မေ ၆ -၂၀၁၉ မိုးယံ ဇီးကုန်း မေလ ၂ ရက်နေ့ကနေစတင်ပြီးတော့ တစ်ပတ်တာကာလအတွင်း တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် ပဲခူး တိုင်းအနောက်ခြမ်းမှာ ရှိတဲ့လူနေအိမ် တစ်ထောင်နီးပါး ပျက်စီးခဲ့တယ်လို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန က သိရပါတယ်။ မေလ ၂ ရက်နေ့မှာ တစ်ကြိမ် မေလ ၄ ရက်နေ့မှာ တစ်ကြိမ်နဲ့ မေလ ၅ရက်နေ့က ပဲခူးတိုင်းအနောက်ခြမ်း မှာရှိတဲ့ (၁၄)မြို့နယ်မှာ လေပြင်းတွေတိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုတိုက်ခတ်ခဲ့တဲ့လေပြင်းတွေကြောင့် လူနဲ့တိရစ္ဆာန်တွေ ထိခိုက် ပျက်စီး မှုမရှိပင်မယ့် လူနေအိမ်(၃၀၀)ခန့်ပြိုလဲခဲ့ပြီး စာသင်ကျောင်း ဘုန်းတော်ကြီး ကျောင်းအပါအဝင် အဆောက်အဦး တစ်ထောင်နီးပါး ပျက်စီးခဲ့တယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန က သိရပါတယ်။ မေ၂ရက်နေ့က တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် မိုးညိုမြို့နယ် မှာ ပျက်စီး ခဲ့တဲ့…
Read MoreDay: May 6, 2019
ရခိုင်နယ်စပ်လုံခြုံရေး လျှပ်စစ်မီးသွယ်တန်းဖို့ အရေးပေါ်ရန်ပုံငွေထဲကနေ ကျပ်သန်း ၆ရာနီးပါး လိုအပ်နေမှု လွှတ်တော်က အတည်ပြုပေးဖို့ ပြည်ထဲရေးပြော
နေပြည်တော်၊မေလ -၆- ၂၀၁၉ ဒီပ(နေပြည်တော်) ရခိုင်ပြည်နယ် နယ်စပ်ဒေသလုံခြုံရေးအတွက် လျှပ်စစ်မီးသွယ်တန်း တပ်ဆင်ခြင်း လုပ်ငန်းများနှင့်စပ်လျဉ်းပြီး အရေးပေါ်ရန်ပုံငွေကနေ ငွေကျပ် ၅၈၇ဒသမ၄၃၇သန်း လိုအပ်နေမှုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးဖို့ မေလ(၆)ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှ ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်သူက ပြောကြားခဲ့ပါတယ်။ “ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အမှတ်(၁)နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့ရုံး ကွပ်ကဲမှုအောက်ရှိ ရခိုင်ပြည်နယ်နယ်စပ်ဒေသ နယ်မြေလုံခြုံရေး အခြေအနေအရ အမှတ်(၁)၊အမှတ်(၂) ၊ အမှတ်(၃)၊အမှတ်(၄) နယ်ခြားစောင့်ရဲကွပ်ကဲမှု တပ်ဖွဲ့ခွဲများ လုံခြုံရေးဆောင်ရွက်လျက်ရှိတဲ့ နယ်ခြားရေးရဲတပ်ဖွဲ့ခွဲများရှိ အုပ်ချုပ်မှုနဲ့ လူနေအဆောက်အဦများမှာ လျှပ်စစ်မီးမရရှိသည့်သေးတဲ့အတွက် လုံခြုံရေးအခြေအနေအရ လျှပ်စစ်မီးသွယ်တန်း တပ်ဆင်ရန် အရေးပေါ် လိုအပ်လျှက်ရှိနေတာကြောင့် စုစုပေါင်း ရန်ပုံငွေကျပ် ၅၈၇ ဒသမ ၄၃၇ သန်း လိုအပ်လျှက်ရှိပါတယ်”လို့ ဒုတိယ၀န်ကြီးက ပြောပါတယ်။ အဲဒီရန်ပုံငွေနဲ့ နယ်ခြားစောင့်…
Read Moreဒေသခံတွေက တစ်သျှူးငှက်ပျောစိုက်ပျိုးမှုဟာ အန္တရယ်ရှိတယ်လို့ ဆိုကြပေမယ့် ပိတ်ပစ်ဖို့မရှိဘူးလို့ ကချင်ပြည်နယ် လယ်/ဆည်ဝန်ကြီးပြော
