ပါတီမိတ်ဆက် (ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ)

ပါတီမိတ်ဆက် (ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ)

မန္တလေး၊ စက်တင်ဘာ ၂၃-၂၀၂၀
ကိုညီသစ်(VOM)

လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီက အထွေထွေအတွင်းရေးမှုး ဦးကျော်စိုးအောင်ကို VOMသတင်းထောက် ကိုညီသစ်က မေးမြန်းထားတာဖြစ်ပါတယ်။

VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ဝင်ပြိုင်ဖို့ရှိလဲ
ဦးကျော်စိုးအောင် – ပထမက ၂၆ နေရာ ဝင်ပြိုင်မယ်ဆိုပြီး ပါတီက ဆုံးဖြတ်တယ် အကြောင်းကြောင်းကြောင့် ၇ နေရာ ဝင်ပြိုင်တယ်။ ၇ နေရာမှာ ၄ နေရာကို အရည်အချင်းပြည့်မီမှု မဖြစ်ဖူးဆိုပြီးပယ်တယ်၊ ၃ နေရာကတော့ အရည်အချင်းပြည့်မီ ဖြစ်သွားတယ်။

VOM- ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုအရည်အချင်းမျိုး တွေနဲ့ရွေးချယ်ပါသလဲ
ဦးကျော်စိုးအောင် -အဓိက ရွေးချယ်တဲ့ အရည်အချင်းက ကျနော်တို့ပါတီရဲ့ ကတိကဝတ် ပေးထားတာတွေနဲ့ကိုက်ညီတဲ့ အရည်အချင်း ၊ ပြီးတော့ ပြောအားဆိုအားရှိတဲ့ ၊ ဥပဒေလမ်းကြောင်းနားလည်တဲ့ လူ့အခွင့်အရေး စံချိန်စံနှုန်းကိုနားလည်ကျွမ်းကျင်တဲ့ ၊ ဒီမိုကရေစီရဲ့ အနှစ်သာရကို နားလည်တဲ့ အဲ့ဒီလိုအခြေခံထားတဲ့ စံချိန်စံနှုန်းတွေအပေါ်မှာ ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေကို အခြေခံပြီးတော့ ရွေးချယ်ခြင်းဖြစ်ပါတယ်။

VOM – ပါတီရဲ့ကတိကဝတ်တွေက ဘာတွေဖြစ်မလဲ ။
ဦးကျော်စိုးအောင် – ကျတော်တို့က ဒီမိုကရေစီကို ရှင်သန်အောင်လုပ်မယ်၊ ပြီးတော့ အနယ်နယ်အရပ်ရပ်မှာ စုပေါင်းနေတဲ့ လူ့အခွင့်အရေးတွေကို ဖော်ဆောင်အောင်လုပ်မယ်၊ စိတ်တူကိုယ်တူ မဟာမိတ်အဖွဲ့တွေနဲ့ လူ့အခွင့်အရေးတွေကို ဖော်ဆောင်အောင်လုပ်မယ်၊ ပြီးတော့ ခွဲခြားဆက်ဆံခြင်းမရှိရအောင် ပူးပေါင်းဆောင်ရွက်မယ်၊ လူနည်းစုတွေရဲ့ အခွင့်အရေးတွေကိုဖော်ဆောင်ဖို့လုပ်ပေးမယ် ဆိုပြီးတော့ ကတိကဝတ်လုပ်ထားတယ်။

