လွယ်ခမ်းကျေးရွာအတွင်း မူးယစ်ဆေးဝါးများဖမ်းဆီးရမိတဲ့တန်ဖိုး ၃၁၅ဘီလီယံကျော်ရှိပြီ

လွယ်ခမ်းကျေးရွာအတွင်း မူးယစ်ဆေးဝါးများဖမ်းဆီးရမိတဲ့တန်ဖိုး ၃၁၅ဘီလီယံကျော်ရှိပြီ

နေပြည်တော်၊မတ် ၁၇-၂၀၂၀
ကိုထွန်း(VOM)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်းကျေးရွာနဲ့ အနီးပတ်ဝန်းကျင်နေရာများမှာ ဖေဖော်ဝါရီ ၂၈.ရက်နေ့ကနေ မတ်လ ၁၆ရက်နေ့အထိ လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိမှုမှာ ငွေကျပ် ၃၁၅ဘီလီယံကျောရှိနေပြီလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

မနေ့မတ်လ၁၆ရက်နေ့ မနက်ပိုင်းကလည်း ထွက်ပြေးတိမ်းရှောင်နေတဲ့ လွယ်ခမ်းကျေးရွာနေ ဦးလီကျင်ဟွာရဲ့နေအိမ်အဆောက်အဦးထဲကနေ 88/1 စာတမ်းပါစိတ်ကြွရူးသွပ်ဆေးပြား ၁၂၃၆၀၀ ပြား ၊နေ့လယ်ပိုင်းမှာ ဦးလောက်ဖာရဲ့နေအိမ်ထဲက WYစာတမ်းပါစိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀၀၀ ပြား၊ 88/1 စာတမ်းပါစိတ်ကြွရူးသွပ်ဆေးပြား ၅၇၆၀၀၀၀ ပြား၊ တံဆိပ်မပါတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၈၀၀၀၀ ပြား၊ ၁၀ ဂရမ်ပါ ဘိန်းဖြူဆပ်ပြာခွက် ၂၂၀၅ ခွက်၊ (၂၂.၀၅ ကီလို) ၅ ဂါလံဆန့် အက်ဆစ်ပုံး ၂၄ ပုံး၊ ဆေးပြားတံဆိပ်ရိုက်တံ ၁၃၇ ချောင်းနဲ့ ဆေးပြားရိုက်နှိပ်တဲ့ ရာဘာတံဆိပ်တုံး ၉ ခုတို့ကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။

“လွယ်ခမ်းကျေးရွာအနီးတစ်ဝိုက်က အိမ်ခြေ ၃၃၃ လုံးနဲ့ ကျေးရွာအနီးတစ်ဝိုက်တို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့မှဖေဖော်ဝါရီ.၂၈ ရက်မှမတ်လ ၁၆ ရက်နေ့အထိရှာဖွေဖော်ထုတ်စစ်ဆေးခဲ့ရာ လက်နက်ခဲယမ်းများ၊စိတ်ကြွရူးသွပ်ဆေးပြား ၁၄၃၈၃၂၆၀၀ ပြား၊ဘိန်းဖြူ ၂၈၆.၂၃ ကီလို၊ဘိန်းညို ၂၉၁ ကီလို၊ဘိန်းဖြူခဲ ၁.၆ ကီလို၊ဘိန်းဆီခဲ ၁၆ ကီလို၊ဆေးပြားအကြေမှုန့် ၁၂.၆၅ ကီလို၊ဘိန်းစိမ်း ၁၃၅ ကီလို၊ ICE ၄၄၁ ကီလို၊စုစုပေါင်းမူးယစ်ဆေးဝါးများခန့်မှန်းတန်ဖိုးငွေ ၃၁၄ ဘီလီယံကျော်နှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်း ၂၄၉ မျိုး၏ ကာလတန်ဖိုးမှာ ၁.၆ ဘီလီယံကျော်ဖြစ်ရာ စုစုပေါင်းသိမ်းဆည်းရမိမှု ၃၁၅ ဘီလီယံကျော်ရှိပြီဖြစ်တယ်”လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူးဗိုလ်မှူးချူပ်ဇော်မင်းထွန်းကပြောပါတယ်။

အခုလိုမူးယစ်ဆေးဝါးတွေသိမ်းဆည်းရမိတာနဲ့ ပတ်သက်ပြီး ထွက်ပြေးတိမ်းရှောင်နေသူများ၊ အဓိကတရားခံများ၊ သတင်းပေးရန်ပျက်ကွက်သူများနဲ့ ပါဝင်ပတ်သက်သူတွေကို ဖမ်းဆီးရမိရေးအတွက် လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းအဖွဲ့ကလည်း နယ်မြေလုံခြုံရေးအတွက် ဆက်လက်ဆောင်ရွက်နေတယ်လို့ ဗိုလ်မှူးချူပ်ဇော်မင်းထွန်းကပြောပါတယ်။

#VOM #voiceofmyanmar #နေပြည်တော် #လွယ်ခမ်းကျေးရွာ #မူးယစ်ဆေးဖမ်းဆီးရမိမှု

Zawgyi

လြယ္ခမ္းေက်း႐ြာအတြင္း မူးယစ္ေဆးဝါးမ်ားဖမ္းဆီးရမိတဲ့တန္ဖိုး ၃၁၅ဘီလီယံေက်ာ္ရိွၿပီ

ေနျပည္ေတာ္၊မတ္ ၁၇-၂၀၂၀
ကိုထြန္း(VOM)

