ကောင်းမှုတော်စေတီ ဂေါပကအဖွဲ့ကို အမှုဖွင့်အရေးယူပေးဖို့ သြဝါဒစရိယ ဆရာတော်ကြီးများ တောင်းဆို

ကောင်းမှုတော်စေတီ ဂေါပကအဖွဲ့ကို အမှုဖွင့်အရေးယူပေးဖို့ သြဝါဒစရိယ ဆရာတော်ကြီးများ တောင်းဆို

စစ်ကိုင်း မတ်လ ၂၂ -၂၀၂၀
စောပြည့်ချမ်းသာ(VOM)

စစ်ကိုင်းမြို့ ရာဇမဏီစူဠာ ကောင်းမှုတော်စေတီတော်ကို ခွင့်ပြုချက်မရှိပဲ ဖောက်ထွင်းခဲ့တဲ့ ဂေါပကအဖွဲ့ကို အမြန်ဆုံး အမှုဖွင့်အရေးယူပေးဖို့ ကောင်းမှုတော်စေတီတော် သြဝါဒစရိယဆရာတော်ကြီးတွေက တောင်းဆိုလိုက်ပါတယ်။

ရာဇမဏီစူဠာကောင်းမှုတော်စေတီကို သြဝါဒဆရာတော်ကြီးများ၊ဌာနဆိုင်ရာများ တွေရဲ့ ခွင့်ပြုချက် မတောင်းဘဲနဲ့ ဂေါပကဥက္ကဌ အဖွဲ့ က ရှေးဟောင်းယဉ်ကျေးမှု စေတီတော်ကြီး ကို ဖောက်ထွင်းတာဟာ ရှေးဟောင်းအမွေအနှစ် တွေ ပျက်စီးဆုံးရှုံးအောင် ပြုလုပ်တာဖြစ်တဲ့အတွက် ဥပဒေနဲ့ အညီ အရေးယူပေးဖို့ ဆရာတော်ကြီးတွေက စစ်ကိုင်းမြို့၊ မန်းကျည်းစဉ်ရပ်၊ ဘုရားကြီးကျောင်းတိုက်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

” ဒီကောင်းမှုတော်စေတီ လုံးပတ်ကြီးကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဖောက်တယ်။ ဘုန်းကြီးတို့က ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ စခန်းကို သွားပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး တိုင်ကြားတယ် အဲလို တိုင်ကြားသော်လည်း ဒီနေ့အချိန်ထိ ဘာတစ်ခု မှ မသိရဘူးဖြစ်နေတယ်” လို့ ကောင်းမှုတော်စေတီ ရဲ့ သြဝါဒစရီယဆရာတော်၊မန်းကျည်းစဉ်ရပ်၊ ဘုရားကြီးကျောင်းတိုက်ဆရာတော် ဥူးသောဘန က နေမိန့်ပါတယ်။

ဒီလို ကောင်းမှုတော်စေတီလုံးပတ်ကြီးကို ဖောက်ထားလို့ဆိုပြီး သြဝါဒစရီယ ဒေသခံ ဆရာတော် ၁၂ ပါးကနေ စစ်ကိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ ရှေးဟောင်းသုတေသနဌာနတွေ အပါအဝင် သက်ဆိုင်ရာဌာန အသီးသီးကို တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

“အဲဒီလို တိုင်ကြားသော်လည်း ဒီနေ့ အချိန်ထိ အရေးယူမှု မရှိဘူး၊ ကောင်းမှုတော်စေတီ လုံးပတ်ကြီးကို ဖောက်ထားကို ဒီဘုရားကြီးကို ဖောက်ထားတာက မျက်မြင်သက်သေပဲ။ ဘုရားကလည်း အထင်ကရဘုရားကြီး၊ တိုင်တဲ့ ပုဂ္ဂိုလ်တွေကလည်း ကောင်းမှုတော်ဘုရားကြီးရဲ့ သြဝါဒစရီယဆရာတော်တွေ လာတိုင်တာ၊ ဒါကို ဌာနဆိုင်ရာတွေက အရေးယူမှုမရှိတဲ့ အတွက် သတင်းစာရှင်းလင်းရတာဖြစ်တယ် ” လို့ ဆရာတော်က မိန့်ပါတယ်။

