အမျိုသားရေးဆရာတော် ဦးဝီရသူနဲ့ ဆက်သွယ်မေးမြန်းချက်

မန္တလေး၊ မေ – ၂၉ – ၂၀၁၉ နေလင်း(VOM)   အမျိုးသားရေဝါဒီ ဆရာတော် ဦးဝီရသူကို ဖမ်းဝရမ်း ထုတ်လိုက်ပြီဖြစ်လို့ သူ့ကို ဖမ်းဆီးထိန်းသိမ်းတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးတဲ့နောက် ဦးဝီရသူကို ဒီနေ့မနက် ၁၀ နာရီဝန်းကျင်မှာ VOM က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကို ရေးသားဖော်ပြလိုက်ပါတယ်။     မေး။    ။ ဆရာတော် အခု ဘယ်မှာရောက်နေပါလဲဘုရား။ ဖြေ။     ။ရန်ကုန်မှာ။   မေး။    ။ဆရာ့တော့်ကို ပုဒ်မ ၁၂၄ နဲ့ ဖွင့်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆရာတော် ဘာများသိထားလဲဘုရား။ ဖြေ။     ။လိုင်းပေါ်မှာတက်နေတဲ့သတင်းတွေတော့ သိထားတာပေါ့နော်။ ကျန်တာကတော့ ကျောင်းကိုလှမ်းမေးတော့ ကျောင်းတိုက်ကတော့ ဘာမှမထူးခြားဘူးလို့ ပြောတာပဲ။   မေး။    ။ဒါနဲ့ပတ်သက်ပြီးတော့ ရဲတပ်ဖွဲ့ကရော အကြောင်းကြားတာရော ရှိပြီလားဘုရား။ ဖြေ။    …

Read More

ဂျပန်နိုင်ငံမှာ ကျောင်းကားစောင့်နေတဲ့ ကလေးငယ်တွေ ဓါးခုတ်ခံရ၊ သုံးဦးသေ ၁၈ ဦးဒဏ်ရာရ

တိုကျို၊ မေ -၂၈ -၂၀၁၉ မျိုးဆက် (VOM)   ဂျပန်နိုင်ငံ၊ တိုကျိုမြို့အပြင်ဘက်ရှိ ပန်းခြံတခုအနီးမှာ ကျောင်းကားစောင့်နေတဲ့ ကလေးငယ်တွေကို  အမျိုးသားတဦးက ဓားနဲ့တိုက်ခိုက်မှုကြောင့် လူသုံးဦးသေဆုံးပြီး ၁၈ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။   ဒီဖြစ်ရပ်ဟာ မေ ၂၈ ရက်နံနက် အစောပိုင်းက ကာဝါဆာကီက လမ်းတခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူတွေထဲမှာ အသက် ၁၂ နှစ်အရွယ် ကလေးငယ်နှစ်ဦးနဲ့ အသက် ၃၉ နှစ်အရွယ် အမျိုးသားတဦး ပါဝင်ပါတယ်။   ဓါးနဲ့လိုက်ခုတ်ခဲ့သူ အမျိုးသားဟာ သူ့ကိုယ်သူလည်း လည်ပင်းကိုဓါးနဲ့လှီးခဲ့ပြီး နောက်ပိုင်းမှာတော့ အဲဒီဒဏ်ရာနဲ့ ဆေးရုံမှာ သေဆုံးသွားပါတယ်။   ဂျပန်နိုင်ငံမှာ ဒီလိုအကြမ်းဖက်တိုက်ခိုက်မှုဟာ ရှားရှားပါးပါး ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုရဲ့ ရည်ရွယ်ချက်ကိုတော့ မသိရသေးပါဘူး။   သံသယရှိသူအမျိုးသားဟာ လက်နှစ်ဘက်စလုံးမှာ ဓါးတွေကိုကိုင်ကာ…

