ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ ဘာ့ကြောင့်ထင်သလောက် မနိုင်ရသလဲ

မန္တလေး- နိုဝင်ဘာ ၁၁-၂၀၂၀
ဆွေလင်းထွန်း (VOM)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲရလာဒ်တွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ မထုတ်ပြန်သေးပေမယ့် ရွေးကောက်ပွဲ အနိုင်အရှုံးရလဒ် မဲစာရင်း ပုံစံ(၁၉)ကို သက်ဆိုင်ရာကော်မရှင်ခွဲရုံးတွေမှာ လက်မှတ်ထိုးပြီးသလောက် စာရင်းတွေအရ ကျင်းပပြီးစီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) က တနိုင်ငံလုံးက မဲဆန္ဒနယ်တွေရဲ့ ၈၅ ရာခိုင်နှုန်းခန့်ကို အနိုင်ရနေပြီဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော် အမတ်နေရာ ၄၅၂ အနက် NLD ပါတီက ၃၈၀ နေရာကို အနိုင်ရရှိနေတဲ့အတွက် ရာခိုင်နှုန်းအားဖြင့် ၈၄ ရာခိုင်နှုန်း ရှိပြီး ၂၀၁၅ ရွေးကောက်ပွဲမှာထက် ပိုများတာကို တွေ့ရပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် အမတ်နေရာ ၆၂၈ အနက် NLD ပါတီက ၄၇၆ နေရာကို အနိုင်ရရှိနေပြီး ရာခိုင်နှုန်းအားဖြင့် ၇၆ ရာခိုင်နှုန်း ဖြစ်ပါတယ်။

တိုင်းရင်းသားပါတီတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရေးအတွက် ဒေသအခြေစိုက်ပါတီတွေကို တပါတီတည်းအဖြစ် ပူးပေါင်းပြီး ဝင်ရောက်ယှဉ်ပြိုင်တာ၊ တိုင်းရင်းသားပါတီချင်း မဟာမိတ်ဖွဲ့ပြီး မိမိတို့ မဟာမိတ်တွေ ဝင်ပြိုင်တဲ့မဲဆန္ဒနယ်တွေမှာ ဝင်မပြိုင်တာစတဲ့ နည်းဗျူဟာပြောင်းလဲမှုတွေကို ပြုလုပ်ခဲ့ကြပေမယ့် မျှော်မှန်းသလောက် အနိုင်မရခဲ့ကြတာကို တွေ့ရပါတယ်။

ခုလိုမျိုး တိုင်းရင်းသားနိုင်ငံရေးပါတီတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ထင်သလောက်အောင်မြင်မှု မရခဲ့တာဟာ အချို့ပြည်နယ်တွေမှာ လက်နက်ကိုင်တိုက်ပွဲအားကောင်းခဲ့တာကြောင့် ဥပဒေတွင်းနိုင်ငံရေးကို အယုံအကြည်မရှိတာ၊ ချင်းပြည်နယ်လိုမျိုး ပြည်နယ်မှာ တောင်ပိုင်းနဲ့ မြောက်ပိုင်းကြား ဘာသာစကားအခက်အခဲတွေရှိတဲ့အတွက် တစုတစည်းထဲ ရပ်တည်ဖို့အကန့်အသတ်ရှိတာကြောင့် အားကြီးတဲ့ပြည်မပါတီနဲ့ ပေါင်းရတာတွေက အကြောင်းရင်း ဖြစ်တယ်လို့ တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။

