ဒါကာ၊ မေ-၃၀-၂၀၁၉ မျိုးဆက် (VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လိင်ပိုင်းဆိုင်ရာနှောက်ယှက်စော်ကားခံရတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ပြီးနောက် ဆယ်ကျော်သက်မိန်းကလေးတဦးကို အရှင်လတ်လတ်မီးရှို့အသတ်ခံရတဲ့ တုန်လှုပ်ဖွယ်လူသတ်မှုနဲ့ ပတ်သက်ပြီး လူ ၁၆ ဦးကို စွဲချက်တင်လိုက်ပါတယ်။ အသက် ၁၉ နှစ်အရွယ် နျူဆရက်ဂျာဟန်ရာဖီဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေကို တိုင်ကြားပြီးနောက် ရက်အနည်းငယ်အကြာ ဧပြီ ၆ ရက်မှာတော့ သူမပညာသင်ကြားနေတဲ့ အစ္စလာမ်စာသင်ကျောင်းရဲ့ ခေါင်မိုးပေါ်မှာ ရေနံဆီနဲ့လောင်းပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး စွဲချက်တင်ခံရသူတွေထဲမှာ အဲဒီဘာသာရေးကျောင်းရဲ့ ကျောင်းအုပ်ဆရာဖြစ်သူ ဆာရက်ယူဒီဒိုလာဟာ အဓိကပါဝင်သူ ဖြစ်ပါတယ်။ ကျောင်းအုပ်ဆရာအပေါ် ဆယ်ကျော်သက်မိန်းကလေးက စွပ်စွဲတိုင်ကြားတာတွေကို ရုပ်သိမ်းပေးဖို့ သူမက ငြင်းဆိုချိန်မှာတော့ ကျောင်းအုပ်ဆရာဟာ မိန်းကလေးကိုသတ်ဖြတ်ဖို့ သူ့လူတွေကို အမိန့်ပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး…
Read MoreMonth: May 2019
ရခိုင်အမျိုးသားပါတီရဲ့ ဒုတိယအကြိမ် ဗဟိုညီလာခံကျင်းပ
စစ်တွေ၊ မေ ၃၀-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်အမျိုးသားပါတီရဲ့ ဒုတိယအကြိမ် ဗဟိုညီလာခံကို ဒီကနေ့ မေလ ၃၀ ရက်နေ့နဲ့ ၃၁ ရက်နေ့တွေအတွင်း စစ်တွေမြို့ အာရိယာန်ခန်းမမှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ အဲ့ဒီညီလာခံကို ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းတို့က ကိုယ်စားလှယ်ပါင်း ၃၀၀ နီးပါး တက်ရောက်ဆွေးနွေး နေကြတာဖြစ်ပြီး ပါတီတွင်း အပြောင်းအလဲကိစ္စတွေကို ပြုလုပ်သွားမှာဖြစ်တယ်လို့ ပြန်ကြားရေးကော်မတီက သိရပါတယ်။ “ကျွန်တော်တို့ပါတီမှာက ညီလာခံကို ငါးနှစ်တကြိမ်စီ ပြုလုပ်ရမယ်လို့ သတ်မှတ်ထားတာ ရှိပါတယ်။ အဲ့ဒီအပြင် ပါတီတွင်းပြုပြင်ပြောင်းလဲမှုတွေကိုလည်း လုပ်မယ်။ ပြီးတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စတွေကိုလည်း အဓိကဆွေးနွေးသွားမှာ ဖြစ်ပါတယ်။”လို့ ညီလာခံပြန်ကြားရေးကော်မတီဝင် ဦးအောင်ဝင်းက ပြောပါတယ်။ ဒါ့အပြင် ဒီညီလာခံကနေ ပါတီရဲ့ခေါင်းဆောင်ပိုင်းတွေမှာ လူငယ်တွေကိုပါ ထည့်သွင်းဖွဲ့စည်းသွားမှာဖြစ်ပြီးတော့ ဗဟိုကော်မတီ အရည်အတွက်ကိုလည်း လျှော့ချပြီးတော့ ကျစ်ကျစ်လစ်လစ်နဲ့ ဖွဲ့စည်းသွားမှာဖြစ်တယ်လို့…
Read Moreအစ္စရေးမှာ ညွန့်ပေါင်းအစိုးရ မဖွဲ့နိုင်လို့ ရွေးကောက်ပွဲ ပြန်ကျင်းပရတော့မယ်
ဂျေရုဆလင်၊ မေ-၃၀-၂၀၁၉ မျိုးဆက် (VOM) ညွန့်ပေါင်းအစိုးရတရပ် ဖွဲ့စည်းဖို့အတွက် ၀န်ကြီးချုပ် နေတန်ယာဟုက ဆွေးနွေး လုပ်ဆောင်နိုင်ခြင်းမရှိတဲ့နောက် ပါလီမန်ကို ဖျက်သိမ်းဖို့အတွက် အစ္စရေး လွှတ်တော်အမတ်တွေက မဲခွဲဆုံးဖြတ်လိုက်ကြပါတယ်။ ဒီလို မဲခွဲဆုံးဖြတ်လိုက်တာကြောင့် စက်တင်ဘာ ၁၇ ရက်မှာ နောက်ထပ်ရွေးကောက်ပွဲသစ်တခုကို အစ္စရေးနိုင်ငံမှာ ကျင်းပရတော့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက ရွေးကောက်ပွဲပြီးနောက် လက်ယာယိမ်း ညွန့်ပေါင်းအဖွဲ့သစ်အတွက် သဘောတူညီချက်တခုရရှိဖို့ ၀န်ကြီးချုပ်နေတန်ယာဟုက ဆွေးနွေးနိုင်ခြင်းမရှိခဲ့ပါဘူး။ အဲဒီအကြပ်အတည်းရဲ့ အဓိကအချက်ကတော့ ဂျူးကျမ်းစာသင်ကျောင်းသားတွေအတွက် စစ်မှုထမ်းကင်းလွတ်ခွင့် ဥပဒေကြမ်းကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ညွန့်ပေါင်းအစိုးရတရပ်ဖွဲ့စည်းဖို့ ၀န်ကြီးချုပ်တဦးက မလုပ်ဆောင်နိုင်တာဟာ အစ္စရေးနိုင်ငံသမိုင်းမှာတော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ၀န်ကြီးချုပ် နေတန်ယာဟုအနေနဲ့ ညွန့်ပေါင်းအစိုးရတရပ်ဖွဲ့စည်းဖို့ မေ ၂၉ ရက်က နောက်ဆုံးသတ်မှတ်ချိန်ကျော်လွန်ပြီးနောက် ထောက်ခံမဲ ၇၄ မဲ၊ ကန့်ကွက်မဲ ၄၅…
Read Moreမူလအစီအစဉ်အတိုင်း တိုင်းသံဃာ့မဟာနာယကရုံးကို ဦးဝီရသူ ကြွမယ် မန္တလေး မေ – ၃၀ -၂၀၁၉ နေလင်း (VOM) ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဆရာတော် ဦးဝီရသူနဲ့ ဒီနေ့ မြန်မာစံတော်ချိန် မွန်းတည့် ၁၂ နာရီမှာ VOM အဆက်အသွယ်ရခဲ့ပါတယ်။ နောက်ဆုံးအခြေအနေကို လျှောက်ထားကြည့်တော့ VOM။ ။ ဆရာတော် အခုဘယ်ရောက်နေလဲ ဘုရား။ ဦးဝီရသူ။ ။ဦးဇင်း အခုရန်ကုန်တိုင်း သံဃာ့မဟာနာယကရုံးကို ကြွဖို့စီစဉ်နေပါတယ်။ VOM။ ။သံဃာ့မဟာနာယကနဲ့တွေ့ဖို့ အစီအစဉ်က ဆိုင်းငံ့တယ်ဆိုတော့ ဘယ်လိုဖြစ်မလဲဘုရား။ ဦးဝီရသူ။ ။အဲဒီစာက အစစ်လားမသိဘူး၊ ကျောင်းကိုလည်း လာမပို့ဘူး။ လိုင်းပေါ်မှာပဲတွေ့တယ်။ တချို့ကလည်းအတုကြီးလို့ပြောတော့ ကျုပ်တို့ဘယ်လိုဆက်လုပ်ရမလဲ မသိဘူး။ VOM။ ။သာသနာရေးဝန်ကြီးဌာနကို တပည့်တော်တို့ စုံစမ်းကြည့်တော့…
