မလေးရှားသွားမယ့် တရားမ၀င်မြန်မာလုပ်သား ၁၅ ဦး ထိုင်းနိုင်ငံမှာ အဖမ်းခံရ

ဘန်ကောက်၊ မေ-၂- ၂၀၁၉ မျိုးဆက် (VOM)       ထိုင်းနိုင်ငံ ဟက်ယိုင်ခရိုင်ထဲမှာ ပစ်ကပ်ကားတစ်စီးနဲ့ တရားမ၀င်ရောက်လာတဲ့ မြန်မာလုပ်သား ၁၅ ဦးကို ထိုင်းလူမျိုး ကားမောင်းသမားနဲ့အတူ ထိုင်းရဲတွေက မေ ၁ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။     ဟက်ယိုင်ခရိုင်ထဲက အာရှလမ်းမကြီးပေါ်က စစ်ဆေးရေးဂိတ်တစ်ခုမှာ ဘန်ကောက်လိုင်စင်နဲ့ Isuzu D-Max  ပစ်ကပ်ကားကို ထိုင်းရဲတွေက စစ်ဆေးဖို့ တားဆီးပေမယ့် ကားသမားက ရပ်မပေးဘဲ ပြန်ကွေ့ချိန်မှာ လမ်းချဲ့ဖို့လုပ်နေတဲ့ မြောင်းထဲကို ကားကထိုးကျခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။       ဒီအချိန်မှာ ကားသမားက တံခါးဖွင့်ပြီး ထွက်ပြေးသွားပေမယ့် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး ရနှောင်းပြည်နယ်က အသက် ၄၀ နှစ်အရွယ် Sulak Chaosuankluay   ဆိုသူဖြစ်တယ်လို့ အတည်ပြုပါတယ်။    …

Read More

“မင်းသိင်္ခရဲ့ စနေမောင်မောင်ပါဝင်တဲ့ဝတ္ထုတွေကို မူပိုင်ခွင့်နဲ့ ၀ယ်ယူ”

ရန်ကုန် မေ ၂- ၂၀၁၉ သင်းသဒ္ဒါ Golden Hour Entertainment ကတော့ ဆရာကြီးမင်းသိင်္ခ​ရေးသားဖန်​တီးထားတဲ့ စ​နေ​မောင်​​မောင်​ပါဝင်​​တဲ့ဝတ္ထုများကို မူပိုင်ခွင့်နဲ့ ၀ယ်ယူခဲ့ပါတယ်။ ” ဆရာကြီးမင်းသိင်္ခရဲ့ စာ​ပေမူပိုင်​ခွင့်​ရရှိထားတဲ့ ဆရာကြီး၏ ညီမအရင်း ​ဒေါ်သန်းနု​အောင်​ထံကနေ ကို​ကောင်း​ကျော်​ (Golden Hour Entertainment)ကဝယ်​ယူလိုက်​တာဖြစ်​ပါတယ်​။ ဇာတ်​​ကောင်​များကို ရုပ်​ရှင်​အဖြစ်​ ရိုက်​ကူးဖန်​တီးထုတ်​လုပ်​သွားမှာဖြစ်​ပါတယ်။ လက်ရှိမှာ သရုပ်​​ဆောင်​နိုင်းနိုင်း၊​​ဒေါင်း၊​အောင်​မြင့်​မြတ်​တို့ကို​ရွေးချယ်​ထားပါတယ်​။အခြားသရုပ်​​ဆောင်​များကိုလည်း ​ရွေးချယ်​မှာဖြစ်​ပြီး ထပ်​မံ​ကြေငြာသွားမယ်​”လို့ဆိုပါတယ်။ စ​နေ​မောင်​​မောင်​ပါဝင်​​သော ဝတ္ထုဇာတ်​လမ်း၊ဇာတ်​​ကောင်​များကို မူပိုင်​ခွင့်​နဲ့ဝယ်​ယူ​ကြောင်း လက်​မှတ်​ထိုးတဲ့ပွဲကိုတော့ ​မေလ ၂ရက်​ ဒီ​နေ့က ရန်ကုန်မြို့ အလုံမြို့နယ်ရဲ့ Golden Hour Entertainment ရုံးခန်းမှာပြုလုပ်​ခဲ့ရာမှာ သရုပ်​​ဆောင်​နိုင်းနိုင်း၊​​ဒေါင်း၊​အောင်​မြင့်​မြတ်​တို့လည်းတက်​​ရောက်​ခဲ့ပါတယ်​။ သရုပ်​​ဆောင်​နိုင်းနိုင်းနဲ့ Golden Hourရဲ့ ၆ ကား​မြောက်​လက်​တွဲမယ့်​ဇာတ်​ကားဖြစ်​ပြီး၊​ဒေါင်းအ​နေနဲ့ နှစ်​ကား​မြောက်​၊​အောင်​မြင့်​မြတ်​အ​နေနဲ့ ပထမဆုံးဇာတ်​ကားဖြစ်​ပါတယ်​။ Golden Hourအတွက်’သမုဒယနွယ်​’ရုပ်​ရှင်​ကားကြီးရိုက်​ကူး​ပေးထားတဲ့ ဒါရိုက်​တာသီဟစိုးက ‘ဆားပုလင်းနှင်း​မောင်​နဲ့စ​နေ​မောင်​​မောင်​’ဇာတ်​ကားကို ရိုက်​ကူး​ပေးမှာဖြစ်​ပြီး ဒုတိယ​မြောက်​ လက်​တွဲတဲ့ဇာတ်​ကားလည်းဖြစ်​ပါတယ်​လို့ သိရပါတယ်။ ဓာတ်ပုံ…

