ့ဝင်တွေရယ် ဥသျှစ်ပင်နယ်မြေရဲစခန်းကတပ်ဖွဲ့ဝင်တွေရယ်ပေါင်းပြီး မူးယစ်ဆေးဝါးသတင်းအရသက်သေတွေနဲ့အတူ အင်းစိန်မြို့နယ် မြို့သစ်(ဂ)ရပ်ကွက် မ-၂၀(က)မှာရှိတဲ့ ဂိုထောင်ထဲကို ဝင်ပြီးရှာဖွေခဲ့ကြပါတယ်။ ဒီလိုရှာဖွေရာမှာ ဂိုထောင်ထဲမှာရပ်ထားတဲ့ ကားနံပါတ်-7I/—- TOYOTA VIGO ကားရဲ့နောက်ခန်းကြမ်းခင်း အံဝှက်ထဲက ကာလပေါက်ဈေးငွေကျပ် သိန်း၃၈၇၄၀ တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား-၁၅၄၉၆၀၀ ပြား ကိုတွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။ စိတ်ကြွဆေးတွေနဲ့အတူ ဒေါ်နန်းမိုဟွမ်နှင့်စိုင်းသိန်းနိုင်တို့နှစ်ယောက်ကိုလည်း တွေ့ခဲ့ရတာကြောင့် အင်းစိန်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်နေပါတယ်။ လက်ရှိ အင်းစိန်မှာဖမ်းမိတဲ့စိတ်ကြွဆေးပြားတွေဟာ…

Read More

အချစ်ကြီးပေမယ့် လက်လွှတ်လိုက်ပြီဆိုရင် ဘယ်တော့မှ ပြန်မကြည့်ဘူးဆိုတဲ့ ရွှေအိမ်စည်

ရန်ကုန် နိုဝင်ဘာ ၁၇ – ၂၀၁၈ သင်းသဒ္ဒါ(VOM) အလှမယ် လောကမှတဆင့် သရုပ်ဆောင်လောကထဲကိုပါ ရောက်ရှိလာတဲ့ သရုပ်ဆောင် ရွှေအိမ် စည်ကတော့ “ အိမ်စည်က အချစ်ကြီးတဲ့ သူတစ်ယောက်ဆိုပေမဲ့ ကိုယ်အပေါ်တစ်ခုခု အမှားလုပ်မိလို့ပဲ ဖြစ်ဖြစ် ကိုယ့်အပေါ်မှာ မကောင်းဘူးဆိုရင် လုံးဝမလှည်ကြည့်တော့ဘူး။ ကိုယ့်ဆီ ဘယ်လောက်ဘဲ တောင်းပန်ပန် လုံးဝ သူစိမ်းတစ်ယောက်လို ဖြစ်သွားရော။ အချစ်ကြီးတယ်ဆိုတာကလည်း အတိုင်းအတာ တစ်ခုထိ ပါ ဘဲ”လို့ ဆိုလာပါတယ်။   သူမကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးထားတဲ့ အပြင် နိုဝင်ဘာ ၁၉ ရက်မှာ ရန်ကုန်မြို့ ကတော့ ထွက်ခွာပြီးတော့ ပိုလန်နိုင်ငံမှာ ကျင်းပမယ့် Miss Supranational International 2018 ပြိုင်ပွဲ ကြီးမှာ ၀င်ရောက် ယှဉ်ပြိုင်သွားမှာလည်း ဖြစ်ပါတယ်။ “အိမ်စည်က ဘယ်လိုမိန်းကလေးမျိုးလဲဆိုရင် မိန်းကလေးမဆန်တတ်တဲ့…

