ဖားကန့် နွံကန်ပြိုမှုမှာ သေဆုံးသူစုစုပေါင်း ၅၄ ဦးနဲ့ စက်ယန္တရား အစီး ၄၀ ဆုံးရှုံး

ဧပြီ ၂၃-၂၀၁၉ သစ်တော် (VOM) ဖားကန့် မြို့နယ် ဗလခရွာထိပ်အနီး နွံကန်ပြိုကျမှုဖြစ်ပွားခဲ့တာကြောင့် သေဆုံးသူစုစုပေါင်း ၅၄ ဦးနဲ့ စက်ယန္တရား အစီး ၄၀ ဆုံးရှုံးခဲ့တယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က (VOM) ကိုပြောပါတယ်။ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးပြောပြတာကတော့ ”ဖြစ်တာက ဒီနေ့မနက် ၁၂ နာရီ မိနစ် ၂၀ချိန်မှာဖြစ်တယ်ဖြစ်စဉ်ကအဲ့ဒီလုပ်နေတဲ့လုပ်ကွက်နားလေးကကျင်းကအစောက်ထဲရောက်နေတာ အပေါ်မှာအနက်ပေ ၁၀၀ အကျယ်က ၅ ဧကလောက် ရှိတဲ့နွံကန်ကြီးရှိနေတာပေါ့ သူတို့ကျင်းကအောက်ဖက်ကိ်ုရောက်နေတဲ့အခါအဲ့ဒီ နွံကန်ကြီးကပေါက်ကျပီး နွံတွေနဲ့လုပ်ငန်းလုပ်နေတဲ့ မြေယန္တရားတွေပေါ် ကျလာတဲ့အခါ လူတွေရော စက်တွေပါဆုံးရှုံးရတဲ့အနေအထားပေါ့ ကန်ပြိုမှုမှာ သေဆုံးသူစုစုပေါင်း ၅၄ ဦးနဲ့ စက်ယန္တရား အစီး ၄၀ ဆုံးရှုံး ခဲ့ပါတယ်လို့” သူကပြောပါတယ်။ ဒီလူသေဆုံးမှုနဲ့ စက်ယန္တရားတွေဆုံးရှုံးမှုတွေဟာ အဲ့ဒီလုပ်ကွက်မှာလုပ်နေတဲ့နဂါးကိုးကောင်ကုမ္ပဏီနဲ့မြန်မာသူရ ကုမ္ပဏီ တို့ဖြစ်ပြီး နှစ်ခုပေါင်းဆုံးရှုံးခဲ့တာဖြစ်ပါတယ် နစ်မြုပ်ဆုံးရှုံးခဲ့တဲ့စက်တွေကတော့…

Read More

မြစ်ဆုံစီမံကိန်းဟာ  ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်မှာလည်း သက်ရောက်မှုရှိလာနိုင်

မြစ်ကြီးနား ဧပြီ ၂၃-၂၀၁၉ ရန်အောင်ထွန်း (VOM)   ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ ဧပြီလ ၂၂ ရက် မနက်ပိုင်းကပြုလုပ်ခဲ့တဲ့ ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်း ထာဝရရပ်ဆိုင်းရေး လူထုဆန္ဒဖော်ထုတ်ပွဲကျင်းပခဲ့ပါတယ်။ မြစ်ဆုံရေကာတာစီမံကိန်းကို ပြည်​သူ့ဆန္ဒမပါဘဲ အ​ကောင်​အထည်​​ဖော်​ခဲ့ရင်​ လက်ရှိ​ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာ အကျိုးသက်ရောက်မှု ရှိလာနိုင်တယ်လို့ မြစ်ဆုံစီမံကိန်းအပြီးတိုင်​ဖျက်​သိမ်း​ရေး ဆန္ဒထုတ်​​ဖော်​သူ​တွေက ဆိုပါတယ်​။  ဆန္ဒပြပွဲကို ကို်ယ်တိုင်သတင်းသွားယူခဲ့တဲ့ ဗီအိုအမ်သတင်းဌာနက ကိုရန်အောင်ထွန်းကနေ သတင်းပေးပို့ထားပါတယ်။   #voiceofmyanmar  #မြစ်ကြီးနား #မြစ်ဆုံစီမံကိန်း

