ဟယ်လင်စကီး၊ ဒီဇင်ဘာ-၉-၂၀၁၉ မျိုးဆက် (VOM) ဖင်လန်နိုင်ငံမှာ အသက် ၃၄ နှစ်အရွယ် ဆန်နာမာရင်ဟာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံလိုက်ရပြီး သူဟာ ကမ္ဘာ့အသက်အငယ်ဆုံး ဝန်ကြီးချုပ်တစ်ဦးအဖြစ် သတ်မှတ်ရမှာဖြစ်ကာ ဖင်လန်နိုင်ငံမှာ ညွှန့်ပေါင်းအစိုးရတစ်ရပ်ကို အမျိုးသမီးတစ်ဦးက ဦးဆောင်တော့မှာဖြစ်ပါတယ်။ ဝန်ကြီးချုပ် အန့်တီရီနေးနှုတ်ထွက်သွားပြီးနောက် ပို့ဆောင်ရေးဝန်ကြီးဖြစ်သူ ဆန်နာမာရင်ကို ဝန်ကြီးချုပ်အဖြစ် သူမရဲ့ ဆိုရှယ်ဒီမိုကရက်တစ်ပါတီက ရွေးချယ်လိုက်တာဖြစ်ပြီး ယခုတစ်ပတ်အတွင်းမှာ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုဖွယ်ရှိနေပါတယ်။ သူမဟာ အမျိုးသမီးတွေချည်းပဲ ဦးဆောင်ထားတဲ့ ပါတီငါးခုပါဝင်တဲ့ ညွှန့်ပေါင်းအစိုးရအဖွဲ့ကို ဦးဆောင်သွားမှာဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ရီနေးဟာ စာတိုက်နဲ့ပတ်သက်တဲ့ သပိတ်မှောက်မှုတစ်ခုကို ကိုင်တွယ်ရာမှာ ညွှန့်ပေါင်းအဖွဲ့ရဲ့ ယုံကြည်မှု ပျောက်ဆုံးပြီးနောက် ရာထူးကနေ နှုတ်ထွက်လိုက်တာဖြစ်ပါတယ်။ ဆန်နာမာရင်အနေနဲ့ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်မယ့်အချိန်မှာ အသက် ၃၄ နှစ်အရွယ်သာရှိတာကြောင့် ကမ္ဘာ့အသက်ငယ်ဆုံး ဝန်ကြီးချုပ်အဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ အသက်ငယ်ရွယ်တဲ့ ဝန်ကြီးချုပ်တွေအဖြစ် သူမပြီးရင် နယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒန်…
Read MoreDay: December 9, 2019
ICJ ကို သွားဖြေရှင်းတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုထောက်ခံပွဲ မြစ်ကြီးနားမြို့မှာပြုလုပ်
ICJ ကို သွားဖြေရှင်းတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုထောက်ခံပွဲ မြစ်ကြီးနားမြို့မှာပြုလုပ် မြစ်ကြီးနား၊ ဒီဇင်ဘာ ၉-၂၀၁၉ ရန်အောင်ထွန်း(VOM) အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကို သွားရောက်တရားရင်ဆိုင်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ပွဲကို ဒီကနေ့မနက်ပိုင်းက မြစ်ကြီးနားမြို့မှာ ဒေသခံလူဦးရေ တစ်ထောင်လောက်နဲ့ ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတာကို ရင်ဆိုင်ဖြေရှင်းဖို့ ဒီဇင်ဘာ ၈ ရက်နေ့က နယ်သာလန်နိုင်ငံ သည်ဟေ့ဂ့်မြို့ကို ထွက်ခွာသွားပြီဖြစ်ပါတယ်။ #voiceofmyanmar #မြစ်ကြီးနား #ထောက်ခံပွဲ
Read Moreဟွာမူန် အထည်ချုပ်စက်ရုံလုပ်သားတွေ စက်ရုံတာဝန်ရှိသူတွေကို သပိတ်မှောက်