Read More

ကိုးကင်း၂၄၆ ထုတ် အစာအိမ်ထဲမျိုချ သယ်ဆောင်လာတဲ့ အမျိုးသား လေယာဉ်ပေါ်မှာသေဆုံး

တိုကျို၊ မေ -၂၈ -၂၀၁၉ မျိုးဆက် (VOM)   ကိုးကင်း၂၄၆ ထုတ်ကို အစာအိမ်ထဲ မျိုလာတဲ့  ဂျပန်အမျိုးသားတဦးဟာ မက္ကဆီကိုလေဆိပ်ကနေ ပျံသန်းလာတဲ့  လေယာဉ်တစင်းပေါ်မှာ သေဆုံးသွားပါတယ်။   အဲဒီအမျိုးသားဟာ  ရုတ်တရတ်လေဖျန်းသလို လက္ခဏာများစတင်ဖြစ်ပေါ်လာတဲ့အတွက် ဂျပန်နိုင်ငံ၊ နာရီတာ နိုင်ငံတကာလေဆိပ်သွားမယ့် အဲဒီလေယာဉ်ဟာ မက္ကဆီကိုရှိ ဆိုနိုရာပြည်နယ်လေဆိပ်မှာ အရေးပေါ် ဆင်းသက်လိုက်ရပါတယ်။   ယူဒူးအင်လို့ အမည်ရတဲ့ အဲဒီအမျိုးသားဟာ မူးယစ်ဆေးသုံးစွဲမှုလွန်ကဲပြီး  ဦးနှောက်ဖောရောင်ကာ သေဆုံးသွားတာဖြစ်တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ ကိုလံဘီယာနိုင်ငံရဲ့ မြို့တော် ဘိုဂိုတာမှာ စတင်ခဲ့တဲ့ အဲဒီလေယာဉ်က ခရီးသည်တွေကိုတော့ လေယာဉ်ပြောင်းပေးခဲ့ရပါတယ်။   မက္ကဆီကိုနိုင်ငံ၊ ဆိုနိုရာပြည်နယ် ရှေ့နေချုပ်ရဲ့ ကြေညာချက်အရ သေဆုံးသွားတဲ့ အမျိုးသားကို  ခွဲစိတ်စစ်ဆေးရာ ၂ ဒသမ ၅ စင်တီမီတာအရှည် ရှိတဲ့ ကိုးကင်းအိတ်တွေကို ၎င်းရဲ့အစာအိမ်နဲ့ အူတွေထဲကနေ တွေ့ရှိခဲ့တယ်လို့…

Read More

တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံတော်က ချမှတ်ထားတဲ့ မူဝါဒ၊ လမ်းညွှန်ချက်တွေနဲ့အညီ လုပ်ဆောင်နေ

နေပြည်တော်၊ မေ ၂၇ – ၂၀၁၉ ဒီပ(နေပြည်တော်) (VOM)   တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံတော်က ချမှတ်ထားတဲ့မူဝါဒ၊ လမ်းညွှန်ချက်တွေနဲ့အညီ လုပ်ဆောင်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက ပြောပါတယ်။   မြန်မာ့စီးပွားရေးဦးပိုင်မှာ ရှိနေတဲ့လုပ်ငန်းများ၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း (MEC) မှာရှိနေတဲ့ လုပ်ငန်းများ လုပ်ကိုင်တဲ့အခါမှာ နိုင်ငံတော်ရဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနက ချပေးထားတဲ့ မူဝါဒတွေအတိုင်း လုပ်ကိုင်ဆောင်ရွက်နေတာဖြစ်ပြီး မိမိတို့အနေနဲ့ မည်သည့်ကိစ္စကိုမျှ ကျော်လွန်ကာ လုပ်လို့မရသလို နောက်လုပ်မယ့်လုပ်ငန်းရဲ့ ပရိုဂျူဆာတွေအတွက်လည်း ခွင့်ပြုချက်တွေ ရယူပြီး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။   မနေ့ ညနေပိုင်းက ပြန်ကြားရေးဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်ပိုင် တရားဝင် စီးပွားရေးလုပ်ငန်း စုစုပေါင်း အရေအတွက်နဲ့ တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းစုက အရက်၊ ဘီယာ၊ စီးကရက်၊ ကျောက်မျက်လုပ်ငန်းတွေကို…