Read More

မက္ကဆီနိုင်ငံမှာ အသတ်ခံရသူဦးရေ သုံးလအတွင်း ၈၅၀၀ နီးပါးရှိနေ

မက္ကဆီကိုစီးတီး၊ ဧပြီ၂၃-၂၀၁၉ မျိုးဆက် (VOM) မက္ကဆီကိုနိုင်ငံမှာ ယခုနှစ်ပထမ သုံးလအတွင်း လူ ၈၅၀၀ နီးပါးအသတ်ခံခဲ့ရပြီး ဒီအရေအတွက်ဟာ နို်င်ငံမှာဖြစ်ပွားတဲ့ လူသတ်မှုတွေရဲ့ ၁၀ ရာခိုင်နှုန်းနီးပါးရှိတယ်လို့ မက္ကဆီကို အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ ဒီဇင်ဘာ ၁ ရက်မှာ မက္ကဆီကိုသမ္မတ လိုပက်ဇ်အိုဘရာဒေါ အာဏာရပြီးနောက်ပိုင်း အသေအပျောက်အများဆုံး ပစ်ခတ်တိုက်ခိုက်မှုအဖြစ် ဗရာခရုဇ် ဒေသက စားသောက်ဆိုင်မှာ လူ ၁၃ ဦးသေဆုံးခဲ့ပြီး အခုသီတင်းပတ်ကုန်အထိ အသတ်ခံရသူဦးရေမှာ မြင့်တက်ခဲ့တယ်လို့ အများပြည်သူလုံခြုံရေးဆိုင်ရာအဖွဲ့ရဲ့ အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြပါတယ်။ ဇန်န၀ါရီလကနေ ဧပြီလအကြား လူ ၈၄၉၃ ဦးအသတ်ခံခဲ့ရပြီး နှစ်မကုန်မီ လူသတ်မှု ၃၃၉၀၀ ရှိလာနိုင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ နိုင်ငံတစ်ဝန်း လူ ၃၃၅၀၀ ဦးအသတ်ခံခဲ့ရပြီး ၁၉၉၇ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးအခြေအနေဖြစ်ပါတယ်။ အများပြည်သူဘေးကင်းလုံခြုံမှုကို…

Read More

ပူတင်နဲ့ ထိပ်သီးဆွေးနွေးပွဲအတွက် ကင်ဂျုံအန် ရုရှားခရီးစဉ် မြောက်ကိုရီးယားအတည်ပြု

ဆိုးလ်၊ ဧပြီ ၂၃-၂၀၁၉ မျိုးဆက် (VOM) မြောက်ကိုရီးယားခေါင်းဆောင်း ကင်ဂျုံအန်ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ထိပ်သီးဆွေးနွေးပွဲအတွက် ရုရှားနိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက အတည်ပြုလိုက်ပါတယ်။ မြောက်ကိုရီးယားအပေါ် အမေရိကန်က အရေးယူပိတ်ဆို့တွေ ဆက်လက်ထားရှိပြီး ဆွေးနွေးပွဲတွေ ရပ်တန့်တာတွေကို ဦးတည်စေခဲ့တဲ့ ဖေဖော်ဝါရီလက ဟနွိုင်းမှာပြုလုပ်တဲ့ ဒုတိယအကြိမ် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ ပျက်ပြားပြီးနောက်ပိုင်း ကင်ဂျုံအန်ဟာ ရုရှားခရီးစဉ်နဲ့အတူ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွေအတွက် နိုင်ငံခြားထောက်ခံတာတွေ ပိုမိုရရှိဖို့ လုပ်ဆောင်ဖွယ်ရှိနေပါတယ်။ ကင်ဂျုံအန်ရဲ့ ရုရှားခရီးစဉ်ဟာ မကြမီအချိန်အတွင်းသွားရောက်မှာဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ထုတ်ပြန်ကြေညာခဲ့ပြီး အချိန်နဲ့ နေရာကိုတော့ အသေးစိတ်ဖော်ပြထားတာမရှိပါဘူး။ ပူတင်နဲ့ ကင်ဂျုံအန်ဟာ ဧပြီလအကုန်မှာတွေ့ဆုံကြမယ်လို့ ရုရှားသမ္မတအိမ်တော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က ဧပြီ ၂၂ ရက်က သတင်းထောက်တွေကိုပြောပါတယ်။ ကင်ဂျုံအန်ရဲ့ လက်ထောက်တစ်ဦးဖြစ်သူ ကင်ချန်ဆွန်းဟာ ရုရှားအရှေ့ပိုင်းက ဗလာဒီဗိုစတော့မြို့မှာ ဧပြီ…

