ရန်ကုန် ၊ဧပြီ ၄-၂၀၁၉ TGH (VOM) ကမာရွတ် ၃ရပ်ကွက်မှာရှိတဲ့ ယခင်ရဲဘော်သုံးကျိတ်ပန်းခြံပေါ်မှာ ရှစ်ထပ်အမြင့်ရှိတဲ့ အဆောက်အဦးနဲ့အတူ ကားပါကင်တည်ဆောက်မယ့် စီမံကိန်းနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိခဲ့ကြောင်းအပါအဝင် ရဲဘော်သုံးကျိတ်ပန်းခြံကို ယခင်အတိုင်းပြည်လည်ဖော်ဆောင်ပေးဖို့အတွက် နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံ အပါအဝင်၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊မြို့တော်ဝန် ဆီကို စာတင်ခဲ့ပေမယ့် ပြန်လည်အကြောင်းကြားမှုတစ်စုံတရာမရှိတာကြောင့် ဒီကနေ့မှာ ရဲဘော်သုံးကျိတ်ပန်းခြံပြန်လည်ရရှိရေး တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ပွဲ ကို ဦးရဲဝင်းက ကမာရွတ်မြိုနယ်မှာ ပြုလုပ်ခဲ့ပါတယ်။ “နိုင်ငံပိုင်သတင်းစာမှာပါတာက ခန်းမတွေ ၁၉၅၇ ခုနှစ်မှာ ပန်းခြံစပေါ်တယ်။ ၁၉၇၄ မှာ စည်ပင်ရုံးလာဆောက်တာပေါ့။ ခုတော့စည်ပင်ရုံးတော့မရှိတော့ဘူး။ ဒါပေမယ့် ကွန်ဒိုဝင်လာတယ်။ ကားပါကင်။ ဒါတွေကျပွင့်လင်းမြင်သာမှုရှိစွာလုပ်လေ၊ ခုကအဲ့လိုမဟုတ်ဘူး၊ ခိုးကြောင်ခိုးဝှက်နဲ့ ၂၄ ရက်နေ့မှာ အရေးပေါ် ပန္နက်ရိုက်သွားတယ်။ ပြည်သူလည်းမသိဘူး။ ပန်းခြံပဲလိုချင်တယ်။ ဒီအဆောက်အဦ ၈ လွှာရဲ့ခေါင်မိုးပေါ်မှာ ပန်းခြံလုပ်မယ်ဒါမဖြစ်နိုင်တာ၊ ဒီမြေဟာဒါဟာပန်းခြံမြေပေါက်ပြီသား။…
Read MoreMonth: April 2019
ဘန်ကောက် ခေါင်စန်လမ်းက သင်္ကြန်ပွဲကို နန်းတက်ပွဲကြောင့် ကန့်သတ်လိုက်
ဘန်ကောက် ဧပြီ ၄-၂၀၁၉ VOM ထိုင်းနိုင်ငံရဲ့ စူန်းခရန် လို့ခေါ်တဲ့ သင်္ကြန်ပွဲတော် ကာလအတွင်း ဘန်ကောက်မြို့လယ်၊ ခေါင်စန်လမ်းမှာ နိုင်ငံခြားခရီးသွားတွေနဲ့ ဒေသခံတွေအတွက် စည်စည်ကားကား ကျင်းပလေ့ရှိတဲ့ သင်္ကြန်ပွဲကို ဒီနှစ်မှာ အကန့်အသတ်နဲ့ပဲ ကျင်းပခွင့်ရတယ်လို့ သိရပါတယ်။ ထိုင်းဘုရင်နန်းတက်ပွဲအတွက် ပြင်ဆင်မှုတွေ လုပ်နေချိန်နဲ့ သင်္ကြန်ကာလ တိုက်ဆိုင်နေတာကြောင့် ထိုင်းအာဏာပိုင်တွေက ခေါင်စန်လမ်းမှာ နှစ်တိုင်းကျင်းပတဲ့ သင်္ကြန်ပွဲကို ကန့်သတ်လိုက်တယ်လို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။ ထိုင်းဘုရင့် နန်းတက်ပွဲဟာ လာမယ့် မေလ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပေမယ့် နန်းတက်ပွဲအတွက် စီစဉ်မှုတွေ လုပ်နေတဲ့နေရာဟာ ခေါင်န်စန်လမ်း အနီးတဝိုက် ဖြစ်နေတာကြောင့် နန်းတက်ပွဲအတွက် စီစဉ်နေတာတွေနဲ့ သင်္ကြန်ပွဲ ရှုပ်ထွေးမှုတွေ ဖြစ်မှာနိုင်တဲ့အတွက် အခုလိုကန့်သတ်လိုက်တာလို့ အာဏာပိုင်တွေက ဆိုပါတယ်။ “ခေါင်စန်လမ်းက နန်းတက်ပွဲအတွက် ပြင်ဆင်နေတဲ့နေရာ အလည်ခေါင်မှာ…