ဂေါပက အဖွဲ့ကတော့ စေတီတော်ကြီးရဲ့ အောက်ခြေ မှာ နတ်စစ်သည် (၁၂၀) ရှိ ပြီး အရှေ့ အနောက် တောင်မြောက် တည့်တည့်မှာတော့ နတ်စစ်သည်များမရှိဘဲ မုခ်ဦးသဖွယ်ထားရှိပြီး ရေငွေ့ပျံနိုင်စေရန် လေထွက်ပေါက်ထားရှိခဲ့တာဖြစ်ပြီး အဲ့အပေါက်တွေက ရှေးအရင်ကတည်းက ရှိခဲ့တာလို့ ပြောပါတယ်။

ကောင်းမှုတော်စေတီတော်ကြီးကို စစ်အစိုးရလက်ထက် ရွှေဆေးသင်္ကန်းကပ်လှူပူဇော်ခဲ့တုန်းက အပြင်ကနေ မိုးရေများ မဝင်ရောက်နိုင်အောင် လ ပိတ်လွှာများ ကပ်လှူခဲ့တာကြောင့် ရေငွေ့ပျံနိုင်ခြင်းမရှိတော့တဲ့အတွက် ရွှေဆေးများ အချပ်လိုက်ကွာကျ ပြီး စေတီတော်ကြီး ရဲ့ အင်္ဂတေ တွေ အုတ်ချပ် တွေ ပျက်စီးဆွေးမြေ့တာတွေဖြစ်ပေါ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ ဆေးဖြူသင်္ကန်း ပြန်လည်ကပ်လှူခြင်းလုပ်ငန်း လုပ်ပြီးတဲ့ နောက်မှာတော့ ကျွမ်းကျင်ပညာရှင်တွေရဲ့ လေ့လာမှုအရ စေတီတော်ကြီး၏ ပတ်ဝန်းကျင်မှာ (မြောက်ဘက်တွင် သမိုင်းဝင်မေတ္တာကန်နဲ့ တောင်ဘက်မှာ ကောင်းမှုတော် အင်းရှိနေတဲ့အတွက်) စေတီတော်ကြီး ရေငွေ့ပျံ တဲ့ အနေအထားဖြစ်နေတယ်လို့ ဂေါပက အဖွဲ့က ဆိုပါတယ်။

ဒါကြောင့် ကောင်းမှုတော်စေတီကြီး ကြံ့ခိုင်မှုရှိ ရေးအတွက် ကျွမ်းကျင်ပညာရှင်တွေ အင်ဂျင်နီယာတွေ ရဲ့ အကြံပေးချက်နဲ့ လေဝင်လေထွက် ရှိတဲ့ (Breathable effect ) ဖြစ်တဲ့ဆေးတွေအသုံပြုစေဖို့အကြံပြုခဲ့တယ်လို့ သိရပါတယ်။

ဒီလို ဆေးဖြူ သင်္ကန်းကပ်တုန်းက အင်ဂျင်နီယာတွေရဲ့လေ့လာတွေ့ရှိချက်အရ ရှေးအရင် စေတီတော်ကြီးစတည်တုန်းက လေဝင်လေထွက်ကောင်းအောင် အောက်ခြေ ပထမပစ္စယံမှာ လေဝင်လေထွက် ရရှိစေဖို့ အပေါက်များဖောက်ထားတာကြောင့် စေတီတော်ကြီး အရှည်တည်တံ့စေရန်တည်ဆောက်ထားခဲ့တာကို တွေ့ရှိခဲ့တယ်လို့ ဂေါပက အဖွဲ့က ပြောပါတယ်။