ဦးမောင်မောင်စိုးက “ရှမ်းနဲ့ ရခိုင်ပြည်နယ်ကတော့ ဥပဒေတွင်းနိုင်ငံရေးက တလျှောက်လုံးအားကောင်းခဲ့တော့ သွားမထိခိုက်ပေမယ့် ကချင်နဲ့ ကရင်ပြည်နယ်တွေမှာတော့ လူတွေရဲ့ စိတ်က ဥပဒေတွင်းထက်စာရင် လက်နက်ကိုင်ဖို့ဘက်ကို ပိုပြီးအားသန်တာကြောင့်လို့ မြင်တယ်။ ပြည်နယ်အချို့မှာ ဒေသခံတွေထက်စာရင် ရွှေ့ပြောင်းအခြေချသူတွေက ပိုများနေတာကလည်း အချက်တချက်အနေနဲ့ ပါတယ်” လို့ VOM ကို ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားနိုင်ငံရေးပါတီတွေအနေနဲ့ ပါတီချင်း ပေါင်းစည်းပြီး ရွေးကောက်ပွဲဝင်တာကိုလည်း နည်းဗျူဟာတရပ်အနေနဲ့ သုံးကြပါတယ်။ အဲ့လို ဗျူဟာတွေ သုံးကြပေမယ့် ကချင်ပြည်နယ်က ပေါင်းစည်းပါတီဖြစ်တဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)ဟာ ပြည်ထောင်စုလွှတ်တော် မဲဆန္ဒနယ်တွေမှာ တနေရာမှ အနိုင်မရခဲ့ဘဲ ကချင်ပြည်နယ်လွှတ်တော်မှာ ၁ နေရာသာ နိုင်ပါတယ်။ ချင်းပြည်နယ်က ပေါင်းစည်းပါတီဖြစ်တဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD) ဟာလည်း ချင်းပြည်နယ်လွှတ်တော်မှာ ၁ နေရာပဲ နိုင်တာကိုတွေ့ရပါတယ်။ နိုင်ငံရေးလေ့လာသူတဦးဖြစ်တဲ့ စိုင်းထွန်းအောင်လွင်ကတော့ အဲ့ဒီအခြေအနေအပေါ်မှာ အခုလို သုံးသပ်ပါတယ်။

“သူတို့က ပေါင်းထားတယ်ဆိုပေမယ့် ပါတီသက်တမ်း အရမ်းနုတာရယ်၊ ပါတီတည်ဆောက်ရေးနဲ့ နိုင်ငံရေးတည်ဆောက်ရေးကို ဟုတ်တိပတ်တိမလုပ်နိုင်ကြတာကြောင့် ဖြစ်တယ်” လို့ ပြောပါတယ်။

ပြည်သူလူထုကြားမှာ စစ်ဆန့်ကျင်ရေးအမြင်တွေ လွှမ်းမိုးနေချိန် ပြည်ခိုင်ဖြိုးနဲ့ ပါတီ ၄၀ ထုတ်ပြန်ချက်တွေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံတဲ့ပါတီတွေထဲ တိုင်းရင်းသားပါတီတွေ အများစုပါနေတဲ့ အချက်ကလည်း ရွေးကောက်ပွဲမှာ ထင်သလောက်မအောင်မြင်တာရဲ့ အချက်တချက်ဖြစ်နိုင်တယ်လို့ စိုင်းထွန်းအောင်လွင်က သုံးသပ်ပါတယ်။

စိုင်းထွန်းအောင်လွင်က” မဟာဗျူဟာ နည်းဗျူဟာတွေ မှားတယ်ပြောရမှာပေါ့ တနိုင်ငံလုံးက လူတွေက စစ်ဆန့်ကျင်ရေးအမြင်နဲ့ စစ်တပ်တို့ စစ်တပ်နဲ့ နှီးနွှယ်သူတွေကို ဆန့်ကျင်ရေး အားကောင်းနေတဲ့ အချိန်မှာ ပြည်ခိုင်ဖြိုးနဲ့ ပါတီ ၄၀ ထုတ်ပြန်ချက်တွေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ သွားတွေ့တာတွေကလည်း ကြီးကြီးမားမား စဉ်းစားရမယ့်အချက်ပဲ” လို့ VOM ကို ပြောပါတယ်။

ပြည်နယ်အချို့ရဲ့ မြို့နယ်တွေအတွင်းက မဲဆန္ဒနယ်အများစုမှာ ရွေးကောက်ပွဲမလုပ်နိုင်ခဲ့တဲ့အတွက် ၎င်းမြို့နယ်တွေကို ကိုယ်စားပြုမှုမရှိနိုင်တာကြောင့် ရွေးကောက်ပွဲကျင်းပတာနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲဥပဒေမှာ ထည့်သွင်းပြဌာန်းရေးအတွက် ဆွေး‌နွေးမှုတွေ လုပ်ဖို့လိုတယ်လို့ နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးက ပြောပါတယ်။