Read More

ရွှေစက်တော် ဘေးမဲ့တောက လိပ်သားဖောက်စခန်းမှာ ရှားပါးကြယ်လိပ်တွေ စတင်ပေါက်ဖွားနေ

မင်းဘူး၊ မေ၂၈ – ၂၀၁၉ ဂျန်ကိုးလ် (VOM)   သဘာဝပတ်ဝန်းကျင်နဲ့ သားငှက်တိရိစ္ဆာန်ထိမ်းသိမ်းရေးဌာန ရွှေစက်တော် တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောမှာ ရှားပါးမျိုးနွယ်ဖြစ်တဲ့ ကြယ်လိပ်တွေ စတင် ပေါက်ဖွားနေပြီလို့ အဲဒီဘေးမဲ့တောက သိရပါတယ်။   “အခုပေါက်တာက မိုးတကြိမ်ရွာလိုက်လို့။ သူတို့က မိုးမရွာရင် မပေါက်ဘူး။ မိုးစိုသွားမှ ပေါက်တယ်။ လူက ဥကျင်းတွေကို ဂရုစိုက်ပေးရတယ်။ မြေကျစ်ပြီး သားငယ်တိုးမထွက်နိုင်ရင် သေတာပေါ့။” လို့ တောခေါင်း ဒေါ်အေးအေးချိုက ပြောပါတယ်။   ပြီးခဲ့တဲ့ရက်တွေက ရွှေစက်တော် ဘေးမဲ့တောမှာ အပူရှိန်ကြောင့် ကြယ်လိပ်တွေ သေဆုံးမှုရှိခဲ့တယ်ဆိုတာဟာ သားဖောက်မွေးမြူတဲ့အပိုင်းကမဟုတ်ဘဲ အရွယ်ရလာတဲ့လိပ်ငယ်တွေကို တဧက ဒါမှမဟုတ် နှစ်ဧက အကျယ် ခြံခတ်ပြီး သဘာဝအတိုင်းနေထိုင်ရှာဖွေစားတတ်အောင် လေ့ကျင့်ပေးတဲ့ သဘာဝတောထဲက အကောင်ငယ်တွေသေတာလို့ ရွှေစက်တော်တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောကို တာဝန်ယူနေတဲ့ ဦးစီးမှူး ဦးသိန်းလွင်က ပြောပါတယ်။   “သားဖောက်ပြီး…

Read More

ရခိုင်စစ်ရှောင်စခန်းတွေက လူဦးရေးလေးသောင်းနီးပါးမှာ ကျောင်းသားငါးထောင်ခန့်ရှိနေပြီး ပညာသင်ကြားနိုင်ရေးအတွက် ခက်ခဲနေ

စစ်တွေ၊ မေ ၂၈ -၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်အတွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်ဦးရေ ၄ သောင်းနီးပါးရှိနေပြီး အဲ့ဒီထဲမှာ ပညာသင်ကျောင်းသားဦးရေ ၅၀၀၀ နီးပါး ပါဝင်နေတာ ဖြစ်ပါတယ်။   အဲ့ဒီကလေးငယ်တွေကို အစိုးရက ပညာသင်ကြားပေးဖို့အတွက် စီစဉ်နေတယ်ဆိုပေမယ့် ပညာသင်ကြားနိုင်ရေးအတွက် စနစ်တကျစီမံခန့်ခွဲမှု မရှိသေးဘူးလို့ လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။   “ကျေးရွာပေါင်း ရာနဲ့ချီပြီးတော့ ထွက်ပြေးလာခဲ့ကြတာပါ။ အဲ့ဒီမှာ ဆရာတွေက စာသင်ကြားပေးဖို့ အဆင်မပြေသလို စခန်းတွေမှာလည်း အဆောက်အဦးတွေမရှိဘူး။ နောက်ပြီးတော့ အစိုးရကလည်း စာသင်ပေးဖို့ဆိုပြီး ပါးစပ်ကပဲပြောနေတာပါ။ စီမံခန့်ခွဲမှုဆိုတာ မရှိသေးဘူး။ အဲ့ဒီအတွက်ရင်လေးစရာတွေ ဖြစ်နေတယ်။”လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး ဥက္ကဌ ဦးရွှေဘော်စိန်က ပြောပါတယ်။   ဒါပေမယ့် အဲ့ဒီစစ်ဘေးရှောင်ကလေးငယ်တွေကို ပညာသင်ကြားပေးနိုင်ရေးနဲ့ ပတ်သက်လို့ စခန်းတွေမှာ နေထိုင်နေကြတဲ့ ကလေးငယ်တွေကို စာရင်းကောက်ယူမှုတွေ…

Read More

ရဲတပ်​သားတဦးအပါအဝင် လေးဦးထံက စိတ်​ကြွမူးယစ်​​ဆေး အချို့ ဖမ်းဆီးရမိ

ဇီးကုန်း၊ ​မေ ၂၈ –  ၂၀၁၉ မိုးယံ (VOM)   ပဲခူးတိုင်း ဇီးကုန်းမြို့နယ်​မှာ မနေ့ညနေက ရဲတပ်​သားတ​ဦး အပါအဝင် အမျိုးသားလေးဦးကို စိတ်ကြွဆေးပြားအချို့နဲ့ အတူ ဖမ်းဆီးရမိခဲ့​တယ်​လို့်​ ဇီးကုန်းမြို့မရဲစခန်းက သိရပါတယ်။   အမှတ်​ ၁ ရပ်​ကွက်​၊ မြို့သစ်​ ၇ လမ်းက နေအိမ်တခုမှာ မူးယစ်​​ဆေးဝါး သုံးစွဲ​နေ​တယ်​လို့်​ သတင်းရရှိတဲ့အတွက် စခန်းမှူးနဲ့အဖွဲ့ သွားရောက်စစ်ဆေးရာမှာ ဇီးကုန်းမြို့နယ် ညောင်ဇင်နယ်မြေရဲကင်းက ရဲတပ်သား အောင်ကျော်နဲ့ မင်းနန္ဒာကျော်(ခ)အာနိုး၊ မျိုးကို၊ သျှိုးအောင်ထက်တို့ ဝိုင်းဖွဲ့ကာ WY စိတ်ကြွ မူးယစ်ဆေးဝါး အချို့သုံးစွဲနေတာကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။   အချိုရည် ဗူးခွံအတွင်း ပလတ်စတစ်ပိုက်ထည့်ထားတာ၊ WY စိတ်ကြွမူးယစ်ဆေးဝါး တပြား၊ ဂက်စမီးခြစ်တလုံး တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ နေအိမ်အရှေ့ဘက်ရှိ ကျောက်စည်ဘေးမှာ ပလတ်စတစ်အကြည်နဲ့ ထုပ်ထားတဲ့…

Read More

ကမ္ဘောဇဘဏ်မှာလုပ်ထားတဲ့ စုငွေဘဏ်စာအုပ်မှာ သိန်းငါးရာဝန်းကျင် စာရင်းလျော့နေလို့ ရှင်းလင်းပွဲပြုလုပ်

မုံရွာ၊ မေ ၂၇ – ၂၀၁၉ ရန်နိုင်စိုး(VOM)   မုံရွာမြို့ ကမ္ဘောဘဏ်မှာ ဘဏ်စာအုပ်နဲ့ အပ်နှံထားတဲ့ ငွေပမာဏထဲက သိန်းငါးရာ ဝန်းကျင် စာရင်းလျော့နည်းသွားတဲ့အပေါ် ဘဏ်စာအုပ်ပိုင်ရှင်ဟာ ဒီနေ့မနက်က မုံရွာမြို့ ချင်းတွင်းအင်စတီကျူ့ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။   ဘဏ်စာအုပ်ပိုင်ရှင်ဟာ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် မုံသွင်ကျေးရွာနေထိုင်သူ ဦးကိုဦး ဆိုသူဖြစ်ပြီး ဘဏ်ငွေစုစာအုပ်ထဲမှာ ၅ ကြိမ်တိတိငွေသွင်းခဲ့ရာ စုငွေ ငွေသားအရင်း သိန်း ၈၉၀ ကျော်နဲ့ ဘဏ်တိုးပါပေါင်းရင် သိန်း ၉၀၀ ကျော် ရှိရမှာဖြစ်ပေမယ့် ယခုအခါ ၄၂၂ သိန်းကျော်သာ ကျန်ရှိနေတဲ့အတွက် နစ်နာမှုအပေါ် သတင်းစာရှင်းလင်းပွဲပြုလုပ်တာလို့ ဆိုပါတယ်။   “ဧပြီလက သွင်းဖို့ထုတ်ဖို့ ပြန်ကြည့်လိုက်တဲ့အခါမှာ ငွေသိန်း ၅၀၀ ကျော် ခင်ဗျားထုတ်ထားပါတယ်လို့ ပြောတယ်။ အဲ့ဒီအချိန်ကျမှ ကျနော် မထုတ်ဘဲနဲ့…

Read More

ကောင်းမှုတော်ဘုရားကြီးက မေတ္တာကန် အကြီးစားပြန်လည်ပြင်ဆင်မှု သုံးဆယ် ရာခိုင်နှုန်းပြီးစီး