Read More

ဖိုလ်ဝင်တောင် မှာ ရှိနေတဲ့မျောက်တွေအတွက် သောက်ရေ ချိုးရေ အတွက် ယင်းမာပင်မီးသတ်ဌာန ကနေရေလှူဒါန်း

ဧပြီ ၂၃၊၂၀၁၉ မိုင်ချယ်ရီ(VOM) ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှု ဇုန်တစ်ခုဖြစ်ပြီး ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်တွေ စိတ်ဝင်တစား လာရောက်လည်ပတ်တဲ့ ယင်းမာပင်မြို့နယ် အတွင်းမှာ ရှိတဲ့ ဖိုလ်ဝင်တောင်(ဖိုးဝင်းတောင်) ပေါ်မှာ နေထိုင်ကျက်စားကြတဲ့ မျောက်တွေအတွင် သောက်ရေ ချိုးရေ အသုံးပြုဖို့ ပြုလုပ်ထားတဲ့ ရေကန်တွေမှာ ရေမရှိတော့တာကြောင့် တစ်ပတ်တစ်ကြိမ် သွားရောက် ရေလှူဒါန်းနေရတယ်လို့ ယင်းမာပင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်ဇေမိုး က ပြောပါတယ်။ ဖိုလ်ဝင်တောင် ပေါ်မှာ အရင်ကတည်းက မျောက်တွေ ချိုးဖို့ သောက်ဖို့ ဆိုပြီး ကျောက်ရေကန်ကြီးတွေ တူးဖော်ထားပါတယ်။အဲ့ဒီရေကန် ကြီးတွေထဲက ရေတွေဟာဆိုရင် မတ်လ ပိုင်းထဲကနေ စတင် ခမ်းခြောက်ပြီး မျောက်တွေ သောက်ဖို့ နဲ့ ချိုးဖို့ ရေမရှိတော့တာကြောင့် တစ်ပတ်ကို တစ်ကြိမ် ရေဂါလံ ၈၀၀ ဆံ့ရေသယ်ကားကြီး နဲ့ သွားရောက် ရေဖြည့်လှူဒါန်း နေရတယ်လို့…

Read More

စစ်တွေမြို့တွင်းကသစ်ပင်တွေကို အလွန်အကျွံမခုတ်ဖို့ လူမှုအဖွဲ့အစည်းတွေက အစိုးရကိုတောင်းဆို

စ်တွေ၊ ဧပြီ ၂၃-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်စစ်တွေမြို့ပေါ်မှာ ထိန်းသိမ်းထားတဲ့ သစ်ပင်တွေကို မြို့နယ်လျှပ်စစ်ဌာနကနေ အခုရက်ပိုင်းအတွင်းမှာ ခုတ်လှဲရှင်းလင်းမှုတွေ ပြုလုပ်ရာမှာ ပင်စည်တွေကိုပါ ခုတ်ယူပြီး ထင်းလောင်စာအဖြစ်ထုတ်လုပ်ရောင်းချနေတဲ့အတွက် တချို့နှစ်ရှည်သစ်ပင်ကြီးတွေ ဆုံးရှုံးနေရတာကြောင့် ဆက်လက်ပြီးတော့ လိုအပ်တာထက် အလွန်အကျွံမခုတ်ဖို့ လူမှုအဖွဲ့ အစည်းတွေက အစိုးရကိုတောင်းဆိုနိုင်ရေးအတွက် ဆွေးနွေးမှုတစ်ခုကို ဧပြီလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။ စစ်တွေမြို့မှာ လျှပ်စစ်ဌာနနဲ့ လမ်းဖောက်လုပ်တဲ့အဖွဲ့အစည်းတွေက သစ်ပင်တွေကိုခုတ်လှဲတာတွေ ပြုလုပ်ခဲ့တဲ့အတွက် သစ်ပင်တွေအများအပြားဆုံးရှုံးခဲ့ရကြောင်းနဲ့ အခုလိုမျိုး ဆက်လက်ပြုလုပ်နေမယ်ဆိုပါက မြို့ရွာလှပသာယာရေးနဲ့ သဘာဝပတ်ဝန်းကျင်တွေကိုပါ ထိခိုက်လာနိုင်တာကြောင့် သစ်ပင်တွေခုတ်လှဲမခံရဖို့အတွက် တားဆီးကာကွယ်မှုတွေ ပြုလုပ်ဖို့ အဲ့ဒီလူမှုအဖွဲ့အစည်းတွေက ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ ဆွေးနွေးပွဲကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်လို့ စိတ်ပါဝင်စားတဲ့အဖွဲ့အစည်း ၉ ဖွဲ့ကတက်ရောက် ဆွေးနွေးခဲ့ကြပြီး ရခိုင်ပြည်နယ်အစိုးရဖွဲ့ကို စာပို့တောင်းဆိုမှုတွေပြုလုပ်သွားမှာဖြစ်သလို သစ်ပင်တွေကို ထိန်းသိမ်း ကာကွယ်ဖို့အတွက် အသိပညာပေးလှုရှားမှုတွေကိုလည်း တိုးချဲ့ပြုလုပ်သွားဖို့အတွက် ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ #voiceofmyanmar #ရခိုင်ပြည်နယ်…