Read Moreရန်ကုန်တိုင်းမှာ တနှစ်ဆယ်လအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂၀၄ ခု ခွင့်ပြုခဲ့
ရန်ကုန် ၊ မေ ၃၀ – ၂၀၁၉ သိင်္ဂီ (VOM) အချိန် တနှစ်ဆယ်လအတွင်း ရန်ကုန်တိုင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၂၀၄ ခုကို ခွင့်ပြုခဲ့တယ်လို့ မနေ့ မေလ ၂၉ ရက်က ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီရုံးမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲက သိရပါတယ်။ “ရန်ကုန်မှာက manufacturing (ကုန်ထုတ်လုပ်မှု) ကဏ္ဍကို ရင်းနှီးမြှုပ်နှံတာ ပိုများတယ်၊ ကျန်တဲ့ စက်မှုကဏ္ဍ ၊ ဟိုတယ်ကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနဲ့ တခြားကဏ္ဍတွေမှာလည်း ရင်းနှီးမြှုပ်နှံတာတွေ ရှိနေပါတယ်။” လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီး ဦးမျိုးခိုင်ဦးက ပြောပါတယ်။ ရန်ကုန်တိုင်း ရင်းနှီးမြှုပ်နှံမှုကော်မတီကနေ စတင်ခွင့်ပြုပေးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဩဂုတ် ကနေ ၂၀၁၉ ခုနှစ် မေ…
Read Moreရန်ကုန်မြို့သစ်စီမံကိန်းကို ချေးငွေနဲ့ တည်ဆောက်မည်မဟုတ်
ရန်ကုန်၊ မေ ၃၀ – ၂၀၁၉ သိင်္ဂီ (VOM) ရန်ကုန်မြို့သစ် စီမံကိန်းကို ချေးငွေရယူပြီး တည်ဆောက်မှာမဟုတ်သလို ရင်းနှီးမြှုပ်နှံဟန်ပြပြီး မြေဈေးကစားတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကိုလည်း လက်မခံဘူးလို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ “ဒီစီမံကိန်းနဲ့ပတ်သက်လို့ နောင်လာနောင်သားတွေကို ချေးငွေဝန်ထုပ်ဝန်ပိုးဖြစ်စေမယ်ဆိုပြီး ဆွေးနွေးနေတာတွေ ကြားပါတယ်။ ကျနော်တို့ကတော့ ပိုက်ဆံချေးငွေယူပြီး ဒီမြို့ကြီးကို တည်ဆောက်ဖို့ လုံးဝအစီအစဉ် မရှိပါဘူး၊ လုံးဝမလုပ်ပါဘူး။ ချေးငွေချေးပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့မရှိဘူး၊ ကျနော်တို့ လုပ်ချင်တဲ့ပုံစံက နိုင်ငံတကာကနေ ငွေထုပ်နဲ့လာပြီး တည်ဆောက်ပေးတဲ့ အခြေအနေမျိုးလုပ်ချင်တာပါ။ ဒီထဲမှာ ကျနော်တို့အကြောက်ဆုံးက လာတော့ရင်းနှီးမြှုပ်နှံတယ်၊ ဆိုင်းဘုတ်ပဲထောင်ပြီး မြေပဲကစားနေတဲ့ အခြေအနေမျိုး၊ ဒါမျိုးမမျှော်မှန်းထားဘူး။ ဒီလိုအလုပ်ကိုလည်း လက်ခံမှာမဟုတ်ဘူး။” လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။ မေလ ၂၉ ရက်က ရန်ကုန်တိုင်း ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးမှာ ပြုလုပ်ခဲ့တဲ့…
Read Moreခန္ဓာကိုယ်ကို သီးသန့်ထိန်းသိမ်းတာမျိုး မရှိဘူးဆိုတဲ့ အိချောပို
ရန်ကုန်၊ မေ ၂၉-၂၀၁၉ သင်းသဒ္ဒါ (VOM) ပရိတ်သတ်က ချစ်စနိုးနဲ့ စူစူလို့ ခေါ်တဲ့ သရုပ်ဆောင် အိချောပိုကတော့ ခန္ဓာကိုယ်ကို သီးသန့်ထိန်း သိမ်းတာမျိုး မရှိဘူးလို့ ဆိုပါတယ်။ “အိချောအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ၀လာပြီး ပြည့်လာပြီထင်ရင်တော့ လမ်းများများလျှောက်တယ်။ အစား အ သောက်တွေ လျှော့လိုက်တယ်။ သီးသန့်ကြီး ခန္ဓာကိုယ်ကို ထိန်းသိမ်းတာမျိုးမရှိပါဘူး။ အိချော ဖက်ရှင်ဝတ်စား ဆင်ယင်မှုနဲ့ ပတ်သက်ပြီးတော့ ပရိသတ်တွေချစ်ပေးကြလို့လည်း ကျေးဇူးတင်ပါတယ်။” လို့ ဆိုပါတယ်။ သူမကတော့ လက်ရှိမှာ ဒါရိုက်တာ ကျော်သူရိုက်ကူးထားတဲ့ ဒဏ္ဍာရီပင်လယ် ရုပ်ရှင်ဇာတ်ကားကြီးကို ငွေဆောင်မှာ ထွန်းကိုကို၊ အလင်းရောင်တို့နဲ့အတူ သွားရောက် ရိုက်ကူးထားတယ်လို့ သိရပါတယ်။ ရေသူမ တယောက်လို ရိုက်ကူးတာနဲ့ ပတ်သက်ပြီး “အသားအရည်ရော ထိခိုက်မှုရှိမှာပေါ့။ အရင်တုန်း က…
Read Moreအိန္ဒိယ၀န်ကြီးချုပ် မိုဒီနဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးမယ်
ဒေလီ၊ မေ-၂၉-၂၀၁၉ မျိုးဆက် (VOM) အိန္ဒိ၀န်ကြီးချုပ်မိုဒီဟာ အလွတ်သဘော ထိပ်သီးဆွေးနွေးပွဲ တရပ်အတွက် တရုတ်သမ္မတ ရှီကျင်းပင်ကို ဒီနှစ်ထဲမှာ လက်ခံတွေ့ဆုံမယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတဦးက မေ ၂၉ ရက်မှာ ပြောပါတယ်။ သူတို့ရဲ့ ပထမဆုံး အလွတ်သဘော ထိပ်သီးဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်က ၀ူဟန်မှာပြုလုပ်ခဲ့တာဖြစ်ပြီး ဒုတိယအကြိမ်ဆွေးနွေးဖို့အတွက် အိန္ဒိယကို လာဖို့ မိုဒီရဲ့ဖိတ်ကြားချက်ကို အဲဒီဆွေးနွေးပွဲမှာ တရုတ်သမ္မတရှီကျင်းပင်က လက်ခံခဲ့တာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲအတွက် နေ့ရက်နဲ့နေရာကို အပြီးသတ် သတ်မှတ်ဖို့အတွက် သံတမန်လမ်းကြောင်းကတဆင့် နှစ်ဘက်ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ တရုတ်နိုင်ငံဟာ အိန္ဒိယရဲ့ ရန်ဘက်ဖြစ်တဲ့ ပါကစ္စတန်နိုင်ငံနဲ့ အလွန်နီးကပ်တဲ့မိတ်ဆွေဖြစ်ပြီး ၂၀၁၇ ခုနှစ်က ဟိမ၀န္တာနယ်စပ်ပြသနာကြောင့် နှစ်နိုင်ငံစစ်ဘက်အကြား တင်းမာမှုတွေ ဖြစ်ပွားခဲ့ရပါတယ်။ အိန္ဒိယ၀န်ကြီးချုပ်…
