မွေးနေ့အထိမ်းအမှတ် တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်မယ့် X Box

ရန်ကုန်၊ မေ – ၁၇ -၂၀၁၉

သင်းသဒ္ဒါ (VOM)

 

ဟစ်ဟော့ပ်တေးသံရှင် X Box က မွေးနေ့အထိမ်းအမှတ် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်မယ်လို့ ဆိုပါတယ်။

 

”တစ်နှစ်နဲ့ တစ်နှစ် မတူအောင်လို့ ပရိသတ်ကို Update လေးတွေ ပေးချင်တာကြောင့်ပါ။

ပရိသတ်တွေနဲ့ တသားထဲဖြစ်အောင် ဒီပွဲကိုဖန်တီးထားပါတယ်။ကျွန်တော် ဘဝအတွက် မှတ်တိုင်တစ်ခုအနေနဲ့  ဒီပွဲကိုကျင်းပဖြစ်တာပါ ။ ”လို့ဆိုပါတယ်။

 

အသက် ၂၇ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် မေ ၁၉ ရက် ညနေ ၄ နာရီမှာ ရန်ကုန်မြို့  The Maze Club မှာ ပြုလုပ်သွားမှာဖြစ်ပြီး

ဒုတိယအကြိမ် တစ်ကိုယ်တော်ဖျော်ဖြေမယ့်   X-Boxin House Party ပွဲလို့ သိရပါတယ်။

 

အဲဒီဖျော်ဖြေပွဲမှာ  ရဲရင့်အောင် ၊ ရွှေထူး၊ ထက်ယံ ၊Lil’Z ၊ ငြိမ်းအောင် ၊သားသား ၊ မိစန္ဒီ စတဲ့ တေးသံရှင်တွေလည်းပါဝင်ဖျော်ဖြေမှာဖြစ်ပြီး  တေးသီချင်းအပုဒ် ၅၀ နီးပါးကို သီဆိုကြမှာဖြစ်ပါတယ်။

 

#voiceofmyanmar #တေးသံရှင် X Box #မွေးနေ့ဖျော်ဖြေပွဲ #ရန်ကုန်

 

Related posts

Leave a Comment

VOM News

FREE
VIEW