သာလွန်မင်းတရားကြီး တည်ထားကိုးကွယ်ခဲ့တဲ့ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီဟာ နှစ်ပေါင်း(၃၈၄)နှစ်ရှိပြီဖြစ်ပြီး ရှေးယခင်ကတည်းက ထုံးဖြူ သင်္ကန်းကပ်လှူ ခဲ့ပါတယ်။ အရင် စစ် အစိုးရ လက်ထက်မှာ ရွှေသင်္ကန်းပြောင်းလဲ ကပ်လှူခဲ့ပြီး၊ အခု NLD ရဲ့အစိုးရ လက်ထက် မှာတော့ စစ်ကိုင်းမြို့ ခံပြည်သူတွေရဲ့ သဘောဆန္ဒကောက်ခံပြီး အဖြူ ရောင်ဆေးသင်္ကန်း ပြန်လည်ကပ်လှူ ခဲ့တာဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #KaungHmuDawPagoda
#ကောင်းမှုတော်စေတီ #စစ်ကိုင်း #ဂေါပကအဖွဲ့ကိုအရေးယူရန်

…….

zawgyi

ေကာင္းမႈေတာ္ေစတီ ေဂါပကအဖြဲ႕ကို အမႈဖြင့္အေရးယူေပးဖို႔ ၾသဝါဒစရိယ ဆရာေတာ္ႀကီးမ်ား ေတာင္းဆို

စစ္ကိုင္း မတ္လ ၂၂ -၂၀၂၀
ေစာျပည့္ခ်မ္းသာ(VOM)

စစ္ကိုင္းၿမိဳ႕ ရာဇမဏီစူဠာ ေကာင္းမႈေတာ္ေစတီေတာ္ကို ခြင့္ျပဳခ်က္မရွိပဲ ေဖာက္ထြင္းခဲ့တဲ့ ေဂါပကအဖြဲ႕ကို အျမန္ဆုံး အမႈဖြင့္အေရးယူေပးဖို႔ ေကာင္းမႈေတာ္ေစတီေတာ္ ၾသဝါဒစရိယဆရာေတာ္ႀကီးေတြက ေတာင္းဆိုလိုက္ပါတယ္။

ရာဇမဏီစူဠာေကာင္းမႈေတာ္ေစတီကို ၾသဝါဒဆရာေတာ္ႀကီးမ်ား၊ဌာနဆိုင္ရာမ်ား ေတြရဲ႕ ခြင့္ျပဳခ်က္ မေတာင္းဘဲနဲ႔ ေဂါပကဥကၠဌ အဖြဲ႕ က ေရွးေဟာင္းယဥ္ေက်းမႈ ေစတီေတာ္ႀကီး ကို ေဖာက္ထြင္းတာဟာ ေရွးေဟာင္းအေမြအႏွစ္ ေတြ ပ်က္စီးဆုံးရႈံးေအာင္ ျပဳလုပ္တာျဖစ္တဲ့အတြက္ ဥပေဒနဲ႔ အညီ အေရးယူေပးဖို႔ ဆရာေတာ္ႀကီးေတြက စစ္ကိုင္းၿမိဳ႕၊ မန္းက်ည္းစဥ္ရပ္၊ ဘုရားႀကီးေက်ာင္းတိုက္မွာ သတင္းစာရွင္းလင္းပြဲျပဳလုပ္ ေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။

