ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးတွေအပါအ၀င် အရပ်သား ၁၀ ကိုဖမ်းဆီး

မြောက်ဦး၊ မတ် ၂-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းက ကျေးရွာအုပ်ချုပ်ရေးမှူးလေးဦးနဲ့ ရွာသားတစ်ဦးအပါအ၀င် ကျောက်တော် မြို့နယ်က အရပ်သား ၅ဦးတို့ကို မနေ့က ဖေဖော်ဝါရီ ၂၈ တစ်ရက်တည်းမှာ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

 

အဲ့ဒီလူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားတာမှန်ကန်ပေမယ့် လက်ရှိမှာတော့ ဘာကြောင့်ဖမ်းဆီးရတယ်တိုတာကို ပြောပြလို့ မရသေးကြောင်းပြောပါတယ်။

 

“ကျွန်တော်တို့ အုပ်ချုပ်ရေးမှူး လေးယောက်နဲ့ ရွာသားတစ်ယောက်ကို လောလောဆယ် ထိန်းသိမ်းထားတာပါ။ စစ်ဆေးစရာတွေရှိလို့ စစ်ဆေးနေပါတယ်။ ဖမ်းဆီးထားတဲ့သဘောတော့မဟုတ်ဘူး။”လို့ မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

 

မြောက်ဦးမြို့နယ်အတွင်း ဖမ်းဆီးခံထားရသူတွေကတော့ ရန်အောင်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်၊ ကျောက်ဆည်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ထွန်း၊ ပေါက်ပင်ကွင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်တင်ချေ၊ ပြိုင်းချကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဦးစိန်နဲ့ တင်းထိန်ကန်ကျေးရွာသား တစ်ဦးတို့ကို မနေ့ကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ကတော့ ဘာကြောင့်ဖမ်းသွားတယ်ဆိုတာကိုမသိရသေးဘူး။ မနေ့က နေ့လည်ပိုင်းလောက်မှာ လပါတ်အစည်းအဝေးကိုရောက်နေတဲ့အချိန် မြို့နယ် ထွေ/အုပ်ရုံးကနေ ရဲတပ်ဖွဲ့က မေးစရာရှိတယ်ဆိုပြီး ခေါ်သွားတာလို့သိရတယ်။ လောလောဆယ်တော့ ရဲစခန်းမှာချုပ်ထားတယ်လို့ ကြားတယ်။”လို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

 

ဒါ့အပြင် ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာက ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ကိုကျော်ကျော်ညွှန့်နဲ့ ညီဖြစ်သူ ကိုချမ်းအေး၊ မဟာမုနိကျေးရွာက ကိုသန်းထွန်းနဲ့ ကိုအေးကျော်သန်းတို့အပြင် ညောင်ချောင်းကျေးရွာသားတစ်ဦးကိုလည်း မနေ့ကမနက်ပိုင်းမှာ ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်

#voiceofmyanmar#ရခိုင်ပြည်ယ်#ကျောက်တော်#မြောက်ဦး#အုပ်ချုပ်ရေးမှူး

 

 

Related posts

Leave a Comment

VOM News

FREE
VIEW