ရိုဟင်ဂျာအရေး မြန်မာကို တရားစွဲဖို့ဆုံးဖြတ်ချက် အိုအိုင်စီ အတည်ပြုလိုက်ပြီ

ဒါကာ၊ မတ်-၃-၂၀၁၉

မျိုးဆက် (VOM)

 

မြန်မာနိုင်ငံမှ ရိုဟင်ဂျာတွေ တရားဝင်အခွင့်အရေးရစေဖို့နဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တွေနဲ့ပတ်သက်ပြီး တရားမျှတမှုနဲ့ တာဝန်ခံမှုတို့ကို ဖြေရှင်းဖော်ဆောင်ရေးအတွက် မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ တရားစွဲဖို့ ဆုံးဖြတ်ချက်တစ်ရပ်ကို အစ္စလမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ)က တစ်ညီတစ်ညွှတ်တည်း အတည်ပြုလိုက်ပါတယ်။

 

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုအတွက် ကျူးလွန်သူတွေကို အရေးယူပေးဖို့ ညှိနှိုင်းဆွေးနွေးမှုတွေဆက်ပြုလုပ်ပြီးနောက် အပြည်ပြည်ဆိုင်ရာ တရားရုံးကနေတစ်ဆင့် ဥပေဒကြောင်းအရ အကူအညီရယူဖို့ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

 

နိုင်ငံတကာတရားရုံးမှာ မြန်မာနိုင်ငံကိုတရားစွဲမယ့် ကိစ္စနဲ့ ပတ်သက်ပြီးဝန်ကြီးအဆင့်  အဖွဲ့ဝင် ၁၀ ဦးပါဝင်တဲ့ ကော်မတီတစ်ရပ်ကို ဂမ်ဘီယာနိုင်ငံက ဦးဆောင်နေပြီး ပထမဆုံးအစည်းအဝေးကို ဖေဖော်ဝါရီ ၁၀ ရက် ဂမ်ဘီယာနိုင်ငံမှာ ပြုလုပ်ခဲ့ပါတယ်။

 

အထူးသဖြင့် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနီဗာကွန်ဗင်းရှင်းနဲ့ အခြား လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများနဲ့အညီ နိုင်ငံတကာ ဥပဒေများအရ ရိုဟင်ဂျာတွေ တရားဝင်အခွင့်အရေးရရှိဖို့ အဆင့်ဆင့်လုပ်ဆောင်ရန် အဆိုပါကော်မတီက အကြံပြုခဲ့ပါတယ်။

 

ဒီအကြုံပြုချက်ကို ယူအေအီးနိုင်ငံမှာ မတ် ၁ ရက်နဲ့ ၂ ရက်တို့မှာကျင်းပခဲ့တဲ့ အိုအိုင်စီ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာအတည်ပြုခဲ့ပြီး မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ တရားစွဲဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ကာ အဆိုပါအစည်းအဝေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူလာမိုမင်လည်း တက်ရောက်ခဲ့ပါတယ်။

 

Ref : The Daily Star

Photo : BSS

 

#voiceofmyanmar#oic#ရိုဟင်ဂျာ

 

 

Related posts

Leave a Comment

VOM News

FREE
VIEW