ဦးမောင်မောင်စိုးက “မြို့နယ်တခုရဲ့ မဲဆန္ဒနယ်အများစုမှာ မကျင်းပနိုင်ဘဲ မဲဆန္ဒနယ် နည်းနည်းလေးမှာ ကျင်းပတာဟာ ဒီမြို့နယ်ကို ကိုယ်စားမပြုဘူးလို့ ထင်တယ်။ ရွေးကောက်ပွဲဥပဒေမှာ ရွေးကောက်ပွဲကျင်းပရေးနဲ့ ပတ်သက်တဲ့ ပြဌာန်းချက်မျိုး ရှိသင့်တယ်။ အနည်းဆုံး မြို့နယ်တခုရဲ့ ၅၀ ရာခိုင်နှုန်း သို့မဟုတ် သုံးပုံတပုံ ကျင်းပနိုင်မှ ဒီမြို့နယ်မှာ ကျင်းပတာမျိုး ဖြစ်သင့်တယ်။ အဲ့ဒါနဲ့ ပတ်သက်လို့ နောင်မှာဆွေးနွေးသွားဖို့ လိုအပ်မယ်” လို့ VOM ကို ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မြို့နယ်ပေါင်း ၃၁၅ မြို့နယ်မှာပဲ ရွေးကောက်ပွဲကျင်းပခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ်ကထက် ၈ မြို့နယ် လျော့နည်းခဲ့တာ ဖြစ်ပါတယ်။ ရခိုင်၊ ရှမ်း၊ မွန်၊ ကရင်၊ ကချင်နဲ့ ပဲခူးတိုင်းအတွင်းက ကျေးရွာအုပ်စု ၅၀၀ ကျော်မှာလည်း ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တာ မရှိပါဘူး။ ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်(UEC)က လွတ်လပ်၊ တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပဖို့ အခြေအနေမရှိတာကြောင့် အဆိုပါ မြို့နယ်တွေနဲ့ မဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲမကျင်းပခဲ့တာလို့ ထုတ်ပြန်ခဲ့ပေမယ့် ဘယ်လိုအကြောင်းအရာတွေကို အခြေခံပြီး သတ်မှတ်ကြောင်းကိုတော့ အတိအကျ မပြောပါဘူး။ အဲ့ကိစ္စအပေါ်မှာ နိင်ငံရေးပါတီအချို့က အပြင်းအထန် ဝေဖန်ခဲ့ကြပြီး UEC အနေနဲ့ ၎င်းတို့နဲ့ ဆွေးနွေးညှိနှိုင်းပြီးမှသာ လုပ်ဆောင်သင့်တယ်လို့ ပြောကြပါတယ်။

ကိုဗစ် ၁၉ ရောဂါ ကူးဆက်မှု များပြားနေတဲ့အတွက် တိုင်းရင်းသားပါတီငယ်အချို့အနေနဲ့ လူစုလူဝေးနဲ့ မဲဆွယ်ခွင့်မရခဲ့တာလည်း အောင်မြင်မှု သိပ်မရခဲ့တဲ့ အကြောင်းတချက်အနေနဲ့ ပါနိုင်တယ်လို့ စိုင်းထွန်းအောင်လွင်က ဆက်ပြောပါတယ်။