Read Moreကလေးမြို့မှာ ခရစ်ယာန်ဘုန်းတော်ကြီးကျောင်းဝန်းထဲကအဆောက်အဦး မီးလောင်မှုဖြစ်ပွား
ကလေး ဧပြီ ၄-၂၀၁၉ မိုင်ချယ်ရီ(VOM) စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ သဇင်ရပ်ကွက် နယ်မြေ (၄) မှာ ရှိတဲ့ ခရစ်ယာန်ဘုန်းတော်ကြီးကျောင်းဝန်း အတွင်းက အဆောက်အဦးတစ်လုံး ဧပြီလ ၄ ရက်နေ့ နေ့လယ် ၁ နာရီ ၁၅ မိနစ် အချိန် ၀န်းကျင်က မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ကလေးမြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံးကနေ သိရပါတယ်။ အင်ဗာတာအပူလွန်ကဲရာကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး နာရီဝက်ကျော် အကြာ လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ဒီမီးလောင်မှုကြောင့် ရိုမန်ကက်သလစ် ခရစ်ယာန်ဘုန်းတော်ကြီးကျောင်းဝန်း အတွင်းမှာ ရှိတဲ့ ကျမ်းစာသင်တန်းကျောင်း အိပ်ဆောင် ၃ ထပ်ဆောင် ရဲ့ အပေါ်ထပ် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ မီးလောင်တာကြောင့် လူတွေ ထိခိုက်ဒဏ်ရာ မရရှိခဲ့ပေမယ့် စုစုပေါင်း ငွေကျပ် ကိုးသိန်းရှစ်သောင်းကျော် တန်ဖိုးရှိတဲ့ မျက်နှာကြက် ကြမ်းခင်းနဲ့ နံရံအကာတွေ ပျက်စီးခဲ့တယ်လို့ ကလေးခရိုင် မီးသတ်ဦးစီးမှူး ဦးမြင့်စန်း…
Read Moreစိုင်းဒင်ချောင်းအတွင်း လေယာဉ်နဲ့ပစ်ခတ်မှုကြောင့် ဘင်္ဂါလီတွေ သေဆုံး
ဘူးသီးတောင်၊ ဧပြီ ၄-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စိုင်းဒင်ချောင်းအတွင်း ဧပြီ ၃ ရက်နေ့မှာ မြန်မာတပ်မတော်ဘက်က လေယာဉ်တွေနဲ့ ပစ်ခတ်မှုတွေပြုလုပ်ခဲ့တဲ့အတွက် ဘင်္ဂါလီတွေ သေဆုံးမှုဖြစ်ပွားခဲ့ပြီး တချို့မှာလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီဘင်္ဂါလီတွေဟာ စိုင်းဒင်ချောင်းအတွင်းက ဝါးထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်နေကြသူတွေဖြစ်ကြပြီး အနားယူနေချိန် အလုပ်သမားတွေ စုရုံးထိုင်နေကြစဉ်မှာ ပစ်ခတ်ခံလိုက်ရတာဖြစ်တယ်လို့ဆိုပါတယ်။ “မနေ့က နေ့လည်ပိုင်းမှာ လေယာဉ်တွေနဲ့ပစ်ခတ်တာမှာ ကျည်ထိသွားတာဖြစ်ပါတယ်။ ၇ ဦးသေပါတယ်။ ၃ ဦးဒဏ်ရာရရှိပါတယ်။ ဘူးသီးတောင်ဆေးရုံကိုရောက်နေကြပါပြီ။ သူတို့က အလုပ်နားချိန်မှာ အဲ့ဒီနေရာမှာရှိတဲ့ ကျောက်ပေါ်မှာထိုင်နေကြတာလို့သိရတယ်။ အဲ့ဒီမှာ ပစ်ခတ်ခံလိုက်ရတာပါ။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဲ့ဒီဒေသဟာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ဒေသတစ်ခုဖြစ်ပြီး မြန်မာတပ်မတော်ဘက်က နယ်မြေရှင်းလင်းမှုတွေ ပြုလုပ်ခဲ့တဲ့အချိန်မှာ ပစ်ခတ်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်လို့ ဒေသခံတွေကပြောပါတယ်။ “မနေ့က…
Read Moreအမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းအောင်စိုး၊ ဦးမျိုးအောင်နဲ့ ဦးဆန်နီတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့အမှုဖွင့်
နေပြည်တော် ဧပြီ ၃-၂၀၁၉ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသက အကြီးစားရွှေလုပ်ကွက်တွေမှာ တရားမဝင် ရွှေသတ္ထုတူးဖော်သူတွေနဲ့ အဂတိလိုက်စားပြီး ရွှေခိုးထုတ်ရာရာမှာ ပူးပေါင်းပါဝင်တဲ့ တာဝန်ကျဝန်ထမ်းတွေကို စုံစမ်းဖော်ထုတ်အရေးယူပေးဖို့  ဦးထွန်းအောင်စိုး (အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ) က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ တိုင်ကြားစာအရ စစ်ဆေုမှုတွေ ပြုလုပ်ခဲ့ပြီးနောက် မမှန်မကန်ပြောဆိုဖို့ သင်ကြားပေးတာတွေအပါအ၀င် နိုင်ငံဝန်ထမ်းတွေကို နစ်နာစေဖို့ရည်ရွယ်ပြီး မမှန်မကန် တိုင်ကြားတဲ့ ဦးထွန်းအောင်စိုးကို အဂတိတိုက်ဖျက်ရေးဥပဒေ ပုဒ်မ၅၉နဲ့ အမှုဖွင့်လှစ်ထားသလို ကူညီပေးခဲ့ကြတဲ့ ဦးမျိုးအောင်နဲ့ ဦးစိုးအောင်တို့ ကို ၅၉/၆၃နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ “သုံးယောက် ကိုဖွင့်ထားတယ်။ဒါမေယ့် လောလောဆယ် တစ်ယောက်ကိုပဲ မိသေးတယ်၊ဖမ်းဆီးပြီးတော့ ရမန်တောင်းးထားတယ်”လို့ နေပြည်တော်က အမှတ်(၁)ရဲစခန်းရဲ့ စခန်းမှူး ဦးတင်မိုးထွန်းကပြောပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ပေးပို့လာတဲ့ တိုင်ကြားစာတွေအနက် ရာခိုင်နှုန်း တစ်ခုသည် သဘောရိုးနဲ့ မှားယွင်းတိုင်ကြားတဲ့ တိုင်ကြားစာများဖြစ်တဲ့အတွက်…
Read Moreသူရဦးရွှေမန်းရဲ့ “ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ” ကော်မရှင်က တည်ထောင်ခွင်ပြု