” ဒီေကာင္းမႈေတာ္ေစတီ လုံးပတ္ႀကီးကို ေဖေဖာ္ဝါရီလ ၂၃ ရက္ေန႔က ေဖာက္တယ္။ ဘုန္းႀကီးတို႔က ေဖေဖာ္ဝါရီ ၂၄ ရက္ေန႔မွာ စခန္းကို သြားၿပီး ဒီကိစၥနဲ႔ ပတ္သက္ၿပီး တိုင္ၾကားတယ္ အဲလို တိုင္ၾကားေသာ္လည္း ဒီေန႔အခ်ိန္ထိ ဘာတစ္ခု မွ မသိရဘူးျဖစ္ေနတယ္” လို႔ ေကာင္းမႈေတာ္ေစတီ ရဲ႕ ၾသဝါဒစရီယဆရာေတာ္၊မန္းက်ည္းစဥ္ရပ္၊ ဘုရားႀကီးေက်ာင္းတိုက္ဆရာေတာ္ ဥဴးေသာဘန က ေနမိန႔္ပါတယ္။

ဒီလို ေကာင္းမႈေတာ္ေစတီလုံးပတ္ႀကီးကို ေဖာက္ထားလို႔ဆိုၿပီး ၾသဝါဒစရီယ ေဒသခံ ဆရာေတာ္ ၁၂ ပါးကေန စစ္ကိုင္းခ႐ိုင္ အေထြေထြအုပ္ခ်ဳပ္ေရး႐ုံးနဲ႔ ေရွးေဟာင္းသုေတသနဌာနေတြ အပါအဝင္ သက္ဆိုင္ရာဌာန အသီးသီးကို တိုင္ၾကားခဲ့တယ္လို႔ သိရပါတယ္။

“အဲဒီလို တိုင္ၾကားေသာ္လည္း ဒီေန႔ အခ်ိန္ထိ အေရးယူမႈ မရွိဘူး၊ ေကာင္းမႈေတာ္ေစတီ လုံးပတ္ႀကီးကို ေဖာက္ထားကို ဒီဘုရားႀကီးကို ေဖာက္ထားတာက မ်က္ျမင္သက္ေသပဲ။ ဘုရားကလည္း အထင္ကရဘုရားႀကီး၊ တိုင္တဲ့ ပုဂၢိဳလ္ေတြကလည္း ေကာင္းမႈေတာ္ဘုရားႀကီးရဲ႕ ၾသဝါဒစရီယဆရာေတာ္ေတြ လာတိုင္တာ၊ ဒါကို ဌာနဆိုင္ရာေတြက အေရးယူမႈမရွိတဲ့ အတြက္ သတင္းစာရွင္းလင္းရတာျဖစ္တယ္ ” လို႔ ဆရာေတာ္က မိန္႔ပါတယ္။

ေဂါပက အဖြဲ႔ကေတာ့ ေစတီေတာ္ၾကီးရဲ႕ ေအာက္ေျခ မွာ နတ္စစ္သည္ (၁၂၀) ရွိ ၿပီး အေရွ႕ အေနာက္ ေတာင္ေျမာက္ တည့္တည့္မွာေတာ့ နတ္စစ္သည္မ်ားမရွိဘဲ မုခ္ဦးသဖြယ္ထားရွိၿပီး ေရေငြ႕ပ်ံႏိုင္ေစရန္ ေလထြက္ေပါက္ထားရွိခဲ့တာျဖစ္ၿပီး အဲ့အေပါက္ေတြက ေရွးအရင္ကတည္းက ရွိခဲ့တာလို႔ ေျပာပါတယ္။

ေကာင္းမႈေတာ္ေစတီေတာ္ႀကီးကို စစ္အစိုးရလက္ထက္ ေ႐ႊေဆးသကၤန္းကပ္လႉပူေဇာ္ခဲ့တုန္းက အျပင္ကေန မိုးေရမ်ား မဝင္ေရာက္ႏိုင္ေအာင္ လ ပိတ္လႊာမ်ား ကပ္လႉခဲ့တာေၾကာင့္ ေရေငြ႕ပ်ံႏိုင္ျခင္းမရွိေတာ့တဲ့အတြက္ ေ႐ႊေဆးမ်ား အခ်ပ္လိုက္ကြာက် ၿပီး ေစတီေတာ္ႀကီး ရဲ႕ အဂၤေတ ေတြ အုတ္ခ်ပ္ ေတြ ပ်က္စီးေဆြးေျမ့တာေတြျဖစ္ေပၚခဲ့ပါတယ္။

