မြောက်ကိုရီးယားအပေါ် စစ်ရေးအင်အားအသုံးပြုနိုင်တယ်လို့ ဒေါ်နယ်ထရန့်ဆို

လန်ဒန်၊ ဒီဇင်ဘာ-၄-၂၀၁၉
မျိုးဆက် (VOM)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ အလွန်ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်လို့ ပြောဆိုထားပေမယ့်လည်း လိုအပ်လာရင် မြောက်ကိုရီးယားအပေါ် စစ်အင်အားအသုံးပြုနိုင်တယ်လို့ အရိတ်အမြွတ် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အမေရိကန်ဟာ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးစစ်တပ်ရှိတဲ့ နိုင်ငံဖြစ်ပြီး အဲဒီစစ်အင်အားကို အသုံးမပြုရဖို့ မိမိတို့အနေနဲ့ မျှော်လင့်ကြောင်း၊ ဒါပေမယ့် စစ်ရေးအရ လုပ်ဆောင်ရမယ်ဆိုရင်လည်း အသုံးပြုသွားမှာဖြစ်တယ်လို့ သူကပြောပါတယ်။

အမေရိကန်နဲ့ မြောက်ကိုရီးယားတို့အကြား နျူကလီးယားဆွေးနွေးပွဲတွေ ရှေ့မတိုး၊ နောက်မဆုတ် အခြေအနေရှိနေစဉ်မှာ မြောက်ကိုရီးယားနဲ့ပတ်သက်လို့ ဒေါ်နယ်ထရန့်ရဲ့ မှတ်ချက်ပြောဆိုမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

နျူကလီးယားဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီး ဖြစ်ပေါ်နေတဲ့ အကြပ်အတည်းကို ယခုနှစ်ကုန်မှ အဆုံးသတ်ရေး အတွက် အစီအစဉ်တစ်ရပ်လုပ်ဆောင်ဖို့ အမေရိကန်ကို မြောက်ကိုရီးယားက သတိပေး တိုက်တွန်းထားပါတယ်။

မြောက်ကိုရီးယားဟာ ခေါင်းဆောင်ကင်ဂျုံအန်ရဲ့ ကြီးကြပ်မှုနဲ့ အတူ အကြီးစား ဒုံးပျံပစ်လွှတ်စနစ်ကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက နိုဝင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ဖော်ပြခဲ့ပါတယ်။

Ref : NHK Photo :AFP
#voiceofmyanmar #အမေရိကန် #မြောက်ကိုရီးယား #စစ်အင်အား

Zawgyi

ေျမာက္ကိုရီးယားအေပၚ စစ္ေရးအင္အားအသံုးျပဳနုိင္တယ္လို႔ ေဒၚနယ္ထရန္႔ဆို

လန္ဒန္၊ ဒီဇင္ဘာ-၄-၂၀၁၉
မ်ိဳးဆက္ (VOM)

အေမရိကန္သမၼတ ေဒၚနယ္ထရန္႔ဟာ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအန္နဲ႔ အလြန္ရင္းနွီးတဲ႔ ဆက္ဆံေရးရိွတယ္လို႔ ေျပာဆုိထားေပမယ္႔လည္း လိုအပ္လာရင္ ေျမာက္ကိုရီးယားအေပၚ စစ္အင္အားအသံုးျပဳနိုင္တယ္လို႔ အရိတ္အျမြတ္ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

အေမရိကန္ဟာ ကမၻာေပၚမွာ အင္အားအၾကီးဆံုးစစ္တပ္ရိွတဲ႔ နိုင္ငံျဖစ္ျပီး အဲဒီစစ္အင္အားကို အသံုးမျပဳရဖို႔ မိမိတို႔အေနနဲ႔ ေမွ်ာ္လင္႔ေၾကာင္း၊ ဒါေပမယ္႔္ စစ္ေရးအရ လုပ္ေဆာင္ရမယ္ဆိုရင္လည္း အသံုးျပဳသြားမွာျဖစ္တယ္လို႔ သူကေျပာပါတယ္။

အေမရိကန္နဲ႔ ေျမာက္ကိုရီးယားတို႔အၾကား န်ဴကလီးယားေဆြးေႏြးပြဲေတြ ေရွ႕မတိုး၊ ေနာက္မဆုတ္ အေျခအေနရိွေနစဥ္မွာ ေျမာက္ကိုရီးယားနဲ႔ပတ္သက္လို႔ ေဒၚနယ္ထရန္႔ရဲ႕ မွတ္ခ်က္ေျပာဆိုမႈ ထြက္ေပၚလာတာျဖစ္ပါတယ္။

န်ဴကလီးယားေဆြးေႏြးပြဲေတြနဲ႔ပတ္သက္ျပီး ျဖစ္ေပၚေနတဲ႔ အၾကပ္အတည္းကို ယခုနွစ္ကုန္မွ အဆံုးသတ္ေရး အတြက္ အစီအစဥ္တစ္ရပ္လုပ္ေဆာင္ဖို႔ အေမရိကန္ကို ေျမာက္ကိုရီးယားက သတိေပး တိုက္တြန္းထားပါတယ္။

ေျမာက္ကိုရီးယားဟာ ေခါင္းေဆာင္ကင္ဂ်ံဳအန္ရဲ႕ ၾကီးၾကပ္မႈနဲ႔ အတူ အၾကီးစား ဒံုးပ်ံပစ္လႊတ္စနစ္ကို ေအာင္ျမင္စြာစမ္းသပ္နုိင္ခဲ႔ေၾကာင္း ေျမာက္ကိုရီးယားနုိင္ငံပိုင္ သတင္းဌာနက နို၀င္ဘာ ၂၉ ရက္မွာ ထုတ္ျပန္ေဖာ္ျပခဲ႔ပါတယ္။

Ref : NHK Photo :AFP
#voiceofmyanmar #အေမရိကန္ #ေျမာက္ကိုရီးယား #စစ္အင္အား

Related posts

Leave a Comment

VOM News

FREE
VIEW