Read More

တနှစ်ကြာပျောက်ဆုံးနေတဲ့ အာဂျင်တီးနားရေငုပ်သင်္ဘော ပြန်တွေ့ပြီ

ဗျူနိုအေရီစ်၊ နိုဝင်ဘာ-၁၇ မျိုးဆက် (VOM) သင်္ဘောအမှုထမ်း ၄၄ ဦးနဲ့အတူ လွန်ခဲ့တဲ့ တစ်နှစ်က ပျောက်ဆုံးသွားတဲ့ ရေငုပ်သင်္ဘောကို အာဂျင်တီးနားရေတပ်က ပြန်လည်တွေ့ရှိသွားပြီဖြစ်ပါတယ်။ ARA San Juan လို့အမည်ရတဲ့ အဆိုပါသင်္ဘောကို နိုဝင်ဘာ ၁၆ ရက်က အတ္တလန္တိတ်သမုဒ္ဒရာ ကြမ်းပြင်အောက် ပေပေါင်း ၂၆၂၀ အနက်မှာရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ရေငုပ်သင်္ဘောဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှာ အာဂျင်တီးနား ကမ်းရိုးတန်းကနေ မိုင် ၂၇၀ အကွာမှာ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ ရေငုပ်သင်္ဘောပျောက်ဆုံးသွားတဲ့ နေရာအတိအကျကို စုံစမ်းစစ်ဆေးရှာဖွေနိုင်ခြင်းမရှိတော့လို့ ပျောက်ဆုံးပြီး နှစ်ပတ်အကြာမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ပါတယ်။ ပျောက်ဆုံးနေတဲ့ ရေငုပ်သင်္ဘောကို အမေရိကန် ရှာဖွေရေးကုမ္ပဏီတစ်ခုကနေ တည်နေရာကိုရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ရီမုနဲ့ထိန်းချုပ်တဲ့ ရေငုပ်သင်္ဘောအသေးစား သွားရောက်စေပြီး တစ်နှစ်ကျော်ပျောက်ဆုံးနေတဲ့ ARA San Juan ဆိုတာအတည်ပြုနိုင်ခဲ့ပါတယ်။ အဆိုပါ…

Read More

ရိုဟင်ဂျာ( မူရင်းသတင်းအသုံး) တွေကို နိုင်ငံသားပေးဖို့အချက်ပါတဲ့ ဆုံးဖြတ်ချက်မှုကြမ်း ကုလလူ့အခွင့်ရေးကော်မတီမှာ အတည်ပြုလိုက်ပြီ

  ဂျီနီဗာ၊ နိုဝင်ဘာ-၁၇-၂၀၁၈ မျိုးဆက် (VOM) ရိုဟင်ဂျာ( မြန်မာအစိုးရက ဒီအသုံးကိုလက်ခံမထားပါ) အရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ဖိအားပေးဖို့အတွက် တင်သွင်းထားတဲ့ ဆုံးဖြတ်ချက် မူကြမ်းတရပ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီမှာ နိုဝင်ဘာ ၁၆ ရက်က အတည်ပြုလိုက်ပါတယ်။ ဒီမူကြမ်းကိုတော့ ကနေဒါနိုင်ငံအပါအ၀င် ဥရောပနိုင်ငံ ၂၅ နိုင်ငံနဲ့ OIC ( Organisation of Islamic Cooperation ) အဖွဲ့ဝင် ၅၇ နိုင်ငံတို့က ကမကထပြုရေးဆွဲထားပြီး နိုဝင်ဘာ ၇ ရက်မှာ တရားဝင်ဖြန့်ဝေခဲ့တာဖြစ်ကာ အဲဒီလူမျိုးတွေအရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချထားပါတယ်။ အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ (မြန်မာအခေါ် ဘင်္ဂါလီ) အပေါ် ခွဲခြားဆက်ဆံမှုတွေ၊ နှိပ်ကွပ်မှုတွေ အပေါ်အပြစ်တင်ထားပြီး သူတို့ကို နိုင်ငံသားဖြစ်ခွင့်ရရေးနဲ့ လွတ်လပ်တဲ့ အဖွဲ့တစ်ဖွဲ့ ကစုံစမ်းစစ်ဆေးတာတွေလုပ်ဖို့…

Read More
VOM News

FREE
VIEW