စစ်ကိုင်း၊မေ ၂၇ စောပြည့်ချမ်းသာ(VOM)   စစ်ကိုင်းမြို့မှာရှိတဲ့ သမိုင်းဝင် ရာဇမဏိစူဠာကောင်းမှုတော်ဘုရားကြီးက မေတ္တာကန်ကို အကြီးစားပြန်လည်ပြင်ဆင်မှု  ၃၀ ရာခိုင်နှုန်းပြီးစီးပြီလို့ အဲဒီဘုရားဂေါပကအဖွဲ့က သိရပါတယ်။   “ကန်အရှေ့ဘက်ခြမ်းပျက်စီးမှုကို ခိုင်ခန့်တဲ့အထိ လုပ်ပြီးပြီ။ အခုပြင်တဲ့နည်းကို မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းရဲ့လမ်းညွှန်မှုအတိုင်း လုပ်တာပါ။ ရာခိုင်နှုန်းအားဖြင့် သုံးဆယ်ရာခိုင်နှုန်းပဲ ပြီးပါသေးတယ်။ ကုန်ကျငွေဘယ်လောက်ရှိမယ်ဆိုတာတော့ ပြောမရသေးပါဘူး။” လို့ ကောင်းမှုတော်စေတီဂေါပကအဖွဲ့ ဒုဥက္ကဌ ဦးနီတင်က ပြောပါတယ်။   အရင်ဂေါပကလက်ထက်က တတ်နိုင်သလောက်အားနဲ့ ပြင်ခဲ့ပေမယ့် အကုန်ပြီးစီးအောင် မပြင်နိုင်တဲ့အခါ  မပြင်ရသေးတဲ့နေရာတွေက အက်ကွဲလာပြီး ရာသီဥတုဒဏ်ကိုမခံနိုင်တော့ပဲ ကန်ထဲကို လျှောက်လမ်းကပြိုကျမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။   ဒါကြောင့် ၂၀၁၈ ခုနှစ် ဇွန်လက လွှဲပြောင်းတာဝန်ယူခဲ့တဲ့ လက်ရှိဂေါပကအဖွဲ့အနေနဲ့ မေတ္တာကန်ကို ဒီလ ၇ ရက်ကစပြီး ပြုပြင်မှုတွေ ဆောင်ရွက်ခဲ့တာပါ။ ဒါ့အပြင် အရင်က မေတ္တာကန်ဘေးပတ်ပတ်လည်မှာ စောင်းတန်းမရှိခဲ့ပေမယ့်…

Read More

မိဘစိတ်တိုင်းကျတဲ့ သူကိုပဲ အိမ်ထောင်ဘက်အဖြစ် ရွေးမယ်ဆိုတဲ့ ရတနာမိုင်

ရန်ကုန်၊ မေ ၂၇-၂၀၁၉ သင်းသဒ္ဒါ(VOM)   အသံချိုချိုလေးနဲ့ ပရိသတ်ကို စွဲဆောင်ခဲ့တဲ့ အဆိုတော် ရတနာမိုင်ကတော့ မိဘစိတ်တိုင်းကျတဲ့ သူကိုပဲ အိမ်ထောင်ဘက်အဖြစ် ရွေးမယ်လို့ဆိုပါတယ်။   ”ညီမက ကိုယ်ချစ်ရတဲ့ ယောက်ျားတော့ ရွေးချယ်ဖြစ်မယ်မထင်ဘူး။ မိဘတွေစိတ်တိုင်းကျ သဘောကျတဲ့ သူမျိုးကိုပဲ ရွေးချယ်ဖြစ်မှာပါ။”လို့ ဆိုပါတယ်။   သူမကတော့ မိခင် မိုင်နဲ့ အတူ  Two Lady Show လုပ်မယ်ပြောပြီး မလုပ်ဖြစ်သေးတာကြောင့် ပရိသတ်တွေကို ကတိပျက် သလိုဖြစ်နေရကြောင်းနဲ့  ဒီနှစ်မှာတော့ သေချာပေါက် ကျင်းပဖြစ်မယ်လို့ ဆိုပါတယ်။   ဒါပေမယ့် Two Lady Show ထက်  မိခင်ဖြစ်သူ မိုင် ဖြစ်စေချင်တဲ့ သူမအမေရဲ့ သီချင်းလေးတွေကို ပိုပြီးအမှတ်ရသွားအောင် အခွေထုတ်ပေးဖို့ အရင် ဆုံးကြိုးစားဖြစ်နေတယ်လို့ သိရပါတယ်။   ပြီးတော့ ရတနာမိုင်က…

Read More
VOM News

FREE
VIEW