စိုင်းထွန်းအောင်လွင်က “Institution တွေကို စီမံခန့်ခွဲပိုင်ခွင့်ရှိသူတွေနဲ့ သက်ဆိုင်တဲ့အပိုင်းမှာ fair ဖြစ်ဖို့ ခက်ပါတယ်။ ဖွဲ့စည်းပုံအရကိုက fair မဖြစ်တဲ့အတွက် ပိုအားထုတ်ရမယ့် အနေအထားမျိုးမှာ သူတို့ ကြိုတင်ပြင်ဆင်မှု သိပ်မလုပ်နိုင်ခဲ့ဘူးပေါ့နော်။ အဲ့အတွက် ပါတီငယ်တွေကိုတော့ ထိခိုက်ပါတယ်” လို့ သုံးသပ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန(MOHS) က အထွေထွေရွေးကောက်ပွဲ ကျင်းပရာမှာ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေနဲ့အညီ ဆောင်ရွက်ရမယ့် စံလုပ်ငန်းလမ်းညွှန်တွေကို စက်တင်ဘာ ၇ ရက်နဲ့ ၉ ရက်တို့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်မှာ နိုင်ငံရေးပါတီတွေ မဲဆွယ်ရာမှာ လိုက်နာရမယ့် အသေးစိတ်အချက်တွေ ပါဝင်ပြီး မဲဆွယ်စည်းရုံးရာမှာ လူစုလူဝေး မဖြစ်စေဖို့ အချက်တွေ အဓိက ပါဝင်ပါတယ်။ ပါတီကြီးတွေအနေနဲ့ MOHS ရဲ့ ထုတ်ပြန်ချက်တွေကို ဂရုမစိုက်ဘဲ လူစုလူဝေးနဲ့ မဲဆွယ်ကြပေမယ့် ပါတီငယ်တွေနဲ့ တိုင်းရင်းသားပါတီအချို့အနေနဲ့ MOHS ရဲ့ ထုတ်ပြန်ချက်ကို လိုက်နာခဲ့ရတာကြောင့် မဲဆန္ဒနယ်က ပြည်သူတွေနဲ့ ထိတွေ့စည်းရုံးနိုင်မှု မရှိတဲ့အပေါ်မှာလည်း နိုင်ငံရေးပါတီအချို့က ဝေဖန်မှုတွေရှိခဲ့ပါတယ်။

NLD ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲထက် ကိုယ်စားလှယ်နေရာတွေ ပိုမို အနိုင်ရခဲ့ပေမယ့် ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားအရေးတွေကို ဖြေရှင်းဖို့ဆိုရင် NLD ပါတီအနေနဲ့ ပြီးခဲ့တဲ့ သက်တမ်းက ပုံစံကို ပြောင်းလဲဖို့ လိုတယ်လို့ စိုင်းထွန်းအောင်လွင်က သုံးသပ်ပါတယ်။

“ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ တရားဝင်မှု အားကောင်းတဲ့ပါတီဟာ တကယ်ထိထိရောက်ရောက် အလုပ်လုပ်နိုင်ရင် ဒါကောင်းတာပေါ့။ ပထမသက်တမ်း အတွေ့အကြုံအရဆိုရင်တော့ အဲ့ပုံစံဆက်လုပ်နေမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးတို့ တိုင်းရင်းသားအရေးတို့ ဖြေရှင်းဖို့ ခက်မယ်ပေါ့။ ပထမသက်တမ်းက ပုံစံတွေကိုတော့ ပြောင်းပစ်ဖို့ လိုမယ်လို့ ထင်ပါတယ်” လို့ VOM ကို ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ပါတီပေါင်း ၂၃ ပါတီ ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး တိုင်းရင်းသားပါတီ ၁၇ ပါတီ ပါဝင်တာကို တွေ့ရပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ လက်ရှိတိုင်းရင်းသားပါတီ ၁၃ ခုသာ ရွေးကောက်ခံရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စုလွှတ်တော် အမတ်နေရာ ၂၂ နေရာနဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ အမတ်နေရာ ၂၂ နေရာကို ရရှိပြီး ပြည်နယ်လွှတ်တော်ကို ထိန်းချုပ်နိုင်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီ(ANP)ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ရခိုင်ပြည်နယ်လွှတ်တော်ရဲ့ ၇ နေရာကိုသာ အနိုင်ရရှိထားပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စုလွှတ်တော် အမတ်နေရာ ၂ နေရာနဲ့ ချင်းပြည်နယ်လွှတ်တော်မှာ အမတ်နေရာ ၂ နေရာ ရရှိခဲ့တဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်(ZCD) ဟာ ခုရွေးကောက်ပွဲမှာတော့ ချင်းပြည်နယ် တွန်းဇံမဲဆန္ဒနယ်(၁) တနေရာကိုသာ အနိုင်ရရှိပါတော့တယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စုလွှတ်တော် အမတ်နေရာ ