နေပြည်တော်မှာ ရုပ်ရှင်ဌာနကြီးကြီးမားမားဆောက်ဖို့ ကမ်းလှမ်းမှုတွေရှိ

ရန်ကုန် ဧပြီ ၂၀ -၂၀၁၉

သင်းသဒ္ဒါ

 

နေပြည်တော်ကို ရုပ်ရှင်မြို့တော်ကဲ့သို့ဖြစ်ချင်နေပြီး ယခုအခါ ရုပ်ရှင်ဌာနကြီးကြီးမားမား ဆောက်ချင်ကြောင်း ကမ်းလှမ်းမှုတွေရှိတယ်လို့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က ပြောပါတယ်။

 

JCGV Toto’s Film Making Class ရုပ်ရှင်ရိုက်ကူးမှု သင်တန်းပြီးဆုံးကြောင်း အခမ်းအနားကို ဧပြီ ၂၀ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ Junction City ရှိ JCGV ရုပ်ရှင်ရုံမှာကျင်းပခဲ့ရာမှာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်က ယခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။

 

နေပြည်တော်ကို ရုပ်ရှင် မြို့တော်ကဲ့သို့ ဖြစ်ချင်တယ်။ အခုခါမှာ နေပြည်တော်မှာ ရုပ်ရှင်ဌာနကြီး ကြီးကြီးမားမားဆောက်ချင်တယ်။ ကမ်း လှမ်းပြောဆိုတာတွေ ရှိလာပါတယ်။ ဒီလုပ်ငန်း တစ်ရပ်သည် ဖွံ့ဖြိုးတိုးတက်ရေးကို စိတ်အားထက်သန်တဲ့ ပုဂ္ဂိုလ် တွေများပြားလာရင် ဒီလုပ်ငန်းသည် တကယ်ဖွံ့ဖြိုးတိုးတက်လာမှာ သေချာတာကို ပြောချင်တာ ဖြစ်ပါ တယ်”လို့ သူက ဆိုပါတယ်။

 

“ရုပ်ရှင်ပတ်သက်တဲ့ ဆွေးနွေးပွဲ၊ နှီးနှော ဖလှယ်ပွဲတွေလည်း လိုပါတယ်။ ရုပ်ရှင်ပတ်သက်တဲ့ ဥပဒေ၊လုပ်ထုံးလုပ်နည်းတွေလည်း လိုပါတယ်။ ကဏ္ဍ ပေါင်းစုံက ပြီပြည့်စုံဖို့လိုတယ်။ တစ်ခုတည်းက ချွန်ထွက် နေလို့လည်း မရပါဘူး။တည်ထွင်သူတွေလည်း လိုအပ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်က ကဏ္ဍ ပေါင်းစုံဖွံ့ဖြိုးလာဖို့ ဘယ်လိုလုပ်မလဲ။ သူများတိုင်းပြည်က စနစ်ကို ကျွန် တော်တို့က ခုမှာကြားဖူးတယ်။ အခင်းအကျင်း ပြုပြင်ပြောင်းလဲလာတဲ့အရာတွေ နည်းပညာအသစ်တွေ ပြ နေတာတွေ အသံစနစ်တွေ စသဖြင့်ပေါ့။ တိုးတက်လာဖို့ဆောင်ရွက်နေတာတွေရှိပါတယ်။ စတူဒီယို တွေနဲ့ ပစ္စည်း သစ်တွေ ကိုင်တွယ်နိုင်ဖို့ ဘယ်လိုလုပ်ကိုင်ဆောင်ရွှက်ကြမလဲ။ ဘယ်လိုရင်းနှီးမြှပ်နှံကြမလဲ ဆွေးနွေးမှု တွေလည်း လိုအပ်ပါတယ်။ နိုင်ငံတကာကလည်း ရင်းနှီးမြှပ်နှံလာအောင် ဖိတ်ခေါ်ပါတယ်လို့ ဒေါက်တာဖေမြင့်က ဆက်လက်ပြောပါတယ်။