မြစ်ကြီးနား မေ ၆-၂၀၁၉ ရန်အောင်ထွန်း ကချင်ပြည်နယ်အတွင်း တစ်သျှူးငှက်ပျော စိုက်ပျိုးမှု ပိတ်ပစ်ဖို့ ဒေသခံအများစု တောင်းဆိုနေပေမယ့် ပိတ်ပစ်လိုက်ဖို့ စိတ်ကူးမရှိဘူးလို့ ကချင်ပြည်နယ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီးက ပြောပါတယ်။ လက်ရှိ ကချင်ပြည်နယ်အတွင်းက တစ်သျှူးငှက်ပျောစိုက်ခင်းရှိရာ ဒေသတွေမှာ တစ်သျှူးငှက်ပျော စိုက်ခင်းသုံး မြေသြဇာစားမိလို့ ဒေသခံတွေရဲ့ ကျွဲ နွားသေဆုံးမှုတွေ ၊ ငှက်ပျောခြံအတွင်း ကျွဲ နွား တိရစ္ဆာန် ၀င်တဲ့အခါမှာ နစ်နာကြေးတောင်းမှုတွေ စတဲ့ဖြစ်ရပ်တွေကြောင့် တစ်သျှူးငှက်ပျော စိုက်ပျိုးမှုပိတ်ပေးဖို့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေဆီ တောင်းဆိုချင်တာလို့ လမြန်ကျေးရွာက တောင်သူ ဒေါ်ခေါန်ယမ်းက ပြောပါတယ်။ ယခင်အစိုးရလက်ထက်ကတည်းက တစ်သျှူးငှက်ပျော တရားမ၀င် စိုက်ပျိုးခွင့် ပေးခဲ့တာ၊ နယ်မြေစိုးမိုးမှုနဲ့ တရားဥပဒေစိုးမိုးမှု အားနည်းနေတာ အစရှိတဲ့အချက်တွေကြောင့် လက်ရှိအစိုးရအနေနဲ့ အရေးယူလို့ မရဘူးလို့ ကချင်ပြည်နယ် လယ်ယာစိုက်ပျိုးရေးနှင့်…
Read Moreကန့်ဘလူမြို့နယ် ဘူးကုန်းကတောင်သူတွေ သူတို့မြေတွေပြန်ရရေး မုံရွာမြို့ပေါ်တက် ဆန္ဒပြ
မုံရွာ မေ ၆-၂၀၁၉ ရန်နိုင်စိုး (VOM) စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဘူးကုန်းကျေးရွာက တောင်သူတွေဟာ ပြောင်းစိုက်ခင်းစီမံကိန်းနဲ့ပတ်သတ်ပြီး သိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေကို မူလပိုင်ရှင်တွေထံ ပြန်လည်ပေးအပ်ဖို့ မေလ ၆ ရက်နေ့က မုံရွာမြို့မှာ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြပါတယ်။ အဆိုပါ လယ်ယာမြေတွေကို ၁၉၈၀ ခုနှစ်က မြန်မာ့စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ စီမံကိန်းမြေအဖြစ် နှစ် ၃၀ စာချုပ်နဲ့ စာချုပ် ချုပ်ဆိုခဲ့ပြီး ယခုအခါ စာချုပ်သက်တမ်းပြည့်ပြီဖြစ်တဲ့အတွက် တောင်သူတွေအနေနဲ့ ၄င်းတို့ရဲ့ လယ်ယာမြေတွေကို ပြန်လည်လိုချင်ကြတာပါ။ သိမ်းဆည်းခံရစဉ်က လယ်ယာမြေဧက ၅၀၀၀ ကျော်ရှိရာစီမံကိန်းမအောင်မြင်ရာမှာတော့ တပ်မတော်ကို ဧက ၃၀၀၀ ခွဲပေးခဲ့ပြီး ကျန် ၂၀၀၀ ကျော်ကို ယခုအချိန်ထိ မူလတောင်သူတွေထံ မအပ်နှံပဲ အဆင့်ဆင့်သီးစားချလျှက်ရှိတယ်လို့ တောင်သူတွေက ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး လယ်ယာမြေပြန်လည်ပေးအပ်ဖို့တောင်းဆိုတဲ့ တောင်သူ…
Read MoreDMG က သတင်းထောက်တွေကို ဆောင်းပါးတစ်ပုဒ်နဲ့ အင်တာဗျူးတစ်ပုဒ်ကိစ္စ စစ်ဆေး
စစ်တွေ၊ မေ ၆-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Development Media Group(DMG) သတင်းဌာနကို မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၂) နဲ့ သတင်းတပ်ဖွဲ့ SB က တရားစွဲဆိုထားပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ သတင်းထောက်နှစ်ဦးကို မနေ့ကညနေပိုင်းကနေ စတင်ပြီးတော့ ရဲတပ်ဖွဲ့ကခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်နေတာဖြစ်ပြီး အဲ့ဒီဌာနကဖော်ပြခဲ့တဲ့တောင်းပါးတစ်ပုဒ်နဲ့ ရုပ်သံအင်တာဗျူးတစ်ပုဒ်ကိစ္စတွေကို မေးမြန်းခံခဲ့ရတယ်လို့ သတင်းထောက်ချုပ် နေဝင်းစံကပြောပါတယ်။ “ကျွန်တော်တို့ကို ဘာကြောင့်ခေါ်စစ်နေတာလဲလို့မေးတော့။ ကျွန်တော်တို့သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးအောင်မင်းဦးကို SB ကနေ တရားစွဲထားတယ်လို့ ရဲစခန်းကနေပြောပါတယ်။ သူတို့ဆီကိုတိုင်ကြားတဲ့စာမှာ ဦးအောင်မင်းဦးနဲ့ သက်ဆိုင်သူတွေကို ဆိုပြီးတော့ ပါတယ်လို့သိရတယ်ဗျ။ ကျွန်တော်ကိုတော့ ၂၀၁၈ ခုနှစ်ကဖြစ်ခဲ့တဲ့ မြောက်ဦးမြို့လူထုဆန္ဒပြပွဲကို ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်ကိုရေးထားတဲ့ “မြောက်ဦးမြို့မှာ ကွယ်တဲ့လ”ဆောင်းပါးကိစ္စကိုစစ်တယ်။ ဘာကိစ္စနဲ့စွဲတယ်ဆိုတာတော့ မပြောဘူး။”လို့ နေဝင်းစံကပြောပါတယ်။ SB အနေနဲ့ DMG သတင်းဌာနကိုတရားစွဲဆိုဖို့ တိုင်ကြားတဲ့အခါမှာ…
Read Moreစည်းကမ်းလိုက်နာတဲ့ ကားတွေနဲ့ လူကူးမျဉ်းကျား အသုံးပြုတဲ့ ခရီးသွားတွေကို ဆုချမယ်
ရန်ကုန် ၊ မေ ၆-၂၀၁၉ သူရိန် (VOM) ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂကမ္ဘာလုံးဆိုင်ရာယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှုအတွင်း စည်းကမ်းလိုက်နာတဲ့ကားများနဲ့ လူကူးမျဉ်းကျား အသုံးပြုတဲ့ ခရီးသွားတွေကိုဆုချမယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ၊ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။ ရန်ကုန်တိုင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီရဲ့ ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ၊ ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကို ဒီနေ့မနက်(၇)နာရီခွဲက ရန်ကုန်မြို့၊ မြို့တော်ခန်းမမှာကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ၊ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်ပြောပြတာက ‘ ကမ္ဘာလုံးဆိုင်ရာယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှုကို မေလ ၆ ရက်ကနေ ၁၂ ရက်အထိ ၇ ရက်တိုင်ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီရက်သတ္တပတ်မှာ ယာဉ်စည်းကမ်း၊…
