ရော်ဘာဈေးထိုးကျပြီးလုပ်ငန်းထိခိုက်ခဲ့ရပေမယ့် ရော်ဘာစိုက်ပျိုးသူတွေ COVID-19 ချေးငွေမရ ရန်ကုန်၊ သြဂုတ် ၁၂-၂၀၂၀ ကျော်ကျော်(VOM) COVID-19 ကြောင့် ရော်ဘာဈေးတွေထိုးကျကာ ထိခိုက်ခဲ့ရပေမယ့် ရော်ဘာစိုက်ပျိုးသူတွေ COVID-19 ချေးငွေမရရှိဘူးလို့ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က VOM ကို ပြောပါတယ်။ COVID-19 ကြောင့် ပြီးခဲ့တဲ့ မေလဆန်းကစတင်ကာ ပြည်ပကိုတင်ပို့တဲ့ရော်ဘာဈေးနှုန်းအပြင် ပြည်တွင်းရောင်းချတဲ့ ရော်ဘာဈေးနှုန်းတွေပါထိုးကျခဲ့ပြီး လုပ်ငန်တွေထိခိုက်ခဲ့ရတယ်လို့ သိရပါတယ်။ “လက်ရှိချေးပေးတဲ့ COVID ချေးငွေကို ရော်ဘာခြံတွေမရပါဘူး။ ရော်ဘာခြံတွေအတွက် အစိုးရဆီက ချေးငွေနဲ့ ထောက်ပံ့မှုပေးဖို့ ခဏခဏတောင်းဆိုခဲ့ဖူးပါတယ်။ အခု စီးပွားကူး/သန်းက အကူအညီပေးဖို့လုပ်နေတာကလည်း ဓာတ်ခွဲခန်းအကူအညီပါ။ ငွေးကြေးတော့ မပါသေးပါဘူး”လို့ ဦးခိုင်မြင့်က ပြောပါတယ်။ ပြီးခဲ့တဲ့မေလဆန်းမှာ ပြည်ပတင်ပို့တဲ့ရော်ဘာတစ်တန်ကို ဒေါ်လာ ၁၁၀၀ လောက်အထိကျသွားခဲ့ပေမယ့် လက်ရှိရော်ဘာတစ်တန်ကို ဒေါ်လာ ၁၆၀၀ လောက်အထိ ပြန်တက်လာခဲ့ပေမယ့် မိုးရာသီကာလဟာ ရော်ဘာခြံပိတ်တဲ့ကာလဖြစ်တာကြောင့် ပြည်တွင်းအပြင်…
Read MoreDay: August 11, 2020
မြောက်ဦးမှာ တပ်ကဖမ်းဆီးသွားတဲ့ လူတစ်ဦးသေဆုံးမူ မိသားစုပြောဆိုချက်နဲ့ တပ်ထုတ်ပြန်ချက်ကွဲလွဲ
မြောက်ဦးမှာ တပ်ကဖမ်းဆီးသွားတဲ့ လူတစ်ဦးသေဆုံးမူ မိသားစုပြောဆိုချက်နဲ့ တပ်ထုတ်ပြန်ချက်ကွဲလွဲ မြောက်ဦး၊ ဩဂုတ် ၁၁- ၂၀၂၀ ထက်အောင်စိုင်း(VOM) တပ်မတော်က မနေ့ဩဂုတ်လ ၁၀ ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ မြောက်ဦးမြို့နယ်မှာ အေအေအဖွဲ့ဝင်တစ်ဦး ဖမ်းဆီးရမိတယ်လို့ သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ အဲ့ဒီထုတ်ပြန်ထားတဲ့သတင်းက အမျိုးသားဟာ မနေ့က သေဆုံးသွားပြီးဖြစ်ကြောင်းနဲ့ သေဆုံးသူရဲ့အလောင်းကို ရဲတပ်ဖွဲ့က ဆေးရုံကိုလာရောက်ပို့ဆောင်ခဲ့တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။ ဆေးရုံကိုပို့ဆောင်ခဲ့ပြီးနောက်ပိုင်းမှာ မိသားစုဝင်တွေကသိရတာဖြစ်တဲ့အပြင် တပ်မတော်က ထုတ်ပြန်ထားသလို သေဆုံးသူဟာ အေအေတပ်ဖွဲ့ဝင်မဟုတ်ဘူးလို့ မိသားစုဝင်တွေက VOM ကို အတည်ပြုပြောပါတယ်။ သေဆုံးသွားသူဟာ အသက် (၄၁) နှစ်အရွယ် ဦးစံရွှေလှိုင်ဖြစ်ပြီး မြောက်ဦးမြို့နယ်၊ ပုဇွန်ဖေကျေးရွာကဖြစ်ကြောင်းသိရကာ ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက်နေ့က မြောက်ဦးမြို့နယ်အခြေစိုက် (၃၇၇)တပ်ရင်းက ဖမ်းဆီးသွားတာဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ သေဆုံးသူရဲ့ ညီမဖြစ်သူပြောပြချက်အရ ဦးစံရွှေလှိုင်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က မြောက်ဦးမြို့က အစ်ကိုဖြစ်သူတစ်ဦးသေဆုံးမှုကြောင့်နာရေးကို သွားရောက်ခဲ့ပြီး…
Read Moreထိုင်းအစိုးရနဲ့ ဘုရင်စနစ်ကို ကျောင်းသားတွေဦးဆောင်ပြီး လူထောင်ပေါင်းများစွာ ဆန္ဒပြ
ထိုင်းအစိုးရနဲ့ ဘုရင်စနစ်ကို ကျောင်းသားတွေဦးဆောင်ပြီး လူထောင်ပေါင်းများစွာ ဆန္ဒပြ ဘန်ကောက်၊ သြဂုတ် ၁၁-၂၀၂၀ မျိုးဆက်(VOM) ထိုင်းနိုင်ငံတက္ကသိုလ်တစ်ခုမှာ သြဂုတ် ၁၀ ရက်ကပြုလုပ်တဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲမှာ လူထောင်ပေါင်းများစွာပါဝင်ခဲ့ပြီး အခုလိုဆန္ဒပြတာဟာ ကျောင်းသားတွေပါဝင်တဲ့ အကြီးဆုံးဆန္ဒပြပွဲဖြစ်ကာ အစိုးရနဲ့ တော်ဝင်မိသားစုနဲ့ပတ်သက်တဲ့ ရှေးရိုးစွဲတွေအပေါ် စိန်ခေါ်လိုက်ပါတယ်။ ဗန်ကောက်မြို့ပြင်ရှိ သမာဆက်တက္ကသိုလ်မှာ ဆန္ဒပြသူ သုံးထောင်ကနေ လေးထောင်နီးပါးဟာ ဒီမိုကရေစီအဓွန့်ရှည်ပါစေလို့ ကြွေးကြော်ခဲ့ကြပြီး ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းယူခဲ့တဲ့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှုတ်ထွက်ပေးရေး တောင်းဆိုခဲ့ကြပါတယ်။ သြဂုတ် ၁၀ ရက်အစောပိုင်းမှာတော့ အစိုးရထောက်ခံသူဒါဇင်များစွာဟာ ပါလီမန်အဆောက်အဦရှေ့မှာ စုဝေးခဲ့ကြပြီး ကျောင်းသားတွေရဲ့ ဆန္ဒပြမှုတွေဟာ တော်ဝင်အသိုင်းအဝိုင်းလို့မှတ်ယူထားတဲ့ ထိုင်းဘုရင်စနစ်ကို ခြိမ်းခြောက်နိုင်တယ်လို့ သူတို့က ဆိုပါတယ်။ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေဟာ အကဲဆတ်တဲ့ ကိစ္စရပ်တစ်ခုဖြစ်တဲ့ ဘုရင်စနစ်အပေါ် ရည်ညွှန်းပြောဆိုမှု တိုးပွားလာနေပြီး ဟောပြောသူတစ်ဦးကတော့ ဘုရင်စနစ်ကိုပြုပြင်ပြောင်းလဲသင့်တယ်လို့ တောင်းဆိုခဲ့ပါတယ်။ အစိုးရကိုထောက်ခံတဲ့ ဆန္ဒပြသူတွေဟာ ထိုင်းစစ်ဘက်က…
Read Moreဧရာဝတီတံတား (ရတနာပုံ) ပေါ်ကနေ အမျိုးသားတစ်ဦး ဧရာဝတီမြစ်အတွင်းခုန်ချမှုဖြစ်ပွား
