နိုင်ငံကျော် တေးရေး၊ တေးဆို ထူးအိမ်သင်ရဲ့ မွေးနေ့ အမှတ်တရ ကျင်းပ

 

 

ပုသိမ်၊ ၁ – ၂၀၁၉

ကိုအောင်(VOM)

 

နိုင်ငံကျော် တေးရေး၊ တေးဆို ထူးအိမ်သင်ရဲ့ ၅၆ နှစ်ပြည့်မွေးနေ့ကို ပုသိမ်မြို့ တက္ကသိုလ်ကန်တင်းမှာ ဒီနေ့ နေ့လည်က ကျင်းပခဲ့ပါတယ်။ ပုသိမ်က တီးဝိုင်း ၉ ဝိုင်းက ဖျော်ဖြေခဲ့ပြီး ကဗျာဆရာ၊ ပန်းချီဆရာတွေကလည်း ကဗျာရွတ်တာတွေ၊ ပုံတူပန်းချီဆွဲတာတွေနဲ့ ဂုဏ်ပြုခဲ့ကြပါတယ်။

 

ထူးအိမ်သင်ဟာ ၁၉၆၃ ခုနှစ်မှာ ပုသိမ်မြို့ အမှတ် ၄ ရပ်ကွက် ပြည်တော်သာအိမ်ယာမှာ မွေးဖွားခဲ့တာဖြစ်ပြီး ပုသိမ်မြို့ အ.မ.က၂၀၊ အ.ထ.က ၃ နဲ့ ပုသိမ်တက္ကသိုလ် (ယခင်ပုသိမ်ကောလိပ်)တို့မှာ တက်ရောက်ခဲ့ပါတယ်။ ဒီနေ့ မွေးနေ့ အထိမ်းအမှတ်ကတော့ ထူးအိမ်သင် ကျောင်းသားဘဝက ထိုင်ခဲ့ဖူးတဲ့ ကန်တင်းမှာ မွေးနေ့ကို ဂုဏ်ပြုကြတာလို့ သိရပါတယ်။

 

#voiceofmyanmar # နိုင်ငံကျော် #တေးရေး၊တေးဆို #ထူးအိမ်သင်ရဲ့မွေးနေ့အမှတ်တရ #ပုသိမ်တက္ကသိုလ် #

Related posts

Leave a Comment

VOM News

FREE
VIEW