Read More

ရိုက်တာသတင်းထောက် ၀လုံးနဲ့ ကျော်စိုးဦးတို့ ယူနက်စကိုကပေးတဲ့ သတင်းလွတ်လပ်ခွင့်ဆုရရှိ

ပါရီ၊ မေ-၂-၂၀၁၉ မျိုးဆက် (VOM) မြန်မာနိုင်ငံမှာထောင်ဒါဏ် ခုနှစ်နှစ်ကျခံနေရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သူ ၀လုံးနဲ့ ကျော်စိုးဦးတို့ဟာ ယူနက်စကိုကနေပေးအပ်တဲ့ 2019 UNESCO/Guillermo Cano Press Freedom Prize ဆုကိုရရှိသွားပါတယ်။ ဒီဆုဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်မြင့်တင်သူတွေအတွက် ဂုဏ်ပြုချီးမြှင့်တာဖြစ်ပြီး ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်တဲ့ ၀လုံးနဲ့ ကျော်စိုးဦးတို့ဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက် သူတို့ရဲ့ သတ္တိနဲ့ စွမ်းဆောင်မှုတွေကြောင့် ဆုချီးမြင့်ရတာလို့ ယူနက်စကိုက ထုတ်ပြန်ထားပါတယ်။ ရိုက်တာသတင်းထောက်နှစ်ဦးဟာ ရခိုင်ပြည်နယ်မှာ မြန်မာတပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း စုံစမ်းဖော်ထုတ်ရေးသားနေချိန် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်မှာ အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဒီဇင်ဘာကလည်း အခြားသတင်းထောက်သုံးဦး ၊ သတင်းအဖွဲ့အစည်းတစ်ခုနဲ့အတူ Time မဂ္ဂဇင်းရဲ့ Person of the Year အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အခုရရှိခဲ့တဲ့ Guillermo Cano…

Read More

ဖလော်ရီဒါပြည်နယ်က ဆရာ၊ဆရာမတွေ စာသင်ခန်းထဲမှာ သေနတ်ကိုင်ခွင့် ရတော့မယ်

ဖလော်ရီဒါ၊ မေ-၂-၂၀၁၉ မျိုးဆက် (VOM)   အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ပါ့လန်းရှိ အထက်တန်းကျောင်းတစ်ခုမှာ ပြီးခဲ့တဲ့နှစ်ကဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်တိုက်ခိုက်မှုအပြီး နောက်ထပ် အစုအလိုက်အပြုံလိုက် သတ်ဖြတ်တာတွေကို ကာကွယ်တားဆီးဖို့အတွက် စာသင်ခန်းတွေအတွင်း ဆရာ၊ ဆရာမတွေကို သေနတ် ကိုင်ဆောင်တာကို ကိုခွင့်ပြုတဲ့ ဥပဒေကြမ်းတစ်ရပ်ကို ဖလော်ရီဒါ ဥပဒေပြုလွှတ်တော်က မေ ၁ ရက်မှာ အတည်ပြုလိုက်ပါတယ်။     ဒီဥပဒေကြမ်းကို ဒီမိုကရက်တစ်တွေ နဲ့ ရီပတ်ဘလီကန်အမတ်တွေအကြား နှစ်ရက်အတွင်း နာရီပေါင်းများစွာ ဆွေးနွေးပြီးနောက် ထောက်ခံမဲ ၆၅ မဲ၊ ကန့်ကွက်မဲ ၄၇ မဲနဲ့ ဖလော်ရီဒါအောက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ ဖလော်ရီဒါ အထက်လွှတ်တော်ကတော့ ဒီဥပဒေကြမ်းကို ထောက်ခံမဲ ၂၂ မဲ၊ ကန့်ကွက်မဲ ၁၇ မဲနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က အတည်ပြုခဲ့ပါတယ်။ ဥပေဒကြမ်းကို ဥပဒေအဖြစ်…