ဧရာဝတီတံတား (ရတနာပုံ) ပေါ်ကနေ အမျိုးသားတစ်ဦး ဧရာဝတီမြစ်အတွင်းခုန်ချမှုဖြစ်ပွား စစ်ကိုင်း သြဂုတ် ၁၁-၂၀၂၀ မောင်တာရာ (VOM) စစ်ကိုင်းမြို့၊ ဧရာဝတီတံတား(ရတနာပုံ) စစ်ကိုင်းဘက်ခြမ်းပေါ်ကနေ အမျိုးသားတစ်ဦး ဧရာဝတီမြစ်အတွင်း ခုန်ချမှု ဒီကနေ့နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ ဧရာဝတီတံတား (ရတနာပုံ) စစ်ကိုင်းဘက်ခြမ်းပေါ်ကနေ ဧရာဝတီမြစ်အတွင်း ခုန်ချသွားတဲ့ အမျိုးသားဟာ စစ်ကိုင်းမြို့၊တကောင်းရပ် နယ်မြေ (၄)မှာနေတဲ့ ကိုသိန်းထိုက် (၃၉) နှစ်ဆိုသူ ဖြစ်တယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း)ကနေ သိရပါတယ်။ ”ရတနာပုံတံတားပေါ်ကနေ ဒီနေ့ နေ့လယ် ၂ နာရီ ၂၀ မိနစ် အချိန်ခန့်ကနေ လူတစ်ဦး မြစ်အတွင်း ခုန်ချမှုဖြစ်ပွားခဲ့တယ်။ ခုန်ချသွားတဲ့သူက တကောင်းရပ်ထဲကလို့ သိရပါတယ်။သူက အရက်ကြောင် ကြောင်နေတဲ့သူလို့လည်း သိရပါတယ်။တံတားပေါ်ဘာမှမကျန်ပါဘူး။”လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း) အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ဧရာဝတီတံတား (ရတနာပုံ) ပေါ်ကနေ ဧရာဝတီမြစ်အတွင်း ခုန်ချသွားတဲ့…
Read Moreကိုဗစ်နိုင်တင်းကာလ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးကို သုံးသောင်းကျပ်နှုန်းနဲ့ လူဦးရေ ၄၅၇၀၀၀ လောက်ကို ငွေကြေးထောက်ပံ့ဖို့ စီစဉ်နေ
ကိုဗစ်နိုင်တင်းကာလ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးကို သုံးသောင်းကျပ်နှုန်းနဲ့ လူဦးရေ ၄၅၇၀၀၀ လောက်ကို ငွေကြေးထောက်ပံ့ဖို့ စီစဉ်နေ နေပြည်တော်၊ သြဂုတ် ၁၁-၂၀၂၀ စွမ်းရဲထွဋ် (VOM) ကိုဗစ်-၁၉ကာလ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးကို သုံးသောင်းကျပ်နှုန်းနဲ့ လူဦးရေ ၄၅၇၀၀၀ လောက်ကို ငွေကြေးထောက်ပံ့ဖို့ စီစဉ်နေတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးအောင်ကျော်မိုးက သတင်းမီဒီယာတွေကို ပြောပါတယ်။ သြဂုတ်လ ၁၁ ရက်နေ့က နေပြည်တော် PARK Royal Hotel မှာ လုပ်တဲ့ COVID – 19 ကာလ ကိုယ် ဝန်ဆောင်မိခင်များအား ငွေကြေးထောက်ပံ့မှုအစီအစဉ်ကို အသိပေးမိတ်ဆက်တဲ့အခမ်းအနားမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ “ဒီ အစီအစဉ်ကို ကိုယ်ဝန်ဆောင်မိခင်တွေကိုပဲ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ခြင်းအားဖြင့် ပြည်သူလူထုရဲ့ လက်တလော လူမှုစီးပွားဘဝထိခိုက်တာတွေကို လျော့ချသွားနိုင်မယ်လို့ယုံကြည်ပါတယ်”လို့ ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးအောင်ကျော်မိုးက…
