ရန်ကုန်တိုင်းမှာ ပါတီ၄၁ခုနဲ့ တသီးပုဂ္ဂလ ၃၂ ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း  ၉၅၀ ပြိုင်ကြမယ်

Yangon division

ရန်ကုန်တိုင်းမှာ ပါတီ၄၁ခုနဲ့ တသီးပုဂ္ဂလ ၃၂ ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း  ၉၅၀ ပြိုင်ကြမယ်

 

Voice Of Myanmar

 

ရန်ကုန်တိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီတို့က နယ်ကုန်ယှဉ်ကြမှာဖြစ်ပြီးပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကတော့ တယောက်လိုနဲ့ ယှဉ်ပြိုင်မှာဖြစ်သလို ပါတီ ၄၁ခု တသီးပုဂ္ဂလ ၃၂ ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း  ၉၅၀ ပြိုင်ကြမှာဖြစ်တဲ့အတွက်အားပြိုင်မှု အကောင်းဆုံး တိုင်းဒေသကြီးတခုဖြစ်ပါတယ်။

 

ရန်ကုန်တိုင်းက မြို့နယ်၄၅မြို့နယ်မှာဒီပါတီကြီးတွေအပြင်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ ၊ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချပ်ပါတီ၊ ခေတ်သစ်ပြည်ထောင်စုပါတီ၊ လူ့ဘောင်သစ်ပါတီ၊ အမျိုးသားညီညွတ်ရေးဒီမိုကရက်တစ်ပါတီ၊ မြိုအမျိုးသားဒီမိုကရေစီပါတီ၊ အမျိုးသားဖွဲ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ၊ အမျိားသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ။ မြန်မာအမျိုးသားကွန်ဂရက်ပါတီ၊ မြန်မာ့လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးပါတီ၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ပြည်သူ့အင်အားပါတီ၊ လူထုပါတီ၊ ခေတ်သူပြည်သူ့ပါတီ၊ ကရင်ပြည့်သူ့ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ၊ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ ကရင်အမျိုးသားပါတီ၊ ဗမာပြည်သူ့ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ စတဲ့ ပါတီ ၄၁ ပါတီကကိုယ်စားလှယ်လောင်းတွေနဲ့တသီးပုဂ္ဂလ ၃၂ ဦး စုစုပေါင်း ကိုယ်စားလှယ် ၉၅၀ဦး ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကခွင့်ပြုထားတဲ့ ပါတီ ၉၄ ပါတီရှိတဲ့အနက် တဝက်နီးပါးလောက်ရှိတဲ့ ပါတီတွေ အားကောင်းမောင်းသန်ယှဉ်ပြိုင်ကြမှာြဖစ်တာအပြင် လက်ရှိအစိုးရထိပ်သီးအတော်များများနဲ့ နာမည်ကြီး နိုင်ငံရေးသမားအတော်များများလည်း ရန်ကုန်တိုင်းက ပြိုင်ကြမှာမို့ စိတ်ဝင်စားစရာအကောင်းဆုံးနဲ့ အားပြိုင်မှုအကောင်းဆုံး တိုင်းတခုဖြစ်ပါတယ်။

 

ရန်ကုန်တိုင်းမှာ လူဦးရေ ၇.၃၆ သန်းရှိပြီး မဲပေးခွင့်ရှိသူကတော့ ၅သန်းဝန်းကျင်ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်စာရင်းတွေအရသိရပါတယ်။

 

#voiceofmyanmar #VOM #ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်

 

Zawgyi


Voice Of Myanmar


ရွေးကောက်ပွဲကော်မရှင်ကခွင့်ပြုထားတဲ့ ပါတီ ၉၄ ပါတီရှိတဲ့အနက် တဝက်နီးပါးလောက်ရှိတဲ့ ပါတီတွေ အားကောင်းမောင်းသန်ယှဉ်ပြိုင်ကြမှာဖြစ်တာအပြင် လက်ရှိအစိုးရထိပ်သီးအတော်များများနဲ့ နာမည်ကြီး နိုင်ငံရေးသမားအတော်များများလည်း ရန်ကုန်တိုင်းက ပြိုင်ကြမှာမို့ စိတ်ဝင်စားစရာအကောင်းဆုံးနဲ့ အားပြိုင်မှုအကောင်းဆုံး တိုင်းတခုဖြစ်ပါတယ်။



Related posts

Leave a Comment

VOM News

FREE
VIEW