ဧရာဝတီတိုင်းမှာ မဲစာရင်းမပါသူ ခုနှစ်သောင်းကျော်ရှိ

ဧရာဝတီတိုင်းမှာ မဲစာရင်းမပါသူ ခုနှစ်သောင်းကျော်ရှိ

ပုသိမ်ြ၊သဂုတ်၂၅-၂၀၂၀
ကိုအောင် (VOM)

၂၀၂၀ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူစာရင်း ပထမအကြိမ်ထုတ်ပြန်မှုမှာ ဧရာဝတီတိုင်းအတွင်း မဲစာရင်းမပါသူ ၇သောင်းကျော်ရှိတယ်လို့ ဧရာဝတီတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။

“၂၀၁၉မှာ တအိမ်တက်ဆင်း မဲစာရင်းကောက်တုန်းက အိမ်မှာမရှိတာတို့ ခရီးသွားတာတို့ကြောင့် ကျန်ခဲ့တာလို့ယူဆရပါတယ်၊ တတိုင်းလုံး ခုနစ်သောင်းနဲ့တစ်ထောင် မဲစာရင်းမှာမပါဘူး၊ ခုတော့ ပုံစံ၃နဲ့လျှောက်ထားတာတွေလုပ်နေတယ်”လို့ ဧရာဝတီတိုင်းရွှေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးအောင်မြင့်ကပြောပါတယ်။

ပထမအကြိမ်မဲစာရင်းတွေကို ဇူလိူင်လ ၂၅ရက်နေ့ကနေ သြဂုတ်လ ၁၄ရက်ထိ (၂၁)ရက်ကြာ ထုတ်ပြန်ကြေငြာခဲ့ပြီး ပုသိမ်မြို့နယ်နဲ့ဒေးဒရဲမြို့နယ်က မဲစာရင်းမပါသူ အရေအတွက် အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

“တိုင်းအတွင်းမှာ ပုသိမ်မြို့နယ်က ၁သောင်းနဲ့၁ထောင် ကျော်မဲစာရင်းမပါဘူး ဒေးဒရဲက ၄ထောင်ကျော် အဲ့ဒီ၂မြို့က စာရင်းအများဆုံးပဲ”လို့ ဦးအောင်မြင့်ကပြောပါတယ်။

ဧရာဝတီတိုင်းအတွင်း မဲပေးခွင့်ရှိသူအရေအတွက်စုစုပေါင်း ၄၄သိန်း ၄သောင်း တစ်ထောင်ရှိတယ်လို့သိရပြီး မဲစာရင်းလာရောက်ကြည့်ရူသူ ၁၇သိန်း၇သောင်းမဲစာရင်းလာကြည့်ကြပြီး မဲစာရင်းမှာ အမည်မှားယွင်းသူ (၄၀,၇၀၀)ရှိတယ်လို့လည်း တိုင်းကော်မရှင်က ပြောပါတယ်။

လက်ရှိမှာ မဲစာရင်း ပြန်လည်ပြင်ဆင်မှုတွေပြုလုပ်နေပြီး ဒုတိယအကြိမ်အဖြစ် အောက်တိုဘာလမှာ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီ

Zawgyi

ဧရာဝတီတိုင္းမွာ မဲစာရင္းမပါသူ ခုႏွစ္ေသာင္းေက်ာ္ရွိ

ပုသိမ္ၾ၊သဂုတ္၂၅-၂၀၂၀
ကိုေအာင္ (VOM)

၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ မဲေပးခြင့္ရွိသူစာရင္း ပထမအႀကိမ္ထုတ္ျပန္မႈမွာ ဧရာဝတီတိုင္းအတြင္း မဲစာရင္းမပါသူ ၇ေသာင္းေက်ာ္ရွိတယ္လို႔ ဧရာ၀တီတိုင္းေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲကေန သိရပါတယ္။

“၂၀၁၉မွာ တအိမ္တက္ဆင္း မဲစာရင္းေကာက္တုန္းက အိမ္မွာမရွိတာတို႔ ခရီးသြားတာတို႔ေၾကာင့္ က်န္ခဲ့တာလို႔ယူဆရပါတယ္၊ တတိုင္းလုံး ခုနစ္ေသာင္းနဲ႔တစ္ေထာင္ မဲစာရင္းမွာမပါဘူး၊ ခုေတာ့ ပုံစံ၃နဲ ႔ေလွ်ာက္ထားတာေတြလုပ္ေနတယ္”လို႔ ဧရာ၀တီတိုင္းေ႐ႊးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲဥကၠဌ ဦးေအာင္ျမင့္ကေျပာပါတယ္။

ပထမအႀကိမ္မဲစာရင္းေတြကို ဇူလိူင္လ ၂၅ရက္ေန႔ကေန ၾသဂုတ္လ ၁၄ရက္ထိ (၂၁)ရက္ၾကာ ထုတ္ျပန္ေၾကျငာခဲ့ၿပီး ပုသိမ္ၿမိဳ႕နယ္နဲ႔ေဒးဒရဲၿမိဳ႕နယ္က မဲစာရင္းမပါသူ အေရအတြက္ အမ်ားဆုံးျဖစ္တယ္လို႔ သိရပါတယ္။

“တိုင္းအတြင္းမွာ ပုသိမ္ၿမိဳ႕နယ္က ၁ေသာင္းနဲ႔၁ေထာင္ ေက်ာ္မဲစာရင္းမပါဘူး ေဒးဒရဲက ၄ေထာင္ေက်ာ္ အဲ့ဒီ၂ၿမိဳ႕က စာရင္းအမ်ားဆုံးပဲ”လို႔ ဦးေအာင္ျမင့္ကေျပာပါတယ္။

ဧရာ၀တီတိုင္းအတြင္း မဲေပးခြင့္ရွိသူအေရအတြက္စုစုေပါင္း ၄၄သိန္း ၄ေသာင္း တစ္ေထာင္ရွိတယ္လို႔သိရၿပီး မဲစာရင္းလာေရာက္ၾကည့္႐ူသူ ၁၇သိန္း၇ေသာင္းမဲစာရင္းလာၾကည့္ၾကၿပီး မဲစာရင္းမွာ အမည္မွားယြင္းသူ (၄၀,၇၀၀)ရွိတယ္လို႔လည္း တိုင္းေကာ္မရွင္က ေျပာပါတယ္။

လက္ရွိမွာ မဲစာရင္း ျပန္လည္ျပင္ဆင္မႈေတြျပဳလုပ္ေနၿပီး ဒုတိယအႀကိမ္အျဖစ္ ေအာက္တိုဘာလမွာ ထုတ္ျပန္သြားမွာ ျဖစ္ပါတယ္။

#voiceofmyanmar #VOM #ဧရာဝတီ

Related posts

Leave a Comment

VOM News

FREE
VIEW