VOM- လက်ရှိအာဏာရပါတီ နဲ့ ပြည်ခိုင်ဖြိုးပါတီ စတဲ့အင်အားကြီးပါတီတွေကို ဘယ်လိုအင်းအားတွေ နဲ့ ယှဉ်ပြိုင်သွားမလဲ
ဦးကျော်စိုး – လက်ရှိအာဏာရပါတီကတော့ ဒီမိုကရေစီရဲ့ စံနှုန်းအပေါ်မှာသွားနေတယ်ဆိုတာကတော့ ကျနော်တို့က ယေဘုယျအားဖြင့်သတ်မှတ်ထားတယ်လေ၊ အဲ့လိုအနေအထားအပေါ်မှာ ပြုပြင်ပြောင်းလဲစရာရှိတာကို သူတို့နဲ့ညှိနှိုင်းပြီးတော့ ဝင်ရောင်ယှဉ်ပြိုင်မယ်၊ ပြည်ခိုင်ဖြိုးပါတီကိုကျတော့ နိုင်ငံတော်မှာ စစ်အစိုးရကိုအခြေခံပြီးဖွဲ့စည်းထားတဲ့ ပါတီတစ်ခုဖြစ်တဲ့အတွက် သူတို့ကို တစ်တိုင်းပြည်လုံးမှာရှိတဲ့ ပြည်သူလူထုရဲ့လိုအပ်ချက်တွေကို ပြုပြင်ပြောင်းလဲလာအောင် သူတို့ကို စည်းရုံးမယ်၊ စည်းရုံးလို့မရရင် အတိုက်အခံသဘောထားမယ်။ ထပ်ဖြည့်ပြီးပြောရရင် ကျနော်တို့ပါတီရဲ့ကတိကဝတ်နဲ့တူတဲ့ပါတီကိုကျတော့ မိတ်ဖက်အနေနဲ့ သဘောထားပြီးတော့၊ မတူတဲ့ဟာကိုကျတော့ အတိုက်အခံ အနေနဲ့ သဘောထားတယ်၊ ပြည်ခိုင်ဖြိုးရယ်လို့ မဟုတ်ပါဘူး၊ တခြားအင်းအားကြီးပါတီ တွေလည်းပါမယ်၊ NLD လည်းပါချင်ပါမှာပေါ့နော် ။ ကျနော်တို့ဆောင်ပုဒ် ပြောထားတဲ့ အတိုင်း စစ်မှန်တဲ့ ဒီမိုကရေစီရှင်သန်ထွန်းကားရေး၊ လူ့အခွင့်အရေးချိုးဖောက်နေတဲ့နေရာတွေမှာ လူ့အခွင့်အရေး ဖော်ဆောင်ရေး ၊ ခွဲခြားဆက်ဆံမှုမရှိရေး၊လူနည်းစုတွေရဲ့အရေးကို ဦးစားပေး အကောင်အထည်ဖော်ရေး အဲ့ဒီရည်ရွယ်ချက်တွေ ကျွန်တော်တို့နဲ့တူတဲ့ နိုင်ငံရေးပါတီတွေကို မိတ်ဖက်အနေနဲ့ ဝင်ရောက်ယဉ်ပြိုင်ပြီးတော့ အဲ့လိုရည်ရွယ်ချက်မတူတဲ့နိုင်ငံရေးပါတီတွေကိုတော့ အတိုက်အခံအနေနဲယှဉ်ပြိုင်မယ်ဆိုတာကို ဖြည့်စွက်ပြောချင်ပါတယ်။

VOM- ပြီးခဲ့တဲ့၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်နှနေရာနိုင်ဖူးသလဲ။
ဦးကျော်စိုးအောင် – ၂၀၁၂မှာ ပါတီမှတ်ပုံတင်လုပ်ခဲ့ပါတယ်။ ၁၉၉၀ တုန်းက ကျနော်တို့ အခြေခံတဲ့ ပါတီနှစ်ခုရှိတယ်၊ အမျိုးသားလူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီရယ်၊ မေယု ဖွံ့ဖြိုးတိုးတက်ရေးကျောင်းသားလူငယ်များအဖွဲ့ချုပ် အဲ့ဒီပါတီ နှစ်ခုကိုပေါင်းပြီးတော့ ကျနော်တို့ အခုပါတီကို ၂၀၁၂ မှာ မှတ်ပုံတင်လုပ်တယ်။ ပြီးတော့ အဲ့ဒီကြားဖြတ်ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ဖို့ အစီအစဉ်မဖြစ်ခဲ့ဘူး၊ ကြားဖြတ်ရွေးကောက်ပွဲပြီးမှ မှတ်ပုံတင်ရတာကိုး၊ ၂၀၁၅ မှာ ကျနော်တို့ ၁၈ နေရာ ဝင်ပြိုင်တယ်၊ ၁၅ နေရာကို အရည်အချင်းပြည့်မီမှု မဖြစ်ဖူးဆိုပြီးပယ်တယ်၊ ၃ နေရာကိုဝင်ပြိုင်လို့ရတယ်၊ ရခိုင်မှာတစ်နေရာ၊ ရန်ကုန်တိုင်းဒေသကြီးမှာ ၂ နေရာပေါ့၊ နိုင်တော့မနိုင်ခဲ့ပါဘူး ။