Read Moreတရုတ်ကို အဓိကတင်ပို့နေတဲ့ ကျွဲ၊ နွားဈေးကွက် တကောင်ကို သုံးသိန်းလောက်ထိဈေးကျ
ရန်ကုန်၊ မေ ၂၉ – ၂၀၁၉ သူရိန် (VOM) တရုတ်နိုင်ငံဈေးကွက်တခုတည်းကိုသာ အဓိကထား တင်ပို့နေရတဲ့ ကျွဲ၊ နွားဈေးကွက်က အခုချိန်မှာ အကျဈေးနဲ့သာ အရောင်းအဝယ်ပြုလုပ်နေရပြီး တကောင်ကိုကျပ်သုံးသိန်းလောက် ဈေးကျနေတယ်လို့ ကျွဲ၊ နွားကုန်သည်တွေဆီက သိရပါတယ်။ “တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ဘက်မှာ လုံခြုံရေးတင်းကြပ်ပြီး အဖမ်းအဆီးတွေ လုပ်နေတာကြောင့် တရုတ်က ကျွဲ၊ နွား ဝယ်လက် ကုန်သည်တွေ လာရောက်ဝယ်ယူမှု နည်းပါးသွားလို့ အရောင်းအဝယ် လျော့ကျနေတာ။ ဈေးကလျှော့ဈေးနဲ့ပဲ ရောင်းနေရတာ။” လို့ စစ်ကိုင်းတိုင်း ကျွဲ၊ နွားကုန်သည် တဦးဖြစ်သူ ဦးသောင်းခိုင်က ပြောပါတယ်။ အရင်က နွားတကောင်ကို ကျပ် ၂၂ ၊၂၃ သိန်းအထိ ပေါက်ဈေးရှိပေမယ့် လက်ရှိမှာ ကျပ်သိန်း ၂၀ ကနေ ၁၇ သိန်းအထိသာ ဈေးရရှိပြီး…
Read Moreရွှေဝါရောင် ဆရာတော် ဦးစိန္တိတကို တပ်မတော်က တရားစွဲ
မန္တလေး၊ မေ – ၂၉ – ၂၀၁၉ နေလင်း (VOM) တပ်မတော် ဂုဏ်သိက္ခာ ကျဆင်းအောင်နဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေဖို့ အများပြည်သူ ပြစ်မှုကျူးလွန်ချင်လာအောင် လှုံ့ဆော်ပြီး ဖေ့စ်ဘုတ် လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြမှုတွေ လုပ်ခဲ့တယ်ဆိုပြီးတော့ ရွှေဝါရောင် ဆရာတော် ဦးစိန္တိတကို အရေးယူပေးဖို့ ဒုဗိုလ်မှူးကြီး သန့်ဇော်ဦးက ပြည်ကြီးတံခွန် တရားရုံးမှာ မနေ့ မေလ ၂၇ ရက်က ဦးတိုက်လျှောက်ထားခဲ့ပါတယ်။ တိုင်တန်းချက်ကို ပြည်ကြီးတံခွန် တရားရုံးက လက်ခံထားပြီး တိုင်တန်းချက် မှန်ကန်မှု ရှိမရှိကို စစ်ဆေးဖို့ ပထမရုံးချိန်းအဖြစ် ဇွန်လ ၁၁ ရက်ကို ချိန်းဆိုထားတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွှေဝါရောင် ဆရာတော် ဦးစိန္တိတကို ဆက်သွယ်မေးမြန်းကြည့်တော့ “ဦးဇင်းကိုတော့ ဘယ်သူမှ…
Read More