နေပြည်တော် ဧပြီ၎-၂၀၁၉ ကိုထွန်း(VOM) သူရဦးရွှေမန်းဦးဆောင်ဖွဲ့စည်းနေတဲ့ “ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီကို မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်ကနေ ဖွဲ့စည်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ ပါတီရဲ့CEC.အဖွဲ့ကို သူရဦးရွှေမန်း၊ ဦးကျော်စန်း ဒေါက်တာခင်မောင်ဆွေ၊ ဒေါက်တာခင်မြလွင်၊ ဒေါက်တာစိုးမိုးအောင်၊ဦးစောလှထွန်း၊ဦးဌေး၊ဦးတင်မောင်ဦး၊ဦးဘိုဝင်း၊၊ဦးဘုန်းဆွေ၊ဦးမြင့်ဆွေ၊ ဦးမြင့်ထွန်း၊ ဦးမြတ်သိန်းထွန်း၊ဦးရဲမြင့်၊၊ဦးဝင်းသန်း၊၊ဦးဝင်းဦး၊၊ဦးသိန်းဝင်း၊ဦးအေးဟန်၊ဦးအောင်မြင့် တို့နဲ့ ဖွဲ့စည်း ထားတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကနေ ခွင့်ပြုတယ်လို့ အကြောင်းကြားခဲ့တဲ့အတွက် ပါတီရဲ့တံဆိပ်၊ အလံ၊ ပါတီမှတ်ပုံတင်ရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ဧပြီလလေးရက်နေ့ မနက်ပိုင်းက ပါတီဥက္ကဌသူရဦးရွှေမန်းရဲ့ နေအိမ်မှာ အစည်းအဝေးပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။ သူရဦးရွှေမန်းအနေနဲ့ “ချစ်ခင်လေးစားရပါသော.ပြည်သူလူထုကြီးခင်ဗျာ.ယနေ့ကျွန်တော်တို့နိုင်ငံမှာအမျိုးသားရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီဖက်ဒရယ်နိုင်ငံထူထောင်ရေးအပါအဝင်အခြေခံဥပဒေပြင်ဆင်ရေး စတဲ့ အရေးကြီးတဲ့ တိုင်းပြည်ရဲ့အခန်းကဏ္ဍတွေမှာ တကယ်အလုပ်လုပ်နိုင့်မယ့် ၊ပြည်သူကိုတကယ်စေတနာထားဆောင်ရွက်မယ့် ပြည်ထောင်စုကောင်းကျိုးဆောင်ကျဉ်းနိုင်မယ့် လူပုဂ္ဂိုလ်၊ပါတီ၊အဖွဲ့အစည်းမျိုးကို ပြည်သူများက ပြည်သူ့အားနဲ့ဝိုင်းဝန်းချီးမြှောက်ပေးကြဖို့အချိန်ရောက်ပါပြီလို့ အကြံပြုတင်ပြလိုက်ရပါကြောင်း” ဖေ့ဘုတ်စ် စာမျက်မျက်နှာကနေ တိုက်တွန်းထားပါတယ်။ #voiceofmyanmar #ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ #သူရဦးရွှေမန်း #ရွေးကောက်ပွဲ
Read Moreဧပြီ ၂ရက်က လေပြင်းကြောင့် ပြည်ရွှေဆံတော်စောင်းတန်းပြိုကျခဲ့
ပြည် ဧပြီ ၃=၂၀၁၉ ဂျန်ကိုးလ် ( VOM) ပဲခူးတိုင်းပြည်မြို့မှာ ဧပြီလ၂ရက်ညနေက အချိန်အခါမဟုတ် မိုးရွာလေပြင်းတိုက်ခတ်ခဲ့တာကြောင့် ရွှေဆံတော်စေတီမြတ်ကြီးရင်ပြင်တော်ပေါ်ရှိ ရုပ်ပွားတော်၆ဆူစောင်းတန်းပြိုကျခဲ့ပါတယ်။ အခြားအဆောက်အဦတချို့အနည်းငယ်ထိခိုက်ခဲ့သော်လည်းရွှေဆံတော်စေတီမြတ်ကြီးကတော့အထိအခိုက်မရှိခဲ့ဘူးလို့ဂေါပကအဖွဲ့ကပြောပါတယ် ။ “အဓိကတွေ့ရှိတာကတော့ အင်္ဂါထောင့်ဘက်မှာ ဆင်းတုတော် ခြောက်ဆူရှိတဲ့တန်ဆောင်းပေါ့ အဲတာအမိုးပြိုကျသွားပါတယ် ဒီပြင်ဟာကတော့ ပြောပလောက်တဲ့အထိ မရှိပါဘူး ပဌာန်းယာယီမဏ္ဍပ်ကတော့အမိုးလန်သွားတယ်ပေါ့ သစ်ကိုင်းကျိုးသွားတာ အနည်းအပါးလောက်ပါပဲ စေတီတော်ကြီးကတော့ ဘာမှထိခိုက်ပျက်ဆီးမှုမရှိပါဘူး” ရွှေဆံတော်စေတီ ဂေါပကအဖွဲ့ဝင် ဦးမောင်မောင်ကြီးကပြောပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်ထွေအုပ် ရဲတပ်ဖွဲ့ တိုင်းအစိုးရတို့ကိုအချိန်နဲ့တပြေးညီအကြောင်းကြားတင်ပြပြီး ဂေါပကအဖွဲ့ အရေးပေါ်အစည်းအဝေးခေါ်ပြီးအမြန်ဆုံးပြန်လည်ပြုပြင်ဘို့ ပညာရှင်ကိုခေါ်ဆောင်ထားပြီဖြစ်ကြောင်း သူကဆက်ပြောပါတယ်။ ပြည်မြို့ပေါ်မှာ လေပြင်းတိုက်ခတ်မိုးရွာမှုကြောင့် အဆောက်အဦတချို့အမိုးလန်ပျက်ဆီးခြင်းနဲ့ သစ်ပင်များပြိုလဲတာတွေ လျှပ်စစ်မီးများပြတ်တောက်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောကြပါတယ် ။ #voiceofmyanmar #ပြည် #ရွှေဆံတော် #လေပြင်းကျ #စောင်းတန်းပြို
Read MoreAA လက်နက်ကိုင်အဖွဲ့ ပလက်ဝမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ မနှောင့်ယှက်ရန် ခူမီးချင်းမျိုးနွယ်စု ကြေညာချက်ထုတ်
ပလက်ဝ ဧပြီ ၃-၂၀၁၉ မိုင်ချယ်ရီ(VOM) ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို AAလက်နက်ကိုင် အဖွဲ့အနေနဲ့ ပစ်မှတ်ထား တိုက်ခိုက်တာတွေ မလုပ်ဖို့ ခူမီးချင်းမျိုးနွယ်စုများရေးရာအတိုင်ပင်ခံကောင်စီ က ဧပြီလ ၂ ရက်နေ့ ရက်စွဲ နဲ့ ထုတ်ပြန်ကြေညာချက်လိုက်ပါတယ်။ ဒီလို ထုတ်ပြန်ရတာကတော့ ပလက်ဝမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်တဲ့ ကုလားတန်မြစ်ကူးတံတားစီမံကိန်း အစိတ်အပိုင်းတွေကို AA လက်နက်ကိုင်အဖွဲ့က မတ်လ (၁၉) ရက်နေ့က ဖျက်ဆီးခဲ့သလို မတ်လ ၃၀ ရက်နေ့မှာလည်း ပလက်ဝမြို့နဲ့ ဇိုရမ်ပူမြို့အကြား ကားလမ်းဖောက်လုပ်နေတဲ့ လုပ်ငန်းခွင်က အလုပ်သမားတွေကို ဖမ်းဆီးခေါ်ဆောင်တာတွေနဲ့ စက်ယန္တရားတွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် အခုလို ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ကြေညာချက်ထဲမှာတော့ AA လက်နက်ကိုင်အဖွဲ့ အနေနဲ့ ပလက်ဝမြို့နယ်ရဲ့ တည်ငြိမ်အေးချမ်းရေး နဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ ကို…
Read Moreကျောက်တော်မြို့နယ် ကန်ဇောက်ရဲကင်းစခန်းမှာ ရဲအချင်းချင်းပစ်ခတ်လို့ တစ်ဦးသေ