VOM – ပါတီရဲ့ဆောင်ပုဒ်က ဘာတွေဖြစ်မလဲ
ဦးကျော်စိုးအောင်- ပါတီရဲ့ဆောင်ပုဒ်ကတော့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးမှန်ကန်ရေး DHRP ကို ဒို့မဲပေးဆိုပြီးတော့ ဆောင်ပုဒ်လုပ်ထားပါတယ်။

#voiceofmyanmar #VOM #ပါတီမိတ်ဆက်

Zawgyi

ပါတီမိတ္ဆက္ (ဒီမိုကေရစီႏွင့္လူ႔အခြင့္အေရးပါတီ)

မႏၲေလး၊ စက္တင္ဘာ ၂၃-၂၀၂၀
ကိုညီသစ္(VOM)

လာမယ့္ ၂၀၂၀ေရြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္မယ့္ ဒီမိုကေရစီႏွင့္လူ႔အခြင့္အေရးပါတီက အ​ေထြေထြအတြင္းေရးမႈး ဦးေက်ာ္စိုးေအာင္ကို VOMသတင္းေထာက္ ကိုညီသစ္က ေမးျမန္းထားတာျဖစ္ပါတယ္။

VOM- ပါတီအေနနဲ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဘယ္ေလာက္အေရအတြက္ ဝင္ၿပိဳင္ဖို႔ရွိလဲ
ဦးေက်ာ္စိုးေအာင္ – ပထမက ၂၆ ေနရာ ဝင္ၿပိဳင္မယ္ဆိုၿပီး ပါတီက ဆုံးျဖတ္တယ္ အေၾကာင္းေၾကာင္းေၾကာင့္ ၇ ေနရာ ဝင္ၿပိဳင္တယ္။ ၇ ေနရာမွာ ၄ ေနရာကို အရည္အခ်င္းျပည္႔မီမႈ မျဖစ္ဖူးဆိုၿပီးပယ္တယ္၊ ၃ ေနရာကေတာ့ အရည္အခ်င္းျပည့္မီ ျဖစ္သြားတယ္။

VOM- ပါတီအေနနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကို ဘယ္လိုအရည္အခ်င္းမ်ိဳး ေတြနဲ႔ေ႐ြးခ်ယ္ပါသလဲ
ဦးေက်ာ္စိုးေအာင္ -အဓိက ေ႐ြးခ်ယ္တဲ့ အရည္အခ်င္းက က်ေနာ္တို႔ပါတီရဲ႕ ကတိကဝတ္ ေပးထားတာေတြနဲ႔ကိုက္ညီတဲ့ အရည္အခ်င္း ၊ ၿပီးေတာ့ ေျပာအားဆိုအားရွိတဲ့ ၊ ဥပေဒလမ္းေၾကာင္းနားလည္တဲ့ လူ႔အခြင့္အေရး စံခ်ိန္စံႏႈန္းကိုနားလည္ကြၽမ္းက်င္တဲ့ ၊ ဒီမိုကေရစီရဲ႕ အႏွစ္သာရကို နားလည္တဲ့ အဲ့ဒီလိုအေျခခံထားတဲ့ စံခ်ိန္စံႏႈန္းေတြအေပၚမွာ ကြၽမ္းက်င္တဲ့ပုဂၢိဳလ္ေတြကို အေၿခခံၿပီးေတာ့ ေ႐ြးခ်ယ္ျခင္းျဖစ္ပါတယ္။