ဧရာဝတီ၊ ဒီဇင်ဘာ ၉-၂၀၁၉ ကိုအောင်(VOM) ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့ရှိ ဟွာမူန်အထည်ချုပ်စက်ရုံက အလုပ်သမား၂၀၀ဟာ စက်ရုံဝင်းထဲမှာပဲ စက်ရုံတာဝန်ရှိသူတွေကို ဒီကနေ့မနက်ပိုင်းက သပိတ်မှောက်ခဲ့ကြပါတယ်။ ဟွာမူန်စက်ရုံက အလုပ်သမားတွေဟာ အောက်တိုဘာလတုန်းက စက်ရုံတာဝန်ရှိသူတွေကို အလုပ်သမားအခွင့်အရေးတွေပေးဖို့ တောင်းဆိုချက်(၅၇)ချက် တောင်းဆိုခဲ့ပီး (၄၂)ချက်ကိုသာ သဘောတူခဲ့ပေမယ့် ယနေ့အချိန်ထိ စက်ရုံကနေ အကောင်အထည်ဖော်ပေးခြင်း မရှိတဲ့အတွက် ခုလိုသပိတ်မှောက်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ “အများသူငါ ရုံးပိတ်ရက်တွေ မနားရတာ၊ နောက်ဆုံးတနင်္ဂနွေနေ့ ပါအလုပ်ဆင်းရတာ၊ သောက်ရေမသန့်ရှင်းတာက အစ၊ အလုပ်ချိန်ပိုဆင်းရတာတွေ ၊ အလုပ်သမားဘက်က တောင်းဆိုချက်တွေကို ခုထိ ဘာမှကိုလုပ်မပေးသေးလို့ သပိတ်မှောက်ကြတာ” လို့ ဟွာမူန်အထည်ချုပ်အလုပ်သမားသမဂ္ဂ ဥက္ကဌမ ခိုင်နွေဦးမွနိကပြောပါတယ်။ စက်ရုံကို သပိတ်မှောက်တဲ့အခါမှာလဲ စက်ရုံဘက်က အလုပ်သမားတွေအပေါ် သပိတ်ကို ဖြိုခွင်းမယ့်သဘော နဲ့ ခြိမ်းခြောက်မူတွေရှိနေတယ်လို့ သိရပါတယ်။ “မနက်က သပိတ်မှောက်ဖို့လူစုထဲက ဟန်းစပီကာတွေနဲ့လိုက်အော်နေတယ် စက်ရုံထဲမှာ အလုပ်မဆင်းဘဲ…
Read Moreရိုဟင်ဂျာအရေးလှုပ်ရှားသူတွေ မြန်မာနိုင်ငံကိုသပိတ်မှောက်တဲ့ ‘Boycott Myanmar Campaign’ စတင်
တိုရွန်တို၊ ဒီဇင်ဘာ-၉-၂၀၁၉ မျိုးဆက် (VOM) ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် စီးပွားရေး၊ ယဉ်ကျေးမှု၊ သံတမန်ရေးနှင့် နိုင်ငံရေးအရ ဖိအားပေးဖို့ရည်ရွယ်တဲ့ ‘Boycott Myanmar Campaign’ ကို နိုင်ငံ ၁၀ နိုင်ငံမှ လူ့အခွင့်အရေး၊ ပညာရေးနဲ့ အခြားအဖွဲ့အစည်းပေါင်း ၃၀ က စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအပေါ် သပိတ်မှောက်တဲ့ လှုပ်ရှားမှု ‘Boycott Myanmar Campaign’ ဟာ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ မှာတိုင်ကြားထားတာအတွက် ပြန်လည်ခုခံချေပဖို့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နယ်သာလန်နိုင်ငံကို ရောက်ရှိနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဒီလှုပ်ရှားမှုလုပ်ဆောင်တဲ့ အဖွဲ့တွေထဲမှာ Free Rohingya Coalition, Forsea.co, Restless Beings, Destination Justice, Rohingya Human Rights Network of Canada, Rohingya Human…
