ပြည်မြို့မှာ သင်္ကြန်ကာလအတွင်း အိတ်ဇောဖွင့်ဆိုင်ကယ်တွေကို အရေးယူမယ်

ဧပြီ ၅-၂၀၁၉
ဂျန်ကိုးလ်(VOM)
ပြည်မြို့မှာ သင်္ကြန်ကာလအတွင်းအများသူငါစိတ်အနှောင့်အယှက်ဖြစ် စေတဲ့ အိပ်ဇောဖွင့်ဆိုင်ကယ်များ အသံဆူညံစေတဲ့ စည်းကမ်းမဲ့ ဆိုင်ကယ်တွေကို ထိရောက်စွာ အရေးယူသွား မယ်လို့ ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကသိရပါတယ်။
“သင်္ကြန်ကာလမှာ အများပြည်သူစိတ်အနှောက်အယှက်ဖြစ်စေမယ့် ပါဝါအိတ်ဇော တပ်တာတွေ အိတ်ဇောဖွင့်မောင်းတာတွေ မရှိရအောင် သင်္ကြန်ကာလမတိုင်ခင်ကတည်းကိုက ဖမ်းဆီးအရေးယူ ဖြုတ်သိမ်း ဆောင်ရွက်သွားဖို့ရှိပါတယ်။”လို့ ပြည်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်ကပြောပါတယ်။
ပြည်မြို့လမ်းဆုံလမ်းခွတွေ လူစည်ကားရာနေရာတွေ အစရှိတဲ့ နေရာ ၈ နေရာသတ်မှတ်ပြီး ရဲတပ်ဖွဲ့၊မီးသတ်၊ သက်ဆိုင်ရာရပ်ကျေးအဖွဲ့တွေနဲ့ ပူးပေါင်းအဖွဲ့တွေက ညတိုင်း ပိတ်ဆို့ စစ်ဆေး ပြီး လုံခြုံရေး ဆောင်ရွက်နေသလို စည်းကမ်းမဲ့ဆိုင်ကယ်တွေ တွေ့ရှိပါကလည်း ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ် သွားမှာဖြစ်တယ်လို့သိရပါတယ်။
စည်းကမ်းမဲ့ ဆိုင်ကယ်တွေအပြင် လိုင်စင်မရှိတဲ့ အရက်ဆိုင်တွေ သင်္ကြန်ကာလအတွင်း လက်တွန်းလှည်း၊ သုံးဘီးဆိုင်ကယ်တွေနဲ့ရောင်းချတဲ့ ရွှေ့လျားအရက်ဆိုင်တွေကိုလည်း တင်းတင်းကြပ်ကြပ် ကိုင်တွယ် ဆောင်ရွက်သွားမယ်လို့ ပြည်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကသိရပါတယ်။
#voiceofmyanmar #ပြည်မြို့ #သင်္ကြန် #အိတ်ဇောဖွင့်ဆိုင်ကယ်

Related posts

Leave a Comment

VOM News

FREE
VIEW