 

ရုပ်ရှင်ရိုက်ကူးမှု သင်တန်းပြီးဆုံးကြောင်း အခမ်းအနားကို တော့ ဧပြီ ၁ ရက်ကနေ ၈ ရက်အထိ ပြည်တွင်းရုပ်ရှင်အတတ်ပညာရှင်တွေရဲ့ ရုပ်ရှင်ဖန်တီး ထုတ်လုပ်မှုပညာရပ်တွေကို စိတ်ဝင်စားတဲ့ အသက် ၁၂ နှစ်ကနေ ၁၆ နှစ် အတွင်းရှိတဲ့ မျိုးဆက်သစ် ကျောင်းသား/သူ လူငယ်အယောက် ၃၀ကို ပြည်တွင်းရုပ်ရှင်အတတ် ပညာရှင်ဖြစ်တဲ့ အကယ်ဒမီ ဒါရိုက်တာ ကြည်စိုးထွန်း၊ အကယ်ဒမီ ဒါရိုက်တာ ညီညီထွန်းလွင် ၊ ဒါရိုက်တာ မျိုးဇော်အောင် ၊ဒါရိုက်တာ အေ၀မ်းသိန်းထွဋ် ၊ဒါရိုက်တာ ထူးသာ ၊ဒါရိုက်တာ ကျော်နှင်းဆီ နဲ့ ဒါရိုက်တာ ကိုမြင့် (သမန်းကျား) တို့က အခြေခံရုပ်ရှင်ဖန်တီးမှုအတတ်ပညာတွေကို သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

 

“ကျွန်တော်တို့တိုင်းပြည်မှာ စီးပွားရေးတိုးတက်သလို ရုပ်ရှင်လောကပါ ဖွံ့ဖြိုးတိုးတက်ဖို့ ကဏ္ဍပေါင်း စုံက တိုးတက်ဖို့ ပြောချင်ပါတယ်။ ရင်နှီးမြှပ်နှံသူတွေလည်း ပါဝင်ပါတယ်။ ပြည်ပရင်နှီးမြှပ်နှံမှုကို လွတ်လွတ် ကျွတ်ကျွတ်မြှပ်နှံခွင့်ပေးရင် လာရောက်မြှပ်နှံမယ့်သူတွေ ရှိတာမြင်ရပါတယ် ။ဒါပေမယ့် ပြည်ပကပဲ မဟုတ်ပဲ ပြည်တွင်းကပါ ပူးပေါင်းလုပ်ဆောင်မှုတွေလည်း လုပ်ဆောင်ဖို့လိုပါတယ်။အလားတူ ပူးတွဲဆောင်ရွက်မှုကို ရှေ့ ဆက်လုပ်ဆောင် နိုင်လိမ့်မယ်လို့ မြင်ပါတယ်။ခုလိုရက်တိုးသင်တန်းတွေ ဖွင့်လှစ်နိုင်တာလည်း ကောင်းပါ တယ်။ ဒီထက်မက ရက်ရှည်သင်တန်းတွေကိုလည်း အာမခံလက်မှတ် ယူပေးနိုင်တဲ့ သင်တန်းတွေကို ပူပေါင်း လုပ်ဆောင်ရာမှာ အနုပညာရဲ့ကဏ္ဍမှာ ဖွံ့ဖြိုးတိုးတက်လာမယ်လို့ မြင်ပါတယ်။ ဒီလို ရုပ်ရှင်လုပ်ငန်းကို ၀ါသနာပါတဲ့ ကလေးများကို ကြိုဆိုပါတယ်”လို့ ဒေါက်တာဖေမြင့်က ဆိုပါတယ်။

 

ဓာတ်ပုံ – သင်းသဒ္ဒါ

#voiceofmyanmar #ပြန်ကြားရေးဝန်ကြီး #ဒေါက်တာဖေမြင့် #နေပြည်တော် #ရုပ်ရှင်ဌာန

 

Related posts

Leave a Comment

VOM News

FREE
VIEW