ကာတွန်း ကိုခေတ်
Read MoreDay: January 27, 2019
သားအဖနှစ်ဦး ဧရာဝတီမြစ်အတွင်းခုန်ချမှုဖြစ်ပွား
စစ်ကိုင်း ဇန်နဝါရီ ၂၇-၂၀၁၉ စောပြည့်ချမ်းသာ(VOM) ဒီနေ့ ဇန်နဝါရီ ၂၇ရက် နံနက်ပိုင်းအချိန်က စစ်ကိုင်းမြို့ စစ်ကိုင်းတံတား(အင်းဝ)ပေါ် ကုန်းနံပါတ်(၄ ) မန္တလေးဘက်ခြမ်းကနေ သားအဖနှစ်ဦး ဧရာဝတီမြစ်အတွင်း ခုန်ချမှု ဖြစ်ပွားခဲ့တယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)ကနေသိရပါတယ်။ ခုန်ချခဲ့တဲ့သူ ၂ယောက်ဟာ မန္တလေးချမ်းမြသာစည်မြို့နယ် ကန်တော်ကြီးပတ်လမ်း ဝါဆိုကျောင်းတိုက်နားမှာနေတဲ့ ဦးစိုးမင်းသိန်း အသက် (၄၀) နဲ့ သမီးဖြစ်သူ မဖြူစင်သွယ်တို့ဖြစ်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ အတွင်းရေးမှူးကပြောပါတယ်။ စစ်ကိုင်းတံတား(အင်းဝ)ပေါ်မှ ခုန်ချခဲ့တဲ့ သားဖနှစ်ဦးအားပြန်လည်တွေ့ရှိဖို့အတွက် သိသိချင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)SERT ဧရာဝတီမြစ်အတွင်း စပိတ်ဘုတ်နှစ်စင်း ရေငုတ်သမားများနဲ့ ရေပြင်ရှာဖွေရေးလုပ်ငန်းတွေ ခုညနေ၅နာရီထိ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ #VOICEOFMYANMAR#စစ်ကိုင်း#စစ်ကိုင်းတံတားပေါ်ကခုန်ချ
Read Moreစစ်ကိုင်းတံတားပေါ်ကနေ သားအဖ ၂ဦးခုန်ချ
အသက် ၄၀ အရွယ်အမျိုးသား တဦးနဲ့ အသက် ၄နှစ်အရွယ် သမီးငယ်တို့ သားအဖ ၂ဦးဟာ စစ်ကိုင်းတံတားပေါ်က ခုန်ချသွားတာကြောင့် သက်ဆိုင်ရာနဲ့ လူမှုရေးအသင်းတွေ ရှာဖွေကယ်ဆယ်ရေးလုပ်နေတယ်လို့သိရပါတယ်။
Read Moreငွေကြေးအကျိုးအမြတ် လုံးဝမရှိဘဲ အခွေထုတ်လိုက်တဲ့ ဂီတမှူး ဓီရာမိုရ်
ရန်ကုန် ဇန်နဝါရီ ၂၇-၂၀၁၉ သင်းသဒ္ဒါ (VOM) ဇော်ဂျီ ရဲ့ သံစဉ်ခွေ Zaw-G’s Tunes သီချင်းခွေကို ထုတ်ပေးလိုက်တဲ့ ဂီတမှူး ဓီရာမိုရ် ကတော့ သီချင်းခွေထုတ်တာ ငွေရေးကြေးရေးအကျိုးအမြတ်ကတော့ လုံးဝရှိမှာမဟုတ်ပါဘူးလို့ဆိုပါတယ်။ ”ကျွန်တော်တို့ ဘယ်အသိုင်းအဝိုင်းမဆို လူငယ်တွေကို တံခါးဖွင့်ပေးဖို့လိုတယ်။ မျိုးဆက်သစ် လူငယ်တွေကို ဆွဲခေါ်လာဖို့လိုတယ်။ လမ်းတွေပြဖို့ လိုတယ်၊ လမ်းတွေလည်း ဖောက်ခိုင်းဖို့လိုတယ်။ ဘယ်လိုနေရာမဆို လိုအပ်ပါတယ်။ ဂီတလောကဆိုလည်း ပခုံးပြောင်း တာဝန်ထမ်းဆောင်မယ့် စွမ်းအင်မြှင့်တင်တဲ့ လူတွေလိုအပ်ပါတယ်။ ဒါကြောင့် မျိုးဆက်သစ်တွေကို မြေတောင်မြှောက်တဲ့အနေနဲ့ ကိုယ်တိုင်ထုတ်လုပ်ပေးတယ်။ စွမ်းဆောင်ရည်ရှိတဲ့ ကလေးတွေများလာဖို့အတွက် အရှုံးအမြတ်မတွက်ပဲ လက်ကမ်းကြိုဆိုတာပါ။ ဒီခွေထုတ်တာ ငွေရေးကြေးရေးအကျိုးအမြတ်ကတော့ လုံးဝရှိမှာမဟုတ်ပါဘူး။ ကိုယ့်လောက အတွက်ကောင်းလာမှာပါ”လို့ဆိုပါတယ်။ ၂၀၁၈ ခုနှစ် မတ်လ ၁၀ ရက်နေ့ကတော့ အကယ်ဒမီ ဓီရာမိုရ်ရဲ့ နာမည်ကျော် အော်ဂက်စတာတီးဝိုင်းနဲ့ Academy Tribute…
Read Moreဘရာဇီးဆည်ကျိုးပေါက်မှု တာဝန်ရှိကုမ္ပဏီကို ဒေါ်လာ ၆၆ သန်းကျော် ဒါဏ်ရိုက်
ဘရာဆီးလီးယား၊ ဇန်န၀ါရီ-၂၇-၂၀၁၉ မျိုးဆက် (VOM) ဘရာဇီးနိုင်ငံမှာ သတ္တုတွင်းလုပ်ငန်းမှာ အသုံးပြုတဲ့ ဆည်ကျိုးပေါက်မှုဖြစ်ပွားခဲ့ရာ သတ္တုတွင်းကိုပိုင်ဆိုင်တဲ့ ကုမ္ပဏီကို ဒါဏ်ငွေအဖြစ် ဒေါ်လာ ၆၆ သန်းကျော် ပေးဆောင်ဖို့ တာဝန်ရှိသူတွေက အမိန့်ပေး လိုက်ပြီး ဘရာဇီးနိုင်ငံသမိုင်းမှာတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြီးမားဆုံးအပြစ်ပေးမှုတစ်ခုဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံတောင်ပိုင်း မီနာဂျရိုက်စ်ဒေသတွင် ဇန်န၀ါရီ ၂၅ ရက်ကဖြစ်ပွားခဲ့သော ဆည်ကျိုးပေါက်မှုမှာ လူ ၃၄ ဦးသေဆုံးခဲ့ရပြီး လူ၃၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ချိုးဖောက်မှုများအတွက် သတ္တုတွင်းကို ပိုင်ဆိုင်တဲ့ ဗာလီအက်စ်အေ ကုမ္ပဏီကို ဒေါ်လာ ၆၆ ဒသမ ၃၂ ပေးဆောင်ဖို့ ဘရာဇီး သဘာဝပတ်ဝန်းကျင်အေဂျင်စီက ဒါဏ်ရိုက်လိုက်တာဖြစ်ပါတယ်။ ကုမ္ပဏီအနေဖြင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းအောင်ပြုလုပ်ခြင်း၊ အဆိုပါနေရာကို နေထိုင်ဖို့မသင့်အောင်ပြုလုပ်ခြင်းနဲ့ အခြားစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တယ်လို့ စွပ်စွဲခံထားရပါတယ်။ ဒါ့အပြင် ရေကာတာကျိုးပေါက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ပျက်စီးမှုတွေအတွက် ပေးဆောင်ဖို့…
Read Moreဖိလစ်ပိုင်နိုင်ငံ ခရစ်ယာန်ဘုရားကျောင်းမှာ ဗုံးပေါက်ကွဲတာကြောင့် လူ ၂၇ ဦးထက်မနည်းသေဆုံး
မနီလာ၊ ဇန်န၀ါရီ-၂၇-၂၀၁၉ မျိုးဆက် (VOM) ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ ရိုမန်ကက်သလစ်ဘုရားကျောင်းတစ်ခုမှာ ဇန်န၀ါရီ ၂၇ ရက်က ဗုံးနှစ်လုံးပေါက်ကွဲမှုကြောင့် လူ ၂၇ ဦးထက်မနည်းသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒါဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အစ္စလာမ်မစ်စစ်သွေးကြွများလှုပ်ရှားနေတဲ့ ဂျိုလိုကျွန်းရှိ ဘုရားကျောင်းရဲ့ တနင်္ဂနွေနေ့ ဆုတောင်းပွဲမှာ ပထမဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားပြီး စစ်သားတွေက ကယ်ဆယ်ရေးလုပ်ဆောင်နေချိန်မှာ ကားပါကင်၌ ဒုတိယပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူတွေထဲမှာ စစ်သား ခုနှစ်ဦးပါဝင်ပြီး အများစုကတော့ အရပ်သားတွေဖြစ်ပါတယ်။ ဒါဏ်ရာရသူ ၇၁ ဦးအထိရှိပြီး ၎င်းတို့ထဲ့ အချို့ကို ရဟတ်ယာဉ်တွေနဲ့ အနီးတွင်ရှိသော ဇန်ဘိုအန်ကာမြို့သို့ ပို့ဆောင်ပေးထားပါတယ်။ ဆန္ဒခံယူပွဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် မွတ်ဆလင်အများစုနေထိုင်ရာ အဆိုပါဒေသမှာ မဲပေးမှုတွေပြုလုပ်ပြီးနောက် ရက်အနည်ငယ်အကြာမှာ ယခုကဲ့သို့ တိုက်ခိုက်မှုဖြစ်ပေါ်လာတာဖြစ်ပါတယ်။ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း မည်သည့်အဖွဲ့မှ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ဂျိုလိုကျွန်းဟာ အဘူဆာယက်ဖ်အုပ်စုအပါအ၀င် စစ်သွေးကြွများအတွက်…
Read Moreဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးမှာ ဒေသခံတွေပါဝင်ဖို့အထူးလိုအပ်နေသလို ဘက်ထရီရှော့တိုက် ငါးဖမ်းတာတွေမလုပ်ဖို့လို
ရန်ကုန် ဇန်န၀ါရီ ၂၇-၂၀၁၉ TGH (VOM) ဒေသခံပြည်သူတွေအနေနဲ့ အသက်မွေးဝမ်းကျောင်းအရဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေ ဘက်ထရီရှော့တိုက်ငါးဖမ်းမယ်ဆိုပါက လင်းပိုင်ရှိရာပတ်ဝန်းကျင်ကို လုံးဝမလုပ်ဘဲ သတိထားရှောင်ကျဉ်ပေးဖို့ လင်းပိုင်သုတေသနနှင့်ထိန်းသိမ်းရေးတာဝန်ခံ ဦးဟန်ဝင်းကပြောပါတယ်။ ဇန်ဝါရီလ ၂၆ ရက်နေ့က မန္တလေး – ကျောက်မြောင်းအကြား၊ ပုသိမ်ကြီးမြို့နယ်ရှိ ဆင် ကျေးရွာအရှေ့ဘက် ကိုင်းတောထဲမှာ ဧရာဝတီလင်းပိုင်တစ်ကောင်သေဆုံးနေတာနဲ့ပတ်သက်ပြီး ပြောခဲ့တာဖြစ်ပါတယ်။ ဒေသခံအချို့နဲ့ လင်းပိုင်ထိန်းသိမ်းရေးသမားတွေကတော့ ဘက်ထရီးရှော့တိုက်ငါးဖမ်းမှုကြောင့် သေဆုံးတာ ဖြစ်နိုင်တယ်လို့သုံးသပ်ထားပါတယ်။သေဆုံးချိန်ဟာ အနည်းဆုံး ၁၀ ရက်ဝန်းကျင်ရှိနိုင်ပြီး ခန္ဒွာကိုယ်ပေါ်မှာ ရေညှိတက်နေတာကလွဲလို့ ဒဏ်ရာတစ်စုံတစ်ရာမတွေ့ဟု WCS Myanmar ကထုတ်ပြန်ထားပါတယ်။သေဆုံး လင်းပိုင်းမှာ အလျား ၆ ပေ ၆ လက်မရှိပြီးအထီးဖြစ်တယ်လို့ဖော်ပြထားတယ်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလတုန်းကလည်း မန္တလေးနဲ့ ကျောက်မြောင်းကြား ၊ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧ ၇ိယာဇုန်အတွင်းမျာရှိတဲ့ ၀က်လက်မြို့နယ်မှာ အလျား ၆ ပေ ၁ လက်မ…