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ကြတ္ခိုင္ၿမိဳ႕နယ္၊ လြယ္ခမ္းေက်း႐ြာနဲ႔ အနီးပတ္ဝန္းက်င္ေနရာမ်ားမွာ ေဖေဖာ္ဝါရီ ၂၈.ရက္ေန႔ကေန မတ္လ ၁၆ရက္ေန႔အထိ လက္နက္ခဲယမ္းမ်ား၊ မူးယစ္ေဆးဝါးမ်ား၊ မူးယစ္ေဆးဝါးခ်က္လုပ္ရာမွာ အသုံးျပဳဆက္စပ္ပစၥည္းေတြ ဖမ္းဆီးရမိမႈမွာ ေငြက်ပ္ ၃၁၅ဘီလီယံေက်ာရိွေနၿပီလို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔က သတင္းထုတ္ျပန္ထားတာျဖစ္ပါတယ္။

မေန႕မတ္လ၁၆ရက္ေန႔ မနက္ပိုင္းကလည္း ထြက္ေျပးတိမ္းေရွာင္ေနတဲ့ လြယ္ခမ္းေက်း႐ြာေန ဦးလီက်င္ဟြာရဲ႕ေနအိမ္အေဆာက္အဦးထဲကေန 88/1 စာတမ္းပါစိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၂၃၆၀၀ ျပား ၊ေန႔လယ္ပိုင္းမွာ ဦးေလာက္ဖာရဲ႕ေနအိမ္ထဲက WYစာတမ္းပါစိတ္ႂကြ႐ူးသြပ္ေဆးျပား ၄၀၀၀၀၀၀ ျပား၊ 88/1 စာတမ္းပါစိတ္ႂကြ႐ူးသြပ္ေဆးျပား ၅၇၆၀၀၀၀ ျပား၊ တံဆိပ္မပါတဲ့ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၆၈၀၀၀၀ ျပား၊ ၁၀ ဂရမ္ပါ ဘိန္းျဖဴဆပ္ျပာခြက္ ၂၂၀၅ ခြက္၊ (၂၂.၀၅ ကီလို) ၅ ဂါလံဆန္႔ အက္ဆစ္ပုံး ၂၄ ပုံး၊ ေဆးျပားတံဆိပ္႐ိုက္တံ ၁၃၇ ေခ်ာင္းနဲ႔ ေဆးျပား႐ိုက္ႏွိပ္တဲ့ ရာဘာတံဆိပ္တုံး ၉ ခုတို႔ကို သိမ္းဆည္းရမိခဲ့တာျဖစ္ပါတယ္။

“လြယ္ခမ္းေက်း႐ြာအနီးတစ္ဝိုက္က အိမ္ေျခ ၃၃၃ လုံးနဲ႔ ေက်း႐ြာအနီးတစ္ဝိုက္တို႔ကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာပူးေပါင္းအဖြဲ႕မွေဖေဖာ္ဝါရီ.၂၈ ရက္မွမတ္လ ၁၆ ရက္ေန႔အထိရွာေဖြေဖာ္ထုတ္စစ္ေဆးခဲ့ရာ လက္နက္ခဲယမ္းမ်ား၊စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၄၃၈၃၂၆၀၀ ျပား၊ဘိန္းျဖဴ ၂၈၆.၂၃ ကီလို၊ဘိန္းညိဳ ၂၉၁ ကီလို၊ဘိန္းျဖဴခဲ ၁.၆ ကီလို၊ဘိန္းဆီခဲ ၁၆ ကီလို၊ေဆးျပားအေၾကမႈန္႔ ၁၂.၆၅ ကီလို၊ဘိန္းစိမ္း ၁၃၅ ကီလို၊ ICE ၄၄၁ ကီလို၊စုစုေပါင္းမူးယစ္ေဆးဝါးမ်ားခန္႔မွန္းတန္ဖိုးေငြ ၃၁၄ ဘီလီယံေက်ာ္ႏွင့္ မူးယစ္ေဆးဝါးခ်က္လုပ္ရာတြင္အသုံးျပဳသည့္ ဆက္စပ္ပစၥည္း ၂၄၉ မ်ိဳး၏ ကာလတန္ဖိုးမွာ ၁.၆ ဘီလီယံေက်ာ္ျဖစ္ရာ စုစုေပါင္းသိမ္းဆည္းရမိမႈ ၃၁၅ ဘီလီယံေက်ာ္ရွိၿပီျဖစ္တယ္”လုိ႔ တပ္မေတာ္္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕အတြင္းေရးမႉးဗိုလ္မႉးခ်ဴပ္ေဇာ္မင္းထြန္းကေျပာပါတယ္။

အခုလုိမူးယစ္ေဆးဝါးေတြသိမ္းဆည္းရမိတာနဲ႔ ပတ္သက္ၿပီး ထြက္ေျပးတိမ္းေရွာင္ေနသူမ်ား၊ အဓိကတရားခံမ်ား၊ သတင္းေပးရန္ပ်က္ကြက္သူမ်ားနဲ႔ ပါဝင္ပတ္သက္သူေတြကို ဖမ္းဆီးရမိေရးအတြက္ လုပ္ထုံးလုပ္နည္းမ်ားနဲ႔အညီ ေဆာင္႐ြက္သြားမွာျဖစ္ၿပီး လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြနဲ႔ ပူးေပါင္းအဖြဲ႕ကလည္း နယ္ေျမလုံၿခဳံေရးအတြက္ ဆက္လက္ေဆာင္႐ြက္ေနတယ္လုိ႔ ဗိုလ္မႉးခ်ဴပ္ေဇာ္မင္းထြန္းကေျပာပါတယ္။

#VOM #voiceofmyanmar #ေနျပည္ေတာ္ #လြယ္ခမ္းေက်းရြာ #မူးယစ္ေဆးဖမ္းဆီးရမိမွဳ

Related posts

Leave a Comment

VOM News

FREE
VIEW