ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ် NLD ရုံးရှေ့မှာ လက်ပစ်ဗုံးအစစ်တွေ့ရှိ

ရန်ကုန်၊ ဇူလိုင် ၂၄-၂၀၁၉

ဟိန်းကို(VOM)

 

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် NLD ရုံးနဲ့ လွှတ်တော်ကိုယ်စားလှယ်ရုံးရှေ့မှာ ဒီကနေ့ မနက်ပိုင်းက လက်ပစ်ဗုံးအစစ်တွေ့ရှိခဲ့တယ်လို့ တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်(ခ)နေဘုန်းလတ်ထံက သိရပါတယ်။

 

” ဗုံးကတော့ အစစ်ပါ၊ ကျနော်ကတော့ နေပြည်တော်ကို အစည်းအဝေးသွားနေပါတယ်။ ရဲကတော့ သူတို့လုပ်ထုံးလုပ်နည်းအတိုင်း CCTV Record ရှိတယ်လို့တော့ ပြောတယ်။ အဲ့ဒါကိုတော့ သူတို့ပြန်စစ်နေတယ်လို့ ကြားပါတယ်။” လို့ ဦးနေမျိုးကျော်(ခ)နေဘုန်းလတ်က ပြောပါတယ်။

 

အခုဖြစ်ပွားတဲ့ ကိစ္စဟာ ရဲအရေးပိုင်တဲ့ကိစ္စဖြစ်တဲ့အတွက် ရဲတပ်ဖွဲ့ကတော့ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်လုပ်ဆောင်နေပြီး NLD ပါတီအနေနဲ့ကတော့ လောလောဆယ် ဘာမှလုပ်ဖို့မရှိဘူးလို့ သိရပါတယ်။

 

မနေ့ ဇူလိုင်၂၃ ရက် မနက်ပိုင်းကလည်း  နေပြည်တော်မှာ ခုလိုဗုံးသတင်းထွက်ထားပြီး ရန်ကုန်မြို့လို့ မြို့လယ်ခေါင်ကြီးမှာ ဒီလိုပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေ့တယ်ဆိုတာဟာ နည်းနည်းစိုးရိမ်စရာ အခြေအနေဖြစ်သလို အခုလိုမျိုးကိစ္စရပ်ဟာ မဖြစ်သင့်တဲ့ အခြေအနေတစ်ခုလို့လည်း ဦးနေမျိုးကျော်(ခ)နေဘုန်းလတ်က သုံးသပ်ပြောဆိုထားပါတယ်။

ဓါတ်ပုံ – မင်းမင်း

#voiceofmyanmar #ရန်ကုန် #သင်္ဃန်းကျွန်း #NLD ရုံးရှေ့မှာလက်ပစ်ဗုံးအစစ်တွေ့ #

Related posts

Leave a Comment

VOM News

FREE
VIEW