ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်​တွေကို ရာသီဥတုဒဏ် ခိုလှုံဖို့နေရာ​တွေ သတ်မှတ်

ရန်​ကုန်​ ၊ မေ ၄-၂၀၁၉

သူရိန် (VOM)

 

 

ကမ်းနီး၊ကမ်းဝေး ငါးဖမ်းရေယာဉ်​တွေလှိုင်းဒဏ် ၊လေဒဏ် ခိုလှုံနိုင်ဖို့ ပြည်နယ်နဲ့တိုင်း ၄ခုမှာ ရာသီဥတုဒဏ်ခိုလှုံဖို့​ နေရာ​တွေကို ငါးလုပ်ငန်းဦးစီးဌာနက သတ်​မှတ်​​ပေးလိုက်​​ပါတယ်​။

 

ငါးဖမ်း​ရေယာဉ်​​တွေအ​နေနဲ့ ရာသီဥတုဒဏ် ခိုလှုံဖို့သတ်မှတ်ပေးထားတဲ့ ၁၅ နေရာမှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ကမင်းဂံချောင်းအတွင်း ၊ ပေါက်တောမြို့နယ်က ဖရုံဂါကျွန်း ၊ ကျောက်ဖြူမြို့နယ်က ငလပွေ့ချောင်း ၊ သံတွဲမြို့နယ်က ဆင်ခေါင်း ဆိပ်ကမ်းနဲ့ သဗြုချိုင် ၊ တောင်ကုတ်မြို့နယ်က သင်္ဘောဆိပ် ၊ ဂွမြို့နယ်က တင်တောကျေးရွာအုပ်စု ၊ အမော်ချိုင် ၊ ဧရာဝတီတိုင်းငပုတောမြို့နယ်က ဟိုင်းကြီးကျွန်းနဲ့ ပြင်ခရိုင်ချောင်းဝကျေးရွာ ၊ဘိုကလေးမြို့နယ်က ကဒုံကနိကျေးရွာ ၊ မွန်ပြည်နယ်ရေးမြို့နယ်ကဝါးကျွန်းနဲ့ တနင်္သာရီတိုင်း လောင်းလုံမြို့နယ်က လောင်းလုံဘုတ်ကျွန်း၊ မြိတ်မြို့နယ်က တနင်္သာရီကျွန်း၊ ကျွန်းစုမြို့နယ်က ပြင်စဘုကျွန်းတို့ဖြစ်ပါတယ်​။

 

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်မှာရှိတဲ့ ကမ်းနီး၊ကမ်းဝေး ငါးဖမ်းရေယာဉ်​တွေအနေနဲ့မုတ်သုံရာသီအတွင်း ရာသီဥတုဆိုးရွားချိန်​တွေမှာရာသီဥတုဒဏ် ခိုလှုံဖို့အတွက် ရခိုင်ပြည်နယ် ၊ မွန်ပြည်နယ် ၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းတို့မှာခွင့်ပြုနေရာ ၁၅ နေရာ သတ်မှတ်ပေးထားတာပါ။

 

ကမ်းဝေးငါးဖမ်းသင်္ဘောတွေက ရာသီဥတုကို အကြောင်းပြပြီး ကမ်းနီးမှာ ငါးဖမ်းဆီးရင် မြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေအရ အရေးယူသွားမှာပါ။ဒီလိုအရေးယူရာမှာလိုင်စင်ရှိရင်​ စည်းပျက် ငါးဖမ်းသင်္ဘော၊ လိုင်စင်မရှိရင်​ တရားမဝင် ငါးဖမ်းသင်္ဘောအနေနဲ့ အရေးယူပြီး ငါးဖမ်းစီးခွင့် ၃လ ပိတ်သိမ်းခြင်းနဲ့ ဒဏ်ငွေပေးဆောင်စေတာ​တွေနဲ့  အရေးယူသွားမှာဖြစ်​ပါတယ်​။

 

ဒဏ်ကြေးအနေနဲ့ ပထမအကြိမ်ဆိုရင်​ ကျပ် သိန်း ၃၀ ၊ဒုတိယအကြိမ် ဆိုရင်​ ကျပ် သိန်း ၆၀ နှင့် တတိယအကြိမ်ဆိုရင်​ လှေဘဏ္ဍာ သိမ်းယူသည်အထိ အရေးယူသွားမှာပါ။

 

 

ငါးဖမ်းကွက်​တွေအတွင်းမှာ ငါးမဖမ်းရကာလကို ဇွန်လ ၁ ရက်က​နေ သြဂုတ်လ ၃၁ ရက်အထိ သုံးလအကြာသတ်မှတ်ထားပြီး ငါး၊ပုစွန်သားပေါက်ဖွားတဲ့ ရာသီချိန်မှာ ငါးနဲ့သက်ရှိသယံဇာတ​တွေကို ထိန်းသိမ်းနိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပကမ်းဝေး ငါးဖမ်းရေယာဉ်​တွေကိုလည်း ထုတ်ပြန်ချက်နဲ့ ညွှန်ကြားထားပြီး ငါးမဖမ်းရသတ်မှတ်ထားတဲ့ ဧရိယာအတွင်း ကမ်းဝေးငါးဖမ်းလုပ်ကွက်ပေါင်း ၁၅၀ခန့် ရှိ​တယ်​လို့ သိရပါတယ်​။

 

ညွှန်ကြားထားတဲ့ ညွှန်ကြားချက်​တွေကို မလိုက်နာဘဲ ငါးပုစွန် သားပေါက်ချိန်ကာလမှာ ၀ယ်ယူစုဆောင်းတာနဲ့ တင်ပို့တာ​တွေပြုလုပ်​ခဲ့ရင်​ တည်ဆဲဥပဒေနှင့်အညီ အရေးယူသွားမှာဖြစ်​ပါတယ်​။

 

#voiceofmyanmar #ငါးဖမ်းကွက် #ခိုလှုံရာနေရာ

Related posts

Leave a Comment

VOM News

FREE
VIEW