ျပီးခဲ့တဲ့ႏွစ္မွာ ေဆးျဖဴသကၤန္း ျပန္လည္ကပ္လႉျခင္းလုပ္ငန္း လုပ္ျပီးတဲ့ ေနာက္မွာေတာ့ ကြၽမ္းက်င္ပညာရွင္ေတြရဲ႕ ေလ့လာမႈအရ ေစတီေတာ္ႀကီး၏ ပတ္ဝန္းက်င္မွာ (ေျမာက္ဘက္တြင္ သမိုင္းဝင္ေမတၱာကန္နဲ႔ ေတာင္ဘက္မွာ ေကာင္းမႈေတာ္ အင္းရွိေနတဲ့အတြက္) ေစတီေတာ္ႀကီး ေရေငြ႕ပ်ံ တဲ့ အေနအထားျဖစ္ေနတယ္လို႔ ေဂါပက အဖြဲ႔က ဆိုပါတယ္။

ဒါေၾကာင့္ ေကာင္းမႈေတာ္ေစတီႀကီး ႀကံ့ခိုင္မႈရွိ ေရးအတြက္ ကြၽမ္းက်င္ပညာရွင္ေတြ အင္ဂ်င္နီယာေတြ ရဲ႕ အႀကံေပးခ်က္နဲ႔ ေလဝင္ေလထြက္ ရွိတဲ့ (Breathable effect ) ျဖစ္တဲ့ေဆးေတြအသုံျပဳေစဖို႔အႀကံျပဳခဲ့တယ္လို႔ သိရပါတယ္။

ဒီလို ေဆးျဖဴ သကၤန္းကပ္တုန္းက အင္ဂ်င္နီယာေတြရဲ႕ေလ့လာေတြ႕ရွိခ်က္အရ ေရွးအရင္ ေစတီေတာ္ႀကီးစတည္တုန္းက ေလဝင္ေလထြက္ေကာင္းေအာင္ ေအာက္ေျခ ပထမပစၥယံမွာ ေလဝင္ေလထြက္ ရရွိေစဖို႔ အေပါက္မ်ားေဖာက္ထားတာေၾကာင့္ ေစတီေတာ္ႀကီး အရွည္တည္တံ့ေစရန္တည္ေဆာက္ထားခဲ့တာကို ေတြ႕ရွိခဲ့တယ္လို႔ ေဂါပက အဖြဲ႔က ေျပာပါတယ္။

သာလြန္မင္းတရားႀကီး တည္ထားကိုးကြယ္ခဲ့တဲ့ ရာဇမဏိစူဠာ ေကာင္းမႈေတာ္ေစတီဟာ ႏွစ္ေပါင္း(၃၈၄)ႏွစ္ရွိျပီျဖစ္ျပီး ေရွးယခင္ကတည္းက ထုံးျဖဴ သကၤန္းကပ္လႉ ခဲ့ပါတယ္။ အရင္ စစ္ အစိုးရ လက္ထက္မွာ ေ႐ႊသကၤန္းေျပာင္းလဲ ကပ္လွဴခဲ့ျပီး၊ အခု NLD ရဲ႕အစိုးရ လက္ထက္ မွာေတာ့ စစ္ကိုင္းၿမိဳ႕ ခံျပည္သူေတြရဲ႕ သေဘာဆႏၵေကာက္ခံၿပီး အျဖဴ ေရာင္ေဆးသကၤန္း ျပန္လည္ကပ္လႉ ခဲ့တာျဖစ္ပါတယ္။

#VoiceOfMyanmar #VOM #KaungHmuDawPagoda
#ေကာင္းမႈေတာ္ေစတီ #စစ္ကိုင္း #ေဂါပကအဖြဲ႔ကိုအေရးယူရန္

Related posts

Leave a Comment

VOM News

FREE
VIEW