Read Moreလက်ထပ်မယ့်သူ စိတ်ရှင်းအောင်နေတယ်ဆိုတဲ့ အေးမြတ်သူ
ရန်ကုန် ဇန်န၀ါရီ ၂၇-၂၀၁၉ သင်းသဒ္ဒါ (VOM) ပရိသတ်အချစ်တော် မြတ်လေး(ခ)အေးမြတ်သူကတော့ လက်ထပ်မယ့်သူ စိတ်ရှင်းအောင်နေတယ် လို့ ဆိုပါတယ်။ ” ယောက္ခမ ဆူလိမ့်မယ်။ အေးမြတ်သူတို့ အသက်အရွယ်ကလေ တအားကြီး မငယ်တော့ဘူး။ ၃၀ ကျော်သွားပြီ။ သဉ္ဇာလေးက ၃၀တောင်မပြည့်သေးဘူး ထင်တယ်။ အများကြီးငယ် တယ်ဆို တော့ အေးမြတ် သူလည်း သဉ္ဇာအရွယ်တုန်းကဆိုးခဲ့တာပဲလေ။ သဉ္ဇာဆိုးနေတယ်လို့ မပြောဘူးနော်။ အေးမြတ်သူက ၃၀ကျော်လာပြီဆိုတော့ အိမ်ထောင်ပြုသင့်တဲ့ အမျိုးသမီး တစ်ယောက်ဖြစ်လာတယ်ဆိုတော့ အေးမြတ်သူ လည်း ကိုယ်ယူမယ့် အမျိုးသားရဲ့ စိတ်ရှင်းအောင် ကိုယ်ယူမယ့် အမျိုးသားဘက်ကို ပြန်ကြည့်ရတယ်။ အေး မြတ်သူ တအားကြီးဆိုးဖို့ မရှိပါဘူး။ ဒါကြောင့် အေးမြတ်သူ ဖက်ရှင်ပိုင်းကိုလည်း အရမ်းကြီး မလှုပ်ပါဘူး”လို့ ဆိုပါတယ်။ သူမကတော့ လက်ရှိမှာ ရွှေနန်းတော် စိန်ရွှေရတနာဆိုင်ကံစမ်းမဲ ဖွင့်ပွဲတစ်ကို…
Read Moreရိခေါဒါရ်မြို့ ကို သွယ်ယူထားသည့် စိမ့်စမ်းရေခမ်းလာသည့်အတွက် ရိရေအိုင်မှ ရေကို ခပ်ယူသောက်သုံးနေရ
ရိခေါဒါရ် ဇန်န၀ါရီ ၂၇-၂၀၁၉ မိုင်ချယ်ရီ (VOM) ချင်းပြည်နယ် ရိခေါဒါရ်မြို့မှာ နေထိုင်တဲ့ ပြည်သူတွေဟာ သောက်သုံးရေ အသုံးပြုဖို့အတွက် မြို့နဲ့ ၅ မိုင်ကျော် ဝေးတဲ့ နေရာမှာ ရှိတဲ့ စိမ့်စမ်းရေကို သွယ်ယူအသုံးပြုကြရာကနေ စိမ့်စမ်းရေ ခမ်းလာတာ ဖြစ်တဲ့အတွက် လိုအပ်တဲ့ သောက်သုံးရေကို ရိရေအိုင်ကနေ ခပ်ယူအသုံးပြုနေကြရတယ်လို့ ရိခေါဒါရ်မြို့ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးချန်လျန်းမာက ပြောပါတယ်။ ရိခေါဒါရ်မြို့က ပြည်သူတွေဟာ ဆိုရင် အသဲနှလုံးပုံသဏ္ဍာန်ရှိတဲ့ ရိရေအိုင်ဘေးမှာ နေထိုင်ကြတာ ဖြစ်ပြီး သောက်သုံးရေအတွက် စိမ့်စမ်းရေကို အခြားနေရာကနေ သွယ်ယူအသုံးပြုနေကြတာဖြစ်ပါတယ်။ဒီလို သွယ်ယူတဲ့ စိမ့်စမ်းရေဟာ ပွင့်လင်းရာသီ ရောက်လာပြီး ခမ်းခြောက်လာတာကြောင့် မြို့အတွင်း နေထိုင်တဲ့ ပြည်သူတွေ သောက်သုံးရေ မလုံလောက်မှု နဲ့ စတင်ရင်ဆိုင်လာရပါတယ်။ ဒီလို ကြုံတွေ့လာရတာကြောင့် ရိရေအိုင်ဘေး နေသူတွေဟာ…
Read More