ကျောက်တော်၊ ဧပြီ ၃-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ ကျောက်တော်မြို့နယ်အတွင်းက ကန်ဇောက်ရဲကင်းစခန်းမှာ ရဲအချင်းချင်း ခိုက်ရန်ဖြစ်ပွားကြပြီး ပစ်ခတ်မှုတစ်ခု မနေ့ ဧပြီလ ၂ ရက်နေ့ နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီပစ်ခတ်မှုကြောင့် သေဆုံးသူမှာ တင်းမရဲစခန်းမှူး ရဲအုပ် မောင်မောင်လေးဖြစ်ပြီးတော့ အဲ့ဒီနေရာမှာပင် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ “ဟုတ်ပါတယ်။ မနေ့က နေ့လယ်ပိုင်းမှာဖြစ်တာပါ။ အချင်းချင်းစကားများပြီးတော့ ဖြစ်တယ်လို့သိရပါတယ်။ လောလောဆယ်မှာတော့ စစ်ဆေးနေတုန်းဖြစ်ပါတယ်။”လို့ ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့ကပြောပါတယ်။ ရဲအရာရှိကို သေနတ်နဲ့ပစ်ခတ်လိုက်တဲ့ ရဲတပ်ဖွဲ့ဝင်ကိုတော့ ကျောက်တော်မြို့မရဲစခန်းမှာ ထိန်းသိမ်းချုပ်နှောင်ထားတာ ဖြစ်ပါတယ်။ “ပစ်ခတ်တာက ရဲတပ်ကြပ်ကြီး ကျော်အေးစိန်ကပစ်လိုက်တာပါ။ အခုသူ့ကို ကျောက်တော်စခန်းမှာချုပ်ထားတယ်။ စစ်ဆေးမှုတွေပြုလုပ်နေတယ်။”လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ ပစ်ခတ်ခံရပြီးသေဆုံးသူ ရဲအုပ်မောင်မောင်လေးရဲ့ မူလတာဝန်မှာ ကျောက်တော်မြို့နယ် တင်းမရဲကင်းစခန်းမှူး…
Read Moreညမထွက်ရအမိန့် ထုတ်ပြန်ရုံနဲ့တရားဥပဒေစိုးမိုးမှုမရရှိလာနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေပြော
စစ်တွေ၊ ဧပြီ ၃-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြို့နယ်ငါးမြို့နယ်အတွင်းမှာ ဧပြီလ ၂ ရက်ညနေပိုင်းကစတင်ပြီး တော့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဒေသတည်ငြိမ်မှုမရှိဘူးဆိုပြီး ပုဒ်မ ၁၄၄ ကိုထုတ်ပြန်ရတာဖြစ်ပေမယ့် ရခိုင်ပြည်နယ်ရဲ့လက်ရှိအခြေအနေအရ အဲ့ဒီအမိန့်ကိုထုတ်ပြန်လိုက်တာကြောင့် တရားဥပဒေစိုးမိုးမှုကို ရရှိလာနိုင်မှာမဟုတ်ကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းကပြောပါတယ်။ “အခုဖြစ်နေတာက လူထုကြားထဲမှာ အချင်းချင်းဖြစ်နေတဲ့ပုံစံမျိုးမဟုတ်ဘူး။ ဒါက နိုင်ငံရေးပြဿနာဖြစ်တယ်။ နိုင်ငံရေးအရ ဆွေးနွေးမှုတွေမှာ အဖြေတစ်ခုမရနိုင်သရွေ့တော့ ၁၄၄ ပဲထုတ်ထုတ် ဘာပဲထုတ်ထုတ် တည်ငြိမ်အေးချမ်းလာမယ်လို့တော့ ကျွန်တော်မမြင်ဘူး။” လို့သူကပြောပါတယ်။ အခုလိုမျိုး ညမထွက်ရအမိန့်ကို ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တွေမှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး အဲ့ဒီအမိန့်ကိုထုတ်ပြန်ရတာဟာ နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးတွေကို ထိခိုက်စေတဲ့ အကြမ်းဖက်မှုတွေရှိလာနေတဲ့အတွက် ထုတ်ပြန်ရတာဖြစ်တယ်လို့…
Read More