Read More

သင်္ကြန်နောက်ပိုင်း ဘူးသီးတောင်မြို့နယ်မှာ စစ်ဘေးရှောင်တစ်သောင်းကျော်ထိရှိလာ

ဘူးသီးတောင်၊ ဧပြီ ၂၁-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ နေရပ်စွန့်ခွာ ထွက်ပြေးလာခဲ့ကြတဲ့  စစ်ဘေးရှောင်အရေအတွက်ဟာ သင်္ကြန်ကာလနောက်ပိုင်းမှာ တစ်သောင်းကျော်အထိ ရှိလာနေပြီဖြစ်ပါတယ်။   ဘူးသီးတောင်မြို့နယ်မှာ သင်္ကြန်ကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့ကနေ ၂၀ ရက်နေ့တွေမှာ နေရပ်စွန့်ခွာထွက်ပြေးလာခဲ့တဲ့ ကျေးရွာပေါင်း ၁၀ ကျော်ထိရှိခဲ့တာဖြစ်ပါတယ်။   “စစ်ဘေးရှောင်အရေအတွက်က ခန့်မှန်းခြေအားဖြင့်ဆိုရင် ကျေးရွာပေါင်း ၁၀ ကျော်မှာ အနည်းဆုံး တစ်သောင်းကျော်ရှိနိုင်ပါတယ်။ သူတို့ကတော့ ယာယီကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေကြပါတယ်။ တချို့နေမကောင်းသူတွေ၊ အသက်ကြီးပိုင်းတွေကိုတော့ မြို့ပေါ်မှာ ထားတယ်။ တခြားလူတွေကတော့ သူတို့နီးစပ်ရာစခန်းတွေမှာနေကြပါတယ်။”လို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကပြောပါတယ်။   ဘူးသီးတောင်မြို့နယ်အတွင်း စစ်ဘေးရှောင်တွေဟာ မြို့ပေါ်ကယ်ဆယ်ရေးခစန်းဖြစ်တဲ့ ရန်အောင်မြေ ဘုန်းတော်ကြီးကျောင်းမှာ အသက်ကြီးပိုင်းတွေကိုထားရှိပြီး စေတီတောင်ကယ်ဆယ်ရေးစခန်းမှာ ၂၀၀၀ ကျော်၊ ဆင်ခုန်းတိုင်ကယ်ဆယ်ရေးစခန်းမှာ ၂၀၀၀…

Read More

အိုင်ဗရီကို့စ်မှာ မြန်မာ့ဆန်လို့ပြောပြီးဖျက်တဲ့ကိစ္စ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် လက်မခံ

ရန်ကုန် ၊ဧပြီ ၂၂ -၂၀၁၉ TGH (VOM)   မြန်မာ့ဆန်တွေ အာဖရိက အိုင်ဗရီကို့စ်နိုင်ငံမှာ ဖျက်ဆီးခံလိုက်ရတဲ့ကိစ္စဟာ သမရိုးကျဟုတ်ရဲ့လား ၊လုပ်ထုံးလုပ်နည်းတွေနဲ့မှန်ရဲ့လားဆိုတာကို လေ့လာဆန်းစစ်ပြီး သံတမန်နည်းလမ်းအရတုံ့ပြန်သွားမှာဖြစ်သလို မြန်မာ့ဆန်ကို စားသုံးရန်မသင့်ဆိုတဲ့ပြောဆိုချက်ကို ကန့်ကွက်တယ်လို့ UMFCI နဲ့ မြန်မာနိုင်ငံဆန်စပါစအသင်းချုပ် ရဲ့ တာဝန်ရှိသူတွေက ဒီကနေ့မှာ တရားဝင်ဖြေရှင်းပြောဆိုလိုက်ပါတယ်။   “အဲ့ဒီနိုင်ငံက တာဝန်ရှိတဲ့သူတွေ ၊ မြန်မာဆန်စားသုံးရန်မသင့်ဆိုပြီး ဖျက်ဆီးလိုက်တဲ့ အဖွဲ့အစည်းအနေနဲ့ မြန်မာ့ဆန်သေချာရင်ဘာကြောင့် မြန်မာနိုင်ငံကိုအကြောင်းမကြားခဲ့တာလဲ၊ မြန်မာနိုင်ငံရဲ့သံရုံးကို ဘာကြောင့်မဆက်သွယ်ခဲ့တာလဲ။ ခုလိုအကြောင်းမကြားဘဲ မျက်ကွယ်မှာ မြန်မာဆန်လို့ပြောတာကို တရားဝင်ကန့်ကွက်တယ်။ ရှုံ့ချပါတယ်။”လို့ UMFCI ရဲ့ဗဟိုအလုပ်မှုဆောင် ဦးအေးလွင်က ပြောပါတယ်။   ဒါကြောင့် မြန်မာ့ဆန်ကို စားသုံးရန်မသင့်ဆိုတဲ့ကိစ္စရပ်ဟာ မြန်မာနိုင်ငံရဲ့အားနည်းချက်မဟုတ်သလို မြန်မာ့ဆန်အရည်အသွေးညံ့တာကြောင့်မဟုတ်တဲ့အတွက် ဆန်ရောင်းချသူတွေအနေနဲ့ မြန်မာနိုင်ငံမှာတာဝန်မရှိဘဲ ၊ ဆန်ဝယ်ယူသွားတဲ့ Buyer မှာသာ တာဝန်အရှိဆုံး ၊ အသက်ဆိုင်ဆုံးဖြစ်တယ်လို့…

Read More

ပေါက်တောမြို့နယ်က ချောင်းထဲမှာ လူသေအလောင်းတစ်လောင်းတွေ့ရှိ

ပေါက်တော၊ ဧပြီ ၂၂-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်းရှိ တန်းမျက်ချောင်းဝအနီးမှာ သေဆုံးနေတဲ့အမျိုးသမီးတစ်ဦးရဲ့လောင်းကို ဒီကနေ့မနက်ပိုင်းက တွေ့ရှိခဲ့တာဖြစ်ပါတယ်။   အဲ့ဒီသေဆုံးနေသူအမျိုးသမီးမှာ ငပြီတက်ကျေးရွာမှ မအေးဝင်းနိုင် ၂၂ နှစ်ဖြစ်ပြီး ဧပြီလ ၂၁ ရက်နေ့ညနေပိုင်းကနေ ပျောက်ဆုံးနေတာဖြစ်ကြောင်းနဲ့ ဒီကနေ့မနက်ပိုင်းမှာ အလောင်းကိုချောင်းအတွင်း သေဆုံးလျက်တွေ့ရတာဖြစ်တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။   “သူက မနေ့ကညနေပိုင်းကနေ အိမ်ကပျောက်သွားတယ်လို့သိရတယ်။ ဒီကနေ့မနက်ပိုင်းမှာတော့ သူ့အလောင်းကို တန်းမျက်ချောင်းရွာ ချောင်းဝအနီးမှာ တွေ့ရတာဖြစ်ပါတယ်။ လူသတ်သွားတာလည်းဖြစ်နိုင်ပါတယ်။ အခုတော့ ဆေးရုံကိုပို့ဆောင်ထားပါတယ်။”လို့ ငပြီတက်ကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။   သေဆုံးသူအမျိုးသမီးမှာ ဝတ်ဆင်ထားတဲ့ လက်ဝတ်ရတနာတွေကိုမတွေ့ရတော့ဘဲ လက်ပါတ်နာရီတစ်လုံးတည်းကိုသာ တွေ့ရကြောင်းနဲ့ လက်ဝတ်ရတနာတွေကိုယူပြီး သတ်ဖြတ်ခဲ့တာဖြစ်နိုင်ကြောင်း ကျေးရွာသားတွေက ပြောပါတယ်။   “သူ့မှာ လက်စွပ်၊ နားဋောင်း၊ လက်ကောက်တွေပါတယ်။ ကာလတန်ဖိုး ကျပ်သိန်း ၂၀ ကျော်လောက်ရှိမယ်လို့ပြောတယ်။ အခုအလောင်းမှာက လက်ပါတ်နာရီတစ်လည်းတည်းပဲ…

