မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေက ခိုက်ရန်ဖြစ်ပွားပြီးသေမှအလောင်းကောက်ဆေးရုံပို့တဲ့အလုပ်သာစခန်းမှာ ထိုင်ပြီးလုပ်နေကြရတယ်လို့ပြော

မတ် ၁၂-၂၀၁၉

သစ်တော်

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေဟာ ခိုက်ရန်ဖြစ်ပွားပြီးသေမှအလောင်းကောက်ဆေးရုံပို့တဲ့အလုပ်သာစခန်းမှာထိုင်ပြီးလုပ်နေကြရတယ်လို့ ကြည့်မြင့်တိုင်မဲဆန္ဒနယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဇော်ဝင်းကပြောပါတယ်။

ဒီနေ့ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ ပဲခူးတိုင်း ဝေါမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုစားလှယ် ဦးတင်ထွေးတင်ပြသွားတဲ့ မြို့ပြတွေမှာတရားဥပဒေစိုးမိုးပြီး ပြည်သူလူထုရဲ့ လူမှုဘဝ လုံခြုံမှုရှိစေဖို့ရာဇဝတ်မှုတွေ ဖြစ်ပေါ်နေတာကိုကာကွယ်တားဆီးဖို့အတွက်ဦးစာပေးအဆင့်နဲ့ဆောင်ရွက်ပေးနိုင်ဖို့နိုင်ငံတော်အစိုးရကိုတိုက်တွန်းတဲ့ အဆိုကို ထောက်ခံဆွေးနွေးရာမှာပြောကြားခဲ့တာဖြစ်ပါတယ်။

”မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေဟာပြည်သူလူထုရဲ့လူနေမှုဘဝလုံခြုံမှုရှိစေရေးကိုကြိုတင်ကာကွယ်မှုမပေးနိုင်ပဲ ခိုက်ရန်ဖြစ်ပွားပြီးသေမှအလောင်းကောက်ဆေးရုံပို့တဲ့အလုပ်နဲ့ ပြေးတဲ့တရားခံကိုရှာဖွေဖမ်းဆီးရတဲ့အလုပ်တွေကိုသာစခန်းမှာထိုင်ပြီး လုပ်နေကြရတယ်  လို့ကြည့်မြင့်တိုင်မဲဆန္ဒနယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဇော်ဝင်းကထည့်သွင်းပြောဆိုသွားတာပါ။

”ရဲတပ်ဖွဲ့ရဲ့လုပ်ငန်းခွင်ကိုအသေအချာကြည့်ရင်ရဲစခန်းလာတိုင်ရင်အမှုဖွင့် တရားခံဖမ်းပြီးတရားရုံးပို့တဲ့အလုပ်ကလွဲပြီး မြို့ရွာလုံခြုံရေးအတွက် တပ်ဖွဲ့ဝင်တွေကိုယ်တိုင်ကိုယ်ကျ ဆင်းပြီးကာကွယ်ပေးတဲ့ အလုပ်မျိုးကို ထိထိရောက်ရောက်မဆောင်ရွက်နိုင်ဘဲ ဟန်ပြယောင်ပြ အဆင့်လောက်သာဆောင်ရွက်ပေးနေတာကိုတွေ့မြင်ရပါတယ်”လို့သူကပြောပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေအရ မြန်မာနိုင်ငံရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ရန်ကုန်မြို့ စည်ပင်နယ်နိမိတ်အတွင်းမှာ လတိုင်းထောင်ချီပြီးမှုခင်း တွေဖြစ်ပွာနေတယ်လို့ ဆိုပါတယ်။

#voiceofmyanmar #ရဲတပ်ဖွဲ့ #ပြည်သူ့လွှတ်တော်

Related posts

Leave a Comment

VOM News

FREE
VIEW