VOM – ပါတီရဲ႕ကတိကဝတ္ေတြက ဘာေတြျဖစ္မလဲ ။
ဦးေက်ာ္စိုးေအာင္ – က်ေတာ္တို႔က ဒီမိုကေရစီကို ရွင္သန္ေအာင္လုပ္မယ္၊ ၿပီးေတာ့ အနယ္နယ္အရပ္ရပ္မွာ စုေပါင္းေနတဲ့ လူ႔အခြင့္အေရးေတြကို ေဖာ္ေဆာင္ေအာင္လုပ္မယ္၊ စိတ္တူကိုယ္တူ မဟာမိတ္အဖြဲ႕ေတြနဲ႔ လူ႔အခြင့္အေရးေတြကို ေဖာ္ေဆာင္ေအာင္လုပ္မယ္၊ ၿပီးေတာ့ ခဲြျခားဆက္ဆံျခင္းမရွိရေအာင္ ပူးေပါင္းေဆာင္႐ြက္မယ္၊ လူနည္းစုေတြရဲ႔ အခြင့္အေရးေတြကိုေဖာ္ေဆာင္ဖို႔လုပ္ေပးမယ္ ဆိုၿပီးေတာ့ ကတိကဝတ္လုပ္ထားတယ္။

VOM- လက္ရွိအာဏာရပါတီ နဲ႔ ျပည္ခိုင္ၿဖိဳးပါတီ စတဲ့အင္အားႀကီးပါတီေတြကို ဘယ္လိုအင္းအားေတြ နဲ႔ ယွဥ္ၿပိဳင္သြားမလဲ
ဦးေက်ာ္စိုး – လက္ရွိအာဏာရပါတီကေတာ့ ဒီမိုကေရစီရဲ႕ စံႏႈန္းအေပၚမွာသြားေနတယ္ဆိုတာကေတာ့ က်ေနာ္တို႔က ေယဘုယ်အားျဖင့္သတ္မွတ္ထားတယ္ေလ၊ အဲ့လိုအေနအထားအေပၚမွာ ျပဳျပင္ေျပာင္းလဲစရာရွိတာကို သူတို႔နဲ႔ညႇိႏႈိင္းၿပီးေတာ့ ဝင္ေရာင္ယွဥ္ၿပိဳင္မယ္၊ ျပည္ခိုင္ၿဖိဳးပါတီကိုက်ေတာ့ ႏိုင္ငံေတာ္မွာ စစ္အစိုးရကိုအေျခခံၿပီးဖြဲ႕စည္းထားတဲ့ ပါတီတစ္ခုျဖစ္တဲ့အတြက္ သူတို႔ကို တစ္တိုင္းျပည္လုံးမွာရွိတဲ့ ျပည္သူလူထုရဲ႕လိုအပ္ခ်က္ေတြကို ျပဳျပင္ေျပာင္းလဲလာေအာင္ သူတို႔ကို စည္း႐ုံးမယ္၊ စည္း႐ုံးလို႔မရရင္ အတိုက္အခံသေဘာထားမယ္။ ထပ္ျဖည့္ၿပီးေျပာရရင္ က်ေနာ္တို႔ပါတီရဲ႕ကတိကဝတ္နဲ႔တူတဲ့ပါတီကိုက်ေတာ့ မိတ္ဖက္အေနနဲ႔ သေဘာထားၿပီးေတာ့၊ မတူတဲ့ဟာကိုက်ေတာ့ အတိုက္အခံ အေနနဲ႔ သေဘာထားတယ္၊ ျပည္ခိုင္ၿဖိဳးရယ္လို႔ မဟုတ္ပါဘူး၊ တျခားအင္းအားႀကီးပါတီ ေတြလည္းပါမယ္၊ NLD လည္းပါခ်င္ပါမွာေပါ့ေနာ္ ။ က်ေနာ္တို႔ေဆာင္ပုဒ္ ေျပာထားတဲ့ အတိုင္း စစ္မွန္တဲ့ ဒီမိုကေရစီရွင္သန္ထြန္းကားေရး၊ လူ႔အခြင့္အေရးခ်ိဳးေဖာက္ေနတဲ့ေနရာေတြမွာ လူ႔အခြင့္အေရး ေဖာ္ေဆာင္ေရး ၊ ခြဲျခားဆက္ဆံမႈမရွိေရး၊လူနည္းစုေတြရဲ႕အေရးကို ဦးစားေပး အေကာင္အထည္ေဖာ္ေရး အဲ့ဒီရည္႐ြယ္ခ်က္ေတြ ကၽြန္ေတာ္တို႔နဲ႔တူတဲ့ ႏိုင္ငံေရးပါတီေတြကို မိတ္ဖက္အေနနဲ႔ ဝင္ေရာက္ယဥ္ၿပိဳင္ၿပီးေတာ့ အဲ့လိုရည္႐ြယ္ခ်က္မတူတဲ့ႏိုင္ငံေရးပါတီေတြကိုေတာ့ အတိုက္အခံအေနနဲယွဥ္ၿပိဳင္မယ္ဆိုတာကို ျဖည့္စြက္ေျပာခ်င္ပါတယ္။