Read More

ဆုံးရှုံးသွားတဲ့ သစ်ပင်သစ်တောတွေအစား ပြန်လည်ကုစားဖို့ သစ်ပင်စိုက်ပျိုးရေး ရန်ကုန်တိုင်းက စမယ်

နေပြည်တော် ဧပြီ ၂၂-၂၀၁၉ ဒီပ(နေပြည်တော်)   မြန်မာနိုင်ငံအတွင်း ဆုံးရှုံးသွားခဲ့တဲ့ သစ်ပင်သစ်တောများအစား ပြန်လည်ကုစားရန်အတွက် သစ်ပင်များစိုက်ပျိုးရေး ရန်ကုန်တိုင်းဒေသကြီးကနေ စတင်လုပ်ဆောင်သွားမယ်လို့ ရန်ကုန်အခြေစိုက် အနာဂတ်အတွက် သစ်ပင်စိုက်သူများ(ယာယီ)အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးတင်မျိုးသူက ပြောပါတယ်။ “အခုလိုစိုက်ပျိုးဖို့ ရည်ရွယ်ချက်ဖြစ်လာတာက ကျွန်တော်တို့နိုင်ငံမှာ ဆင်းရဲ့တဲ့လူတန်းစားက (၉၅)ရာခိုင်နှုန်းလောက်ရှိတယ် အဲယားကွန်းနဲ့မနေနိုင်တဲ့သူ အဲ့ဒီလိုလူတွေက အပူဒဏ်ကို ခံစားနေရတယ် ပြောရရင် အရိပ်အောက်မှာ အနားယူနိုင်တဲ့ အခြေအနေမရှိတဲ့သူတွေပေါ့ အဲ့ဒီလို အပူဒဏ်ခံစားနေရတဲ့ သူတွေရယ် ဆုံးရှုံးသွားတဲ့ သစ်တောတွေနေရာမှာ ပြန်ပြီးတော့ အစားထိုးနိုင်ဖို့နဲ့ စိုက်တဲ့သူဘက်က အင်အားများလာရင် ခုတ်တဲ့သူတွေဘက်က အလိုလိုရပ်တန့်သွားမယ်လို့ ခံယူချက်လည်း ရှိပါတယ်  ရန်ကုန်ကနေစမယ် ပြီးရင် အသင်းအဖွဲ့တစ်ခုရအောင်လျှောက်မယ် တစ်နိုင်ငံလုံးမှာ ဒီလိုအစုအဖွဲ့တွေ ထပ်ပြီးပေါ်လာဖို့ ရည်ရွယ်ချက်ရှိတယ် လူတန်းစားမျိုးစုံပါဝင်တယ် လာမယ့်တနင်္ဂနွေမှာ အစည်းအဝေးရှိတယ် အဖွဲ့အမည်ကတော့ အနာဂတ်အတွက် သစ်ပင်စိုက်ကြမယ်ဆိုတာ ယာယီရွေးထားတယ် စိုက်ပျိုးရေးပညာရှင် သစ်တောနဲ့လျှပ်စစ်…

Read More
VOM News

FREE
VIEW