Read Moreဆီပေပါကားကနေ ဆီလှယ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့
မန္တလေး၊ ဒီဇင်ဘာ ၉-၂၀၁၉ ဟိန်းကို(VOM) မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ သမ္မတောကျေးရွားမှာ ဒီကနေ့မနက်ပိုင်းက ဆီပေပါကားကနေ ဆီလှယ်ရာမှ အပူလွန်ကဲပြီး မီးလောင်မှုစဖြစ်ခဲ့တယ်လို့ မန္တလေးခရိုင်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ မီးလောင်မှုဖြစ်ပွားရာမှာ ဆီပေပါတွေ ပေါက်ကွဲပြီး ဆီဂိုဒေါင်ဘေးက RCလေးထပ်တိုက်လည်း မီးလောင်ဆုံးရှုံးခဲ့ပြီး ဆီပေပါ၊ ဆီးဘောက်ဆာကား၊ ဂိုဒေါင်တစ်လုံး မီးလောင်ပျက်စီးကာ တန်ဖိုးငွေ ၁၁၉သိန်း မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ ဆီပေပါတွေနဲ့ ဆီဘောက်ဆာကားတွေထားတဲ့ ဂိုဒေါင်တစ်ခုဖြစ်ပြီး မီးလောင်မှုကို Level3အဆင့်သက်မှတ်ကာ မီးငြိမ်းသတ်ယာဉ် အစီး၅၀ကျော်၊ မီးသတ်အင်အား ၂၅၀နဲ့မီးငြိမ်းသတ်ခဲ့ကြတာ ဖြစ်ပါတယ်။ မီးလောင်မှုမှာ မီးပေါ့စစွာ အသုံးပြုခဲ့တဲ့ ဆီဂိုဒေါင်က လုပ်သား ကိုအောင်သူ ဆိုသူကို နယ်မြေခံ ပုသိမ်ကြီးရဲစခန်းက ပုဒ်မ(၂၈၅)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ #voiceofmyanmar #မန္တလေး #ပုသိမ်ကြီး #မီးလောင်မှု Zawgyi ဆီေပပါကားကေန ဆီလွယ္ရာမွ မီးေလာင္မႈျဖစ္ပြားခဲ့ မႏၲေလး၊ ဒီဇင္ဘာ ၉-၂၀၁၉…
Read Moreဒါတော့ မမေးနဲ့
Read Moreမြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်အပါအဝင် တိုင်းနှင့်ပြည်နယ်ခုနှစ်ခုက နေရာအချို့ကို နိုင်ငံခြားသားသွားလာခွင့်ထပ်မံပိတ်
ရန်ကုန်၊ဒီဇင်ဘာ ၉-၂၀၁၉ သိဂီ ၤ(VOM) ရခိုင်ပြည်နယ်၊ မြောက်ဦးရှေးဟောင်းညယဉ်ကျေးမှုဇုန်နဲ့ ရန်ကုန်ကကိုကိုးကျွန်းအပါအဝင် တိုင်းနှင့်ပြည်နယ်ခုနှစ်ခုက နေရာအတော်များများကို နိုင်ငံခြားသားသွားလာခွင့် ကန့်သတ်နယ်မြေအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနက ထပ်မံပိတ်ပစ်လိုက်ပါတယ်။ နိုင်ငံခြားသားသွားလာခွင့် ထပ်မံကန့်သတ်လိုက်တဲ့ ပြည်နယ်နှင့်တိုင်းခုနှစ်ခုကတော့-ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ၊ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် အရှေ့ပိုင်း၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပါတယ်။ အဲ့ဒီထဲမှာ နိုင်ငံခြားသားတွေ လုံးဝသွားလာခွင့်မရှိတဲ့ဒေသနဲ့ ခွင့်ပြုချက်ယူပြီး သွားလို့ရမယ့် နေရာဆိုပြီး ကန့်သတ်လိုက်ကာ လုံခြုံရေးအရ ကန့်သတ်လိုက်တာဖြစ်ပါတယ်။ “နယ်မြေကန့်သတ်တာတွေကို ပြည်ထဲရေးဝန်ကြီးဌာနက လုပ်တာဖြစ်တယ်။သူတို့က စာရင်းပေးလာရင် ဆရာတို့ကိုပြန်ဖြန့်ဝေတယ်။ လုံခြုံရေးအရ ကန့်သတ်လိုက်တာဖြစ်ပါတယ်။ ကန့်သတ်နယ်မြေတွေကို နိုင်ငံခြားသားတွေမသွားဖို့ သက်ဆိုင်ရာဧည့်လမ်းညွှန်တွေမှာ တာဝန်ရှိပါတယ်”ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ လုံခြုံရေးအရ နိုင်ငံခြားသားလုံးဝသွားလာခွင့်ပိတ်လိုက်တဲ့ နယ်မြေတွေကတော့ ရခိုင်ပြည်နယ်၊ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်၊ ပုဏ္ဏားကျွန်း၊ မင်းပြားမြို့နယ်၊ ကချင်ပြည်နယ်ပူတာအိုကကျေးရွာခုနှစ်ရွာ၊ ချင်းပြည်နယ်ကပလက်မြို့နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းကလင်းခေးမြို့နယ်၊ ဟိုမိန်းမြို့၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၊ မိုင်းရှူးမြို့နယ်၊…
Read Moreကရိုင်းမီးယားအရေး ရုရှားနဲ့ ယူကရိန်းသမ္မတတို့ ပထမဆုံးအကြိမ်ဆွေးနွေးမယ်
ကရိုင်းမီးယားအရေး ရုရှားနဲ့ ယူကရိန်းသမ္မတတို့ ပထမဆုံးအကြိမ်ဆွေးနွေးမယ် မော်စကို၊ ဒီဇင်ဘာ-၉-၂၀၁၉ မျိုးဆက် (VOM) ယူကရိန်းအရှေ့ပိုင်း ကရိုင်းမီးယားဒေသမှာ ဖြစ်ပွားနေတဲ့ ငါးနှစ်ခွဲကြာ ပဋိပက္ခကိုဖြေရှင်းရေးအတွက် ရုရှားသမ္မတ ပူတင်နဲ့ ယူကရိန်းသမ္မတ ဇယ်လန်စကီးတို့ဟာ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံ ဆွေးနွေးကြတော့မှာဖြစ်ပါတယ်။ အဲဒီဒေသမှာ ရုရှားကျောထောက်နောက်ခံပြုထားတဲ့ သူပုန်တွေနဲ့ ယူကရိန်းအစိုးရတပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲတွေကြောင်း လူပေါင်း ၁၃၀၀၀ ကျော်သေဆုံးခဲ့ရပါတယ်။ ယူကရိန်းအရှေ့ပိုင်း ဒေသသုံးခုကနေ ယူကရိန်းတပ်ဖွဲ့ဝင်တွေ ရုပ်သိမ်းခြင်းနဲ့အတူ အခြေအနေတွေကို ဆက်တိုက်ဆိုသလို လက်ခံမှုတွေကြောင်း ဆွေးနွေးပွဲအောင်မြင်ဖို့ မျှော်လင့်ရပါတယ်။ ယူကရိန်းသမ္မတ ဇယ်လန်စကီးဟာ ပြင်သစ်နဲ့ ဂျာမနီခေါင်းဆောင်တွေနဲ့အတူ ပြင်သစ်နိုင်ငံမှာ ရုရှားသမ္မတပူတင်ကို တွေ့ဆုံသွားမှာဖြစ်ပါတယ်။ ယခုနှစ်အစောပိုင်းက ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာသောင်ပြိုကမ်းပြိုအနိုင်ရပြီး သမ္မတဖြစ်လာတဲ့ မစ္စတာ ဇယ်လန်စကီးအနေနဲ့ ယူကရိန်းအရှေ့ပိုင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်၍ မယုံနိုင်လောက်အောင် ဆောင်ရွက်ခဲ့ပါတယ်။ မစ္စတာ ဇယ်လန်စကီး၏ မဟာဗျူဟာမှာ ရုရှားနှင့် ဆွေးနွေးပွဲများ…
Read More