ဆက်စီပုံတွေရိုက်တာနဲ့ ပတ်သက်ပြီး ကိုယ့်ပစ္စည်းနဲ့ကိုယ်အဆဲမခံနိုင်ဘူးဆိုတဲ့ မေပန်းချီ

ရန်ကုန် ဖေဖော်ဝါရီ ၁၀-၂၀၁၉

သင်းသဒ္ဒါ(VOM)

ခေတ်ရေစီးကြောင်းအရ လူမှုကွန်ရက်မှာ Sexy Photo တွေကို အနုပညာရှင်တွေ တင်နေကြတာနဲ့ပတ်သက်ပြီးတော့ ဝေဖန်မှုတွေလည်းရှိနေပြီး သရုပ်ဆောင်မေပန်းချီကတော့ ကိုယ့် ပစ္စည်း နဲ့ ကိုယ်အဆဲမခံနိုင်ဘူး လို့ဆိုပါတယ်။

“ကိုယ့်ရဲ့ ဖက်ရှင်က ခေတ်ရေစီးကြောင်းကိုလိုက်နိုင်တဲ့ မင်းသမီးထဲမှာမပါပါဘူး၊ photo တွေရိုက်ရင်တော့ လိုအပ်တဲ့ အလှထုတ်ရိုက်ကြတာတော့ ရှိပါတယ်၊ ကိုယ့်လှမယ့် ရှုထောင့်ကရိုက်ဖြစ်တယ်၊ ပန်းချီ က ခန္ဓာကိုယ်ကြီးတဲ့ အထဲပါတော့ ဘယ်လိုရိုက်ရိုက်ပေါ်နေတယ်လို့ ပြောလို့ရတယ်၊ ဓာတ်ပုံရိုက်ရင်တော့ post လှလှလေးတော့ ပေးရတာပေါ့၊ ဘယ်သူမှ လိုင်စင်ပုံရိုက်သလို နေကြတာမဟုတ်ဘူးလေ၊ ဒီပုံရိုက်တာကို ဝေဖန်သူတွေလည်း ရှိတယ်၊ ပန်းချီ ပုံလန်းလန်းတွေ ရိုက်ကူးပေမယ့် အလန်းဟော့တာတွေ မရိုက်ဖြစ်ဘူး၊ ဘာလို့လည်းဆိုတော့ ကိုယ့်ပစ္စည်းနဲ့ အဆဲမခံနိုင်ဘူး၊ sexy ပုံတွေကလည်း ပရိသတ်တွေလည်း အချိန်ကာလတစ်ခုပဲ အားပေးကြမှာပါ၊ နောက်ပိုင်း စစ်မှန်တဲ့ဟာပဲ အားပေးလာမှာပါ”လို့ပြောပါတယ်။

သူမကတော့ မကြာခင် ရက်ပိုင်းက ဟင်းချက်ကဏ္ဍအစီအစဉ်မှာ မြန်မာဆန်ဆန်ဝတ်စုံနဲ့ ချက်ပြုတ်ပြသမှု ပရိုဂရမ်ရိုက်ကူးခဲ့ရာ သူမရဲ့ပါဝင်မှုကို ထုတ်လွှင့်မှုမရှိခဲ့တာကြောင့် စိတ်ထိခိုက်ခဲ့တယ်လို့ သိရပါတယ်၊ ရုပ်ရှင်ကားကြီး တွေအများကြီး ရိုက်ထားသလို ဇာတ်လမ်းတွဲတွေလည်း ရိုက်ထားတယ်လို့ သိရပါတယ်။

”တလောက လူမှုကွန်ရက်စာမျက်နှာမှာ ဟင်းချက်ကဏ္ဍပတ်သက်ပြီးတော့ တင်ထားတွေ့ရတယ်ဆိုတာ ပန်းချီ စိတ်အရမ်းတိုလို့ တင်ဖြစ်လိုက်တာပါ၊ လူတွေက မှန်တာပြောရင် ရွာပြင်ထုတ်ခံရပါတယ်၊ ပန်းချီလည်း ရွာ ပြင်ကိုတော်တော်လေးကို ရောက်နေပါပြီ၊ တစ်ခုခုဆိုရင် ပန်းချီက အမုန်းခံလွန်းလို့ပါ၊ ကိုယ့် စိတ်ထဲမှာမဟုတ်မမှန်းတာဆိုရင် ချက်ခြင်းပြန်ပြောဖြစ်လိုက်တယ်၊ ပန်းချီအမေကတော့ ပြန်စဉ်းစားပါဦးပြောတယ်၊ စိတ်ကမရဘူး၊ ခုနောက်ပိုင်းခေတ်က လူမိုက်လုပ်မှရမယ့် ခေတ်ဖြစ်နေပြီ”လို့ပြောပါတယ်။

ပန်းချီတို့လည်း လိုအပ်ချက်တွေတော့ ရှိခဲ့ပါတယ် ကိုယ်ကိုကိုယ် အရမ်းကောင်းတယ်လို့ မပြောပါဘူး၊ ခေတ်ကလည်း ပေါ်ပင်တွေအရမ်း အားပေးတာများလာတယ်၊ လူတစ်ယောက်က မထင်မှတ်တဲ့ဖက်ရှင်ပဲ ဝတ်ဖြစ်နေရင် အမြင်ကတ်ရင်တောင် သူwallဝင်ကြည့်ရင် အလိုလိုနေရင်ကြာတော့ သူ့ပရိသတ်ဖြစ်သွားကြတယ်၊ ဒါတွေကလည်း ခဏပါပဲ ပြောင်းလဲသွားမယ်လို့ ပန်းချီထင်ပါတယ်လို့ဆိုပါတယ်။

#voiceofmyanmar#မေပန်းချီ#

ဓာတ်ပုံ – မေပန်းချီဖေ့စ်ဘွတ်ခ်

Related posts

Leave a Comment

VOM News

FREE
VIEW