အယူသည်း မှုတွေကြောင့်အသက်အာခံထားရှိမှုနည်းပါးနေသေး

မတ် ၁၂-၂၀၁၉

ကိုထွန်း (နေပြည်တော်)

 

မြန်မာနိုင်ငံမှာ အယူသည်းမှုတွေရှိနေအတွက် အသက်အာမခံထားရှိသူနည်းပါးနေတယ်လို့ အာမခံလုပ်ငန်းတွေဆီကနေ သိရပါတယ်။ လက်ရှိ အသက်အာမခံထား ရှိမှုနှုန်းဟာ နိုင်ငံခြားသားကုမ္ပဏီ တွေနဲ့ ယှဉ်ကြည့်ရင် အလွန် နည်းနေပြီး စိတ်ဝင်စားမှုအနည်း ငယ်သာရှိသေးတာလို့ လည်း ဧရာမြန်မာအာမခံမှ မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးမင်း ကပြောပါတယ်။

 

”အာမခံထားရှိမှုက ကိုယ့်ကို အန္တရာယ်ဖြစ်ပါစေလို့ ဆုတောင်း သလိုဖြစ်တယ်ဆိုတဲ့ အယူသည်းမှု တွေကြောင့် အသက်အာခံထားရှိ မှုက နည်းတယ်။ အခုနောက်ပိုင်း နိုင်ငံခြားကုမ္ပဏီတွေကတော့ ထားကြတယ်။ သင်္ဘောသားတွေတို့ လုပ်ငန်းကြီးလုပ်သူတို့တွေက သူတို့ကုမ္ပဏီအတွက် ဝန် ထမ်းတွေအတွက် ထားကြတယ်။ တစ်ကိုယ်ရေတစ်ကာယထားရှိတာတွေ က နည်းသေးတယ်” ဧရာမြန်မာအာမခံက မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးမင်းကပြောပါတယ်။

 

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆ဝ ကျော်အထိ မြန်မာ့အာမခံ လုပ်ငန်းတစ်ခုသာရှိခဲ့ပေမယ့်  ၂ဝ၁၁ ခုနှစ်မှာ မြန်မာ့အာမခံလုပ်ငန်း ကြီးကြပ်ရေးဘုတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အာမခံလုပ်ငန်းနယ်ပယ်ကို ပုဂ္ဂလိကလုပ်ကိုင်ခွင့်ပြုဖို့ ခြေလှမ်းတွေစတင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

ပြည်တွင်းအခြေစိုက် နိုင်ငံသားပိုင်လုပ်ငန်း တွေအတွက် အာမခံအမျိုးအစား (၇) မျိုး၊ နိုင်ငံခြားကုမ္ပဏီတွေအတွက် အာမခံအမျိုးအစား ၃ မျိုးသာ သာ စတင်ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။

အာမခံလုပ်ငန်းနဲ့ အာမခံစနစ်တွေဟာ နိုင်ငံတကာမှာ လူကြိုက်များပြီး အအောင်မြင်ဆုံးစနစ်တွေ ဖြစ်တဲ့ ကျန်းမာရေးအာမခံ၊ အသက် အာမခံနဲ့ ပတ်သက်ပြီး ပြည်သူတွေ ပိုမိုလက်ခံလာ စေဖို့ ဆက်လက်လုပ်ဆောင်သွားဖို့  လိုအပ်နေသေးတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #အာမခံ #နေပြည်တော် #အသက်အာမခံ

Related posts

Leave a Comment

VOM News

FREE
VIEW