ရိုဟင်ဂျာတွေကို ပြန်မခေါ်မချင်း မြန်မာနိုင်ငံနဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဂျာမနီနိုင်ငံကဆိုင်းငံ့မယ်
ကော့ဘဇား၊ မတ်-၃-၂၀၂၀
မျိုးဆက် (VOM)
ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးကင်းလုံးခြုံစွာ နေရပ်ပြန်ပို့နိုင်တဲ့အချိန်ထိ မြန်မာနိုင်ငံနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအားလုံးကို ဆိုင်းငံ့သွားမယ်လို့ ဂျာမနီနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဂတ်မူလာက ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ သန်းနဲ့ချီတဲ့ဒုက္ခသည်တွေကို လုံခြုံဘေးကင်းစွာနေရပ်ပြန်နိုင်ဖို့ တာဝန်ရှိပြီး အဲဒီကတိကဝတ်ကို မပေးမချင်း မြန်မာနိုင်ငံနဲ့ မိမိတို့ရဲ့ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်တာကို ဆိုင်းငံ့သွားမယ်လို့ ဂတ်မူလာရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မိမိအနေနဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံစကားပြောခဲ့ကြောင်း၊ သူတို့ဟာ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းထဲက အခြေအနေဆိုးရွားတဲ့ တဲတွေထဲမှာ နေထိုင်နေကြရတယ်၊ မျိုးနွယ်စုရှင်းလင်းခြင်းနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်ခြင်းများကို ဂျာမနီအနေနဲ့ လက်သင့်မခံကြောင်း ဂတ်မူလာက ပြောပါတယ်။
ဂျာမနီနိုင်ငံဟာ ရိုဟင်ဂျာတွေကိုလက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်လူမှုအသိုင်းအဝိုင်းအပါအဝင် ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာတွေ ရပ်တည်ရှင်သန်ရေးကူညီဖို့ ပညာရေးနဲ့ သန့်ရှင်းရေးအစီအမံတွေအတွက် ယူရို ၁၅ သန်းရန်ပုံငွေ ထပ်ပြီးထောက်ပံ့သွားမှာဖြစ်ပါတယ်။
Ref :Daily Star Photo: Getty Images
#VOM #voiceofmyanmar #ကော့ဘဇား #ရိုဟင်ဂျာဒုက္ခသည် #မြန်မာကပြန်မခေါ်မချင်း #ဖွံ့ဖြိုးရေးလုပ်ငန်းတွေ #ဆိုင်းငံ့မယ်
Zawgyi
ရိုဟင္ဂ်ာေတြကို ျပန္မေခၚမခ်င္း ျမန္မာနိုင္ငံနဲ႔ဖြံ႕ျဖိဳးေရးလုပ္ငန္းေတြကို ဂ်ာမနီႏိုင္ငံကဆုိင္းငံ့မယ္
ေကာ႔ဘဇား၊ မတ္-၃-၂၀၂၀
မ်ိဳးဆက္ (VOM)
ရိုဟင္ဂ်ာဒုကၡသည္ေတြ ေဘးကင္းလံုးျခံဳစြာ ေနရပ္ျပန္ပို႔ႏိုင္တဲ႔အခ်ိန္ထိ ျမန္မာနို္င္ငံနဲ႔ ဖြံ႕ျဖိဳးတိုးတက္ေရးလုပ္ငန္းအားလံုးကို ဆိုင္းငံ့သြားမယ္လို႔ ဂ်ာမနီနုိင္ငံရဲ႕ ဖြံ႕ျဖိဳးတိုးတက္ေရး၀န္ၾကီး ဂတ္မူလာက ေျပာပါတယ္။
ျမန္မာနိုင္ငံအေနနဲ႔ သန္းနဲ႔ခ်ီတဲ႔ဒုကၡသည္ေတြကို လံုျခံဳေဘးကင္းစြာေနရပ္ျပန္နုိင္ဖို႔ တာ၀န္ရိွျပီး အဲဒီကတိက၀တ္ကို မေပးမခ်င္း ျမန္မာနုိင္ငံနဲ႔ မိမိတို႔ရဲ႕ဖြံ႕ျဖိဳးတိုးတက္ေရးပူးေပါင္းေဆာင္ရြက္တာကို ဆိုင္းငံ့သြားမယ္လို႔ ဂတ္မူလာရဲ႕ ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။
မိမိအေနနဲ႔ ဘဂၤလားေဒ႔ရွ္ ဒုကၡသည္စခန္းက ရိုဟင္ဂ်ာေတြနဲ႔ ေတြ႔ဆံုစကားေျပာခဲ႔ေၾကာင္း၊ သူတို႔ဟာ ကမၻာ႔အၾကီးဆံုး ဒုကၡသည္စခန္းထဲက အေျခအေနဆိုးရြားတဲ႔ တဲေတြထဲမွာ ေနထိုင္ေနၾကရတယ္၊ မ်ိဳးႏြယ္စုရွင္းလင္းျခင္းနဲ႔ လူသားမ်ိဳးႏြယ္အေပၚ ရာဇ၀တ္မႈက်ဴးလြန္ျခင္းမ်ားကို ဂ်ာမနီအေနနဲ႔ လက္သင္႔မခံေၾကာင္း ဂတ္မူလာက ေျပာပါတယ္။
ဂ်ာမနီနုိင္ငံဟာ ရိုဟင္ဂ်ာေတြကိုလက္ခံထားတဲ႔ ဘဂၤလားေဒ႔ရွ္လူမႈအသိုင္းအ၀ိုင္းအပါအ၀င္ ဒုကၡသည္စခန္းမွာ ရိုဟင္ဂ်ာေတြ ရပ္တည္ရွင္သန္ေရးကူညီဖို႔ ပညာေရးနဲ႔ သန္႔ရွင္းေရးအစီအမံေတြအတြက္ ယူရို ၁၅ သန္းရန္ပံုေငြ ထပ္ျပီးေထာက္ပံ့သြားမွာျဖစ္ပါတယ္။
Ref :Daily Star Photo: Getty Images
#VOM #voiceofmyanmar #ေကာ့ဘဇား #ရိုဟင္ဂ်ာဒုကၡသည္ #ျမန္မာကျပန္မေခၚမခ်င္း #ဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြ #ဆိုင္းငံ့မယ္