ဟွန်ဒူးရပ် ထောင်အတွင်း ပြိုင်ဘက်ဂိုဏ်းနှစ်ခုတိုက်ခိုက်မှု အကျဉ်းသား ၁၆ ဦးသေဆုံး

တေဂူစီဂယ်ပါ၊ ဒီဇင်ဘာ-၂၃-၂၀၁၉

မျိုးဆက် (VOM)

 

ဟွန်ဒူးရပ်နိုင်ငံ ထောင်တစ်ခုမှာ လူသေဆုံးခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားပြီး နောက်နှစ်အကြာမှာ နောက်ထပ်ထောင်တစ်ခုမှာ ပြိုင်ဘက်ဂိုဏ်းနှစ်ခုအကြား တိုက်ခိုက်မှုကြောင့် အကျဉ်းသား ၁၆ ဦးသေဆုံးခဲ့ပါတယ်။

 

မြို့တော်တေဂူစီဂယ်ပါ အရှေ့ပိုင်းမှာရှိတဲ့ အယ်လ်ပရိုဗန်နီးယားထောင်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုမှာ အကျဉ်းသားတွေဟာ သေနတ်တွေ၊ ဓါးတိုတွေအပြင် ဓါးရှည်တွေကိုပါ အသုံးပြုခဲ့ကြတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

 

အကျဉ်းသားတွေ စုပြုံထားတယ်လို့ နာမည်ဆိုးကျော်ကြားတဲ့ ဟွန်ဒူးရပ်က အကျဉ်းထောင်တွေမှာ ထောင်တွင်းအကြမ်းဖက်မှုတွေ မကြာခဏဆိုသလို ဖြစ်ပေါ်နေပါတယ်။

 

ဒီဇင်ဘာ ၂၀ ရက်ကလည်း နိုင်ငံမြောက်ပိုင်း တီလာမြို့မှာရှိတဲ့ အကျဉ်းထောင်တစ်ခုမှာ ဆူပူမှုကြောင့် အကျဉ်းသား ၁၈ ဦးသေဆုံးပြီး ၁၆ ဦး ဒါဏ်ရာရရှိခဲ့ပါတယ်။

 

အစိုးရကတော့ ထောင်တွင်းစနစ်နဲ့ပတ်သက်ပြီး အရေးပေါ်အခြေအနေကြေညာလိုက်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ထိန်းချုပ်ပေးဖို့ လွှဲပြောင်းထားပါတယ်။

 

Ref: BBC Photo: Reuters

#VOM #voiceofmyanmar #ဟွန်ဒူးရပ် #အကျဉ်းထောင် #တိုက်ခိုက်မှု

Zawgyi

မြင်းမူမြို့ဧရိယာအတွင်းက တိုးဂိလ်ကို ဖယ်ရှားပေးဖို့ ဆန္ဒပြ

မြင်းမူ၊ ဒီဇင်ဘာ ၂၃-၂၀၁၉
မောင်တာရာ (VOM)

စစ်ကိုင်ခရိုင်၊ မြင်းမူမြို့၊ မြို့ဧရိယာအတွင်းကျရောက်နေတဲ့ တိုးဂိလ်ကို ဖယ်ရှားပေးဖို့ ဒီကနေ့မနက်ပိုင်းက မြင်းမူမြို့ပေါ်ရပ်ကွက်တွေက ယာဉ်ပိုင်ရှင်တွေနဲ့ ကျေးရွာသားတွေ စုပေါင်းပြီး လူဦးရေ ၁၀၀ ခန့်က တိုးဂိလ်ရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

မြင်းမူမြို့ပေါ်ရပ်ကွက်တွေက ဒေသခံတွေဟာ မြို့နယ်အတွင်းကနေ အခြားတနေရာကို သွားလာတဲ့အခါ လမ်းအသုံးပြုခတွေကို အဆမတန် ပေးဆောင်နေရပြီး ထိခိုက်နစ်နာမှုတွေ များစွာရှိလာတဲ့အတွက် ယခုလို ဆန္ဒထုတ်ဖော်တာဖြစ်တယ်လို့ ဦးဆောင်ဆန္ဒထုတ်ဖော်သူ ဦးမင်းမင်းစိန် ကပြောပါတယ်။

”ကျွန်တော်တို့ သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲမှု လိုင်းကနေ ခရိုင်စီမံခန့်ခွဲမှုကော်မတီကို တင်ပြထားပြီဖြစ်ပါတယ်။ ခရိုင်စီမံခန့်ခွဲမှုကော်မတီကနေ အစိုးရအဖွဲ့ကို ဆက်ပြီးတင်ပြမှာပါဗျ “လို့ မြင်းမူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်အောင်လွင်က ပြောပါတယ်။

#VOM #voiceofmyanmar #မြင်းမူ #တိုးဂိတ် #ဆန္ဒပြ
YouTube Link –

Related posts

Leave a Comment

VOM News

FREE
VIEW