Read MoreICRC ရုံးသုံးမော်တော်ယာဉ်(၅)စီး တင်သွင်းတာမှာ အခွန် ကင်းလွတ်ခွင့်ရရှိရေး သမ္မတပေးတဲ့စာကို တပ်မတော်သားကိုယ်စားလှယ်မေးခွန်းထုတ်
နေပြည်တော်၊မေ ၆-၂၀၁၉ ဒီပ(နေပြည်တော်) အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)က ရုံးသုံးမော်တော်ယာဉ်(၅)စီးကို တင်သွင်းတဲ့အခါ အကောက်အခွန် ကုန်သွယ်လုပ်ငန်းခွန်နဲ့ အထူးကုန်စည်ခွန် ကင်းလွတ်ခွင့်ရရှိရေး နိုင်ငံတော်သမ္မတက စာပို့ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသူရိန်ဇော်က ဒီကနေ့ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ မေးခွန်းထုတ်ခဲ့ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာရှိတဲ့ ICRC ရုံးချုပ်ကနေ မြန်မာနိုင်ငံမှာရှိတဲ့ ICRCရုံးကို လှုဒါန်းမယ့် ရုံးသုံးမော်တော်ယာဉ်(၅)စီးကို အခွန်ကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က အခုလိုပြောကြားသွားခဲ့ခြင်း ဖြစ်ပါတယ်။ “လူသားချင်းစာနာ ထောက်ထားခြင်းဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်တဲ့အခါမှာ အခွန်ကင်းလွတ်ခွင့်ရရှိရေးနဲ့ အခြားအခွင့်အရေး ရရှိရေးတို့အတွက် ICRCနဲ့ သက်ဆိုင်ရာနိုင်ငံတို့ Bilateral Agreememt စာချုပ်များ ချုပ်ဆိုဆောင်ရွက်လျက်ရှိတာကိုလည်း တွေ့ရှိရပါတယ်၊ မိမိတို့နိုင်ငံအနေနဲ့လည်း ICRCနဲ့ အခွန်အရပ်ရပ် ကင်းလွတ်ခွင့် အခြားကင်းလွတ်ခွင့်များ ပေးထားသောအချက်များ ပါဝင်တဲ့ သဘောတူစာချုပ်များ ချုပ်ဆိုထားခြင်းရှိ/မရှိ…
Read Moreကလေးမြို့နယ်က စာသင်ကျောင်း ၁၄မှာ တီးတိန်စာပေ တိုးချဲ့သင်ကြားမယ်
ကလေး – မေ ၆၊၂၀၁၉ မိုင်ချယ်ရီ(VOM) တီးတိန်စာပေ(Zolai) ကို စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ရှိတဲ့ စာသင်ကျောင်း ၁၄ ကျောင်းမှာ ဒီနှစ်ပညာသင်နှစ်ကနေ ထပ်မံတိုးချဲ့ သင်ကြားပေးတော့မှာမို့ အရင်က ၂၉ ကျောင်းနဲ့ပေါင်းရင် စာသင်ကျောင်း ၄၃ထိ သင်ကြားနိုင်တော့မှာ တိုးမြှင့် သင်ကြားလာနိုင်တော့မှာ ဖြစ်ပါတယ်။ တီးတိန်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဦးဂင်ခန်းပေါင် ပြောပြတာက “တိုင်းရင်းသား ကလေးတွေက ကိုယ့်ဘာသာစကား ကို မတတ်တော့ဘူးလေ။ မရေးတတ်တော့ဘူး။ ရေးပြရင်လည်း မဖတ်တတ်တော့ဘူး ဆိုတော့ ကိုယ့်ယဉ်ကျေးမှုနဲ့ စာပေထိန်းသိမ်းလို့ရအောင် ရည်ရွယ်ပြီးတော့ သင်ကြားပေးနေချင်း ဖြစ်ပါတယ်”လို့ ဥက္ကဌ ဦးဂင်ခန်းပေါင် က ပြောပါတယ်။ စာသင်ကျောင်းတွေမှာ တီးတိန်စာပေ သင်ကြားပေးနိုင်ဖို့ ဧပြီလ နောက်ဆုံးပတ်က တီးတိန်စာပေ သင်ကြားပေးမယ့်…
Read More