Read Moreဘေရွတ်ပေါက်ကွဲမှုကြောင့် လက်ဘနွန်အစိုးရတစ်ဖွဲ့လုံး ရာထူးကနေနှုတ်ထွက်
ဘေရွတ်ပေါက်ကွဲမှုကြောင့် လက်ဘနွန်အစိုးရတစ်ဖွဲ့လုံး ရာထူးကနေနှုတ်ထွက် ဘေရွတ်၊ သြဂုတ် -၁၁-၂၀၂၀ မျိုးဆက် (VOM) လက်ဘနွန်နိုင်ငံ မြို့တော်ဘေရွတ်မှာ သြဂုတ် ၄ ရက်က ပေါက်ကွဲမှုအကြီးအကျယ်ဖြစ်ပွားပြီး လူ ၂၀၀ကျော်သေဆုံးခဲ့တဲ့အပေါ် ပြည်သူတွေအမျက်ဒေါသထွက်နေချိန်မှာပဲ လက်ဘနွန်အစိုးရအဖွဲ့ ရာထူးကနေ နှုတ်ထွက်လိုက်ပါတယ်။ ဒီဖြစ်ရပ်ဟာ အစိုးရအဖွဲ့ခေါင်းဆောင်တွေရဲ့ အကျင့်ပျက်ချစားမှု၊ ပေါ့ဆမှုတွေကြောင့်လို့ လက်ဘနွန်ပြည်သူတွေက စွပ်စွဲပြောဆိုနေကြပါတယ်။ အစိုးရအဖွဲ့နှုတ်ထွက်တာနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ဟတ်ဆန်ဒီအက်က သြဂုတ်၁၀ရက်ညနေပိုင်းမှာ နိုင်ငံပိုင် ရုပ်သံကတစ်ဆင့် ကြေညာခဲ့ပါတယ်။ ဒီဖြစ်စဉ်ကြောင့် အမျက်ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေဟာ လမ်းတွေပေါ်ထွက်ဆန္ဒပြနေကြပြီး ရဲတပ်ဖွဲ့နဲ့ ပဋိပက္ခတွေဖြစ်နေတာ သုံးရက်ဆက်တိုက် ရှိနေပြီဖြစ်ပါတယ်။ ဘေရွတ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြီးဟာ အမိုနီယမ်နိုက်ထရိတ် တန်ပေါင်း ၂၇၅၀တန်ကို ဆိပ်ကမ်းမှာ နှစ်ပေါင်းများစွာကြာအောင် ဘေးကင်းလုံခြုံမှုမရှိပဲ သိုလှောင်ထားတာကြောင့်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အစိုးရသစ်မဖွဲ့စည်းမီအချိန်ထိ လုပ်ငန်းတာဝန်တွေကို ယာယီထမ်းဆောင်ပေးဖို့ နှုတ်ထွက်မယ့် အစိုးရအဖွဲ့ကို သမ္မတကတိုက်တွန်းထားပါတယ်။ Ref :…
Read Moreအမ်းတပ်နယ်မှာ ဖမ်းဆီးခံရတဲ့ ကျန်းမာရေးဝန်ထမ်း (၃) ဦးအနက် တစ်ဦးကို ဆက်လက်ဖမ်းဆီးထား
အမ်းတပ်နယ်မှာ ဖမ်းဆီးခံရတဲ့ ကျန်းမာရေးဝန်ထမ်း (၃) ဦးအနက် တစ်ဦးကို ဆက်လက်ဖမ်းဆီးထား အမ်း၊ ဩဂုတ် ၁၁-၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်အလယ်ပိုင်း အမ်းမြို့နယ်အတွင်းရှိ အမ်းတပ်နယ်မှာ ဖမ်းဆီးခံရတဲ့ ကျန်းမာရေးဝန်ထမ်း (၃) ဦးအနက် (၂) ဦးကို မနေ့ ဩဂုတ်လ ၁၀ ရက်နေ့ မနက်ပိုင်းက ပြန်လွှတ်ပေးလိုက်ကြောင်းနဲ့ ကျန်တစ်ဦးကိုတော့ ဆက်လက်ဖမ်းဆီးထားတယ်လို့ ဖမ်းဆီးခံရသူတွေက ပြောပါတယ်။ အမ်းတပ်နယ်အတွင်း ဖမ်းဆီးခံရတဲ့ ကျန်းမာရေးဝန်ထမ်းတွေမှာ ကိုငြိမ်းလင်းဇော် (၂၄) နှစ်၊ ကိုမင်းကျော်နိုင် အသက်(၂၆) နှစ်နဲ့ ကိုကျော်မင်းထွန်း (၂၄) နှစ်တို့ဖြစ်ပြီး သူတို့အားလုံးဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၉ ရက်နေ့က သပြုချိုင်ကျေးလက်ကျန်းမာရေးဌာနက ဝန်ထမ်းတွေဖြစ်တယ်လို့ သိရပါတယ်။ သူတို့သုံးယောက်ဟာ သပြုချိုင်ကျွန်း ကျောက်မြောင်းအုပ်စုကနေ ကျန်းမာရေးဌာနက သင်တန်းရှိတဲ့အတွက် အမ်းမြို့ပေါ်ကိုသွားချိန် အမ်းမှာရှိတဲ့ တပ်မတော် တပ်ပေါင်းစုဂိတ်ကနေ…
Read Moreရန်ကုန် ကမာရွတ်မြို့မှာ ရတနာကုန်သည် လင်မယား အကြမ်းဖက် အနုကြမ်းစီးခံရ
ရန်ကုန် ကမာရွတ်မြို့မှာ ရတနာကုန်သည် လင်မယား အကြမ်းဖက် အနုကြမ်းစီးခံရ မုံရွာ၊ သြဂုတ် ၁၁-၂၀၂၀ ကိုတိုးကြီး(VOM) ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ စံရိပ်ငြိမ်မှတ်တိုင်အနီး၊ ရတနာမြိုင်လမ်းရှိ ရွှေကွန်း ကွန်ဒို အိမ်ယာမှာနေထိုင်တဲ့ ရတနာကုန်သည် လင်မယားနှစ်ဦးကို မနေ့ သြဂုတ် ၁၀ ရက် ည၁၀ နာရီဝန်ကျင်းမှာ လူသုံးဦးရောက်လာပြီး အကြမ်းဖက်ကာ အနုကြမ်းစီးသွားတယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့အသိုင်းအဝန်းကနေ သိရပါတယ်။ ‘” ခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့ အခုပဲ အခင်းဖြစ်နေရာကို သွားရောက်ပါပြီ၊ အိမ်ရှင်အမျိုးသားက ဒဏ်ရာပြင်းထန်တယ်၊ အခုထိ စကားကောင်းကောင်း မပြောနိုင်သေးဘူး၊ ကျန်တဲ့ အခြေအနေကတော့ ပြောလို့မရသေးပါဘူး ”လို့ ကမာရွတ်မြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။ မနေ့ည ၁၀ နာရီဝနိးကျင်က အကြမ်းဖက် အနုကြမ်းစီးသူတွေဟာ အဲ့ဒီ ရတနာကုန်သည် လင်မယားရဲ့နေအိမ်ကို ရောက်ရှိလာပြီး လင်မယားနှစ်ဦးစလုံးကို…
Read Moreဧရာဝတီတိုင်းက Covidစစ်ဆေးရေးဂိတ်တွေအားလုံးကို ပိတ်သိမ်း
ဧရာဝတီတိုင်းက Covidစစ်ဆေးရေးဂိတ်တွေအားလုံးကို ပိတ်သိမ်း ပုသိမ်၊ သြဂုတ် ၁၁-၂၀၂၀ ကိုအောင် (VOM) ဧရာဝတီတိုင်းက Covid-19ကာကွယ်ရေးအတွက် ဖွင့်လှစ်ထားတဲ့ မြို့အဝင်စစ်ဆေးရေးဂိတ်တွေကို ဇူလိူင်လကုန်မှာ ပိတ်သိမ်းခိုင်းလိုက်ပြီဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့ရုံးကနေသိရပါတယ်။ ဧရာဝတီတိုင်းအတွင်းမှာ ဧပြီလ ၂၁ရက်နေ့ကစပြီး ၃လကြာ မြို့အဝင်တွေမှာ စစ်ဆေးရေးဂိတ်တွေဖွင့်ကာ တိုင်းပြင်ပကနေ ပြန်လာသူတွေကို ခရီးသွားထောက်ခံစာနဲ့ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ “ကျန်းမာရေး နဲ့အားကစားဝန်ကြီးဌာနကလမ်းညွန်ချက်အရ ပိတ်လိုက်တာပါ၊ ကိုဗစ်နဲ့ပတ်သတ်ပြီး ဖြေလျော့ ပေးတဲ့သဘောပါ”လို့ တိုင်းအစိုးရအဖွဲ့ကပြောရေးဆိုခွင့်ရှိသူ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေးကပြောပါတယ် ။ ဧရာဝတီတိုင်းရဲ့အဓိကဝင်ပေါက်တွေမှာ Covid-19စစ်ဆေးရေးဂိတ် ၆ ဂိတ် နဲ့ကျန်တဲ့မြို့တွေမှာလည်း မြို့အဝင်စစ်ဆေးရေးဂိတ်တွေထားရှိပြီး ဌာနဆိုင်ရာတွေနဲ့စေတနာ့ဝန်ထမ်းတွေက လုပ်ဆောင်ပေးခဲ့ကြတာဖြစ်ပါတယ်။ ဧရာဝတီတိုင်းမှာ မလေးရှားနိင်ငံကပြန်လာပြီး ပုသိမ်တက္ကသိုလ်၊ တေဇဆောင်မှာစောင့်ကြည့်မူခံယူခဲ့တဲ့ အမျိုးသား၂ဦးဆီကနေ covid-19ပိုးတွေ့ရှိခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ တိုင်းအတွင်းမှာ ပိုးတွေ့လူနာမရှိတော့ဘူးလို့ သိရပါတယ်။ #voiceofmyanmar #VOM #ဧရာဝတီတိုင်း Zawgyi ဧရာဝတီတိုင်းက Covidစစ်ဆေးရေးဂိတ်တွေအားလုံးကို ပိတ်သိမ်း ပုသိမ်၊ သြဂုတ်…
Read Moreရန်ကုန်မြို့မှာ ကရင်အာဇာနည်နေ့ အခမ်းအနား အာဏာပိုင်တွေက ပြန်လည်ကျင်းပခွင့်ပြု
ရန်ကုန်မြို့မှာ ကရင်အာဇာနည်နေ့ အခမ်းအနား အာဏာပိုင်တွေက ပြန်လည်ကျင်းပခွင့်ပြု ရန်ကုန်၊ သြဂုတ် ၁၀ -၂၀၂၀ အေးချမ်းသူ(VOM) သြဂုတ်လ၁၂ရက်နေ့မှာကျရောက်မယ့် နှစ် (၇၀) ပြည့် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့မှာ သတ်မှတ်ချက်စည်းကမ်းတွေနဲ့အညီ ပြန်လည်ကျင်းပဖို့အတွက် မြို့နယ်တာဝန်ရှိသူတွေကခွင့်ပြုခဲ့တယ်လို့ ကရင်တိုင်းရင်းသားများအရေး တက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှက ပြောပါတယ်။ “မနေ့က မြို့နယ်က တာဝန်ရှိသူတွေနဲ့ ညိုနှိုင်းတာ အဆင်ပြေသွားတယ်။ ကျွန်မတို့က ပြောပြတယ်။ ၈၈၈၈၈လုံးပွဲလည်း လုပ်တာပဲလို့ ၊ ကိုဗစ်ကြောင့်ဆို ကျွန်မတို့စည်းကမ်းချက်နဲ့ အညီလုပ်မယ်ဆိုလို့ အဆင်ပြေသွားတာ”လို့ ဒေါ်နော်အုံးလှကပြောပါတယ်။ ကရင်အာဇာနည်နေ့အခမ်းအနားကို မဟာဗန္ဓုလပန်းခြံရှေ့မှာ မနက် ၉နာရီကနေ ညနေ ၄နာရီအထိ ပြုလုပ်သွားမှာဖြစ်ပြီး အလေးပြုရာတွင်လည်း ၁၅ ယောက်တစ်တွဲသာအလေးပြုရမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ လက်မှတ်ရေးထိုးကာ ညိုနှိုင်းမှုပြုလုပ်ခဲ့တယ်လို့ ဒေါ်နော်အုန်းလှကပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက မဟာဗန္ဓုလပန်းခြံရှေမှာ နှစ် ၇၀ ကြိမ်မြောက် ကရင်အာဇာနည်နေ့အခမ်းအနား ပြုလုပ်ဖို့…
Read More