Read More

မဏိပူရ်မြစ် အတွင်းရေဆင်းချိုးသည့် ကလေး (၃) ဦး ရေနစ်သေဆုံး

ဖလမ်း မေ ၁ ၊ ၂၀၁၉ မိုင်ချယ်ရီ (VOM)   ချင်းပြည်နယ် ဖလမ်းမြို့ အနီး မဏိပူရ်မြစ်အတွင်း ရေဆင်းချိုးခဲ့တဲ့ ကလေးငယ် ၃ ဦး ရေနစ်သေဆုံးမှု မေလ ၁ ရက်နေ့ မွန်းတည့်ချိန်က ဖြစ်ပွားခဲ့တယ်လို့ ဖလမ်းမြို့မ ရဲစခန်းကနေ သိရပါတယ်။   ဖလမ်းမြို့ ဗလိုင်ရပ်ကွက် ဓမ္မဆရာ ဦးလာလ်ဟရွတ် ဖွင့်လှစ်ထားတဲ့ အင်္ဂလိပ်စကားပြော သင်တန်း မှာ တက်ရောက်နေတဲ့ ကျောင်းသားကျောင်းသူ ၂၉ ဦး စုပေါင်းပြီး ဖလမ်းမြို့နယ် ဗာရ်ကျေးရွာ အနီးမှာ ရှိတဲ့ မဏိပူရ်မြစ် ကမ်းဘေးကို ပျော်ပွဲစားထွက်ခဲ့ကြရာကနေ မြစ်အတွင်းရေဆင်းချို့တဲ့ ကလေးငယ် သုံးဦး ရေနစ် သေဆုံးခဲ့တာဖြစ်ပါတယ်။   သေဆုံးခဲ့သူတွေကတော့ ဖလမ်းမြို့ ဗလိုင်ရပ်ကွက်နေသူ ဦးဆန်ပြောင် ရဲ့ သား မောင်နိုင်လျန်ဆန် (၉)…

Read More

ဖုန်းဟန်းဆက်နဲ့ ဖုန်းအပိုပစ္စည်း ဝယ်ယူတဲ့သူတွေဆီက ကုန်သွယ်ခွန် ၅ ရာခိုင်နူန်း ကောက်ခံရင် အဆင်မပြေနိုင်

ရန်ကုန် ၊မေ ၂-၂၀၁၉ သိင်္ဂီ (VOM)   ဖုန်းဟန်းဆက်နဲ့ ဖုန်းအပိုပစ္စည်းတွေ ဝယ်ယူတဲ့အခါ ဝယ်ယူသူတွေဆီကနေ  ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နူန်း ကောက်ခံမယ့်ကိစ္စနဲ့ပတ်သက်လို့ ပြည်သူတွေအကြားဝေဖန်ပြောဆိုမှုတွေဖြစ်ပေါ်နေပါတယ်။   ပြည်သူတွေအနေနဲ့ ဖုန်းငွေဖြည့်ကတ် သုံးတဲ့အခါမှာလည်း  ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းပေးဆောင်နေရပြီး အခု ဟန်းဆက်တွေနဲ့ ဆက်စပ်ပစ္စည်း ဝယ်ယူသူတွေဆီက ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းထပ်မံကောက်ခံမယ်ဆိုတာအခြေခံလူတန်းစားတွေအတွက် အခက်အခဲ ဖြစ်လာနိုင်သလို တန်ဘိုးမြင့် ပစ္စည်းဝယ်ယူ သူတွေ အတွက်လည်း အဆင်မပြေမှုတွေဖြစ်လာနိုင်တယ်လို့ ဖုန်းအရောင်းဆိုင်တချို့က သုံးသပ်ပြောဆိုထားပါတယ်။   ” ၁သောင်း တန်ပစ္စည်းဝယ်တဲ့အတွက် ၅ ရာခိုင်နူန်းဆိုတာ မပြောပလောက်ပေမယ့် ၃သိန်း တန်းဟန်းဆက်တစ်ခုဝယ်မယ်ဆိုရင်တော့ ပြောစရာဖြစ်လာနိုင်တယ်။ဘာကြောင့်ဆို ၃သိန်းမှာ ကုန်သွယ်ခွန်က ၁၅၀၀၀ ပေးရမယ်။ ဒါဝယ်သူဘက်ကပေးရမှာဖြစ်တယ်။ ဘယ်လိုတွေ ဖြစ်မလဲဆိုတာ စကောက်ပြီဆိုတဲ့နေမှ သေချာသိရမယ်“လို့ ကမာရွတ်မြို့နယ်ထဲက ဖုန်းအရောင်းဆိုင်တစ်ခုက အရောင်းတာဝန်ခံ…

Read More
VOM News

FREE
VIEW