VOM- ၿပီးခဲ့တဲ့၂၀၁၅ ေ႐ြးေကာက္ပြဲမွာ ဘယ္ႏွေနရာႏိုင္ဖူးသလဲ။
ဦးေက်ာ္စိုးေအာင္ – ၂၀၁၂မွာ ပါတီမွတ္ပံုတင္လုပ္ခဲ့ပါတယ္။ ၁၉၉၀ တုန္းက က်ေနာ္တို႔ အေျခခံတဲ့ ပါတီႏွစ္ခုရွိတယ္၊ အမ်ိဳးသားလူ႔အခြင့္အေရး ဒီမိုကရက္တစ္ပါတီရယ္၊ ေမယု ဖြံ့ျဖိဳးတိုးတက္ေရးေက်ာင္းသားလူငယ္မ်ားအဖြဲ႕ခ်ဳပ္ အဲ့ဒီပါတီ ႏွစ္ခုကိုေပါင္းၿပီးေတာ့ က်ေနာ္တို႔ အခုပါတီကို ၂၀၁၂ မွာ မွတ္ပံုတင္လုပ္တယ္။ ၿပီးေတာ့ အဲ့ဒီၾကားျဖတ္ေ႐ြးေကာက္ပြဲမွာဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ အစီအစဥ္မျဖစ္ခဲ့ဘူး၊ ၾကားျဖတ္ေ႐ြးေကာက္ပြဲၿပီးမွ မွတ္ပံုတင္ရတာကိုး၊ ၂၀၁၅ မွာ က်ေနာ္တို႔ ၁၈ ေနရာ ဝင္ၿပိဳင္တယ္၊ ၁၅ ေနရာကို အရည္အခ်င္းျပည္႔မီမႈ မျဖစ္ဖူးဆိုၿပီးပယ္တယ္၊ ၃ ေနရာကိုဝင္ၿပိဳင္လို႔ရတယ္၊ ရခိုင္မွာတစ္ေနရာ၊ ရန္ကုန္တိုင္းေဒသႀကီးမွာ ၂ ေနရာေပါ့၊ ႏိုင္ေတာ့မႏိုင္ခဲ့ပါဘူး ။

VOM – ပါတီရဲ႕ေဆာင္ပုဒ္က ဘာေတြျဖစ္မလဲ
ဦးေက်ာ္စိုးေအာင္- ပါတီရဲ႕ေဆာင္ပုဒ္ကေတာ့ ဒီမိုကေရစီနဲ႔လူ႔အခြင့္အေရးမွန္ကန္ေရး DHRP ကို ဒို႔မဲေပးဆိုၿပီးေတာ့ ေဆာင္ပုဒ္လုပ္ထားပါတယ္။

#voiceofmyanmar #VOM #ပါတီမိတ္ဆက္

Related posts

Leave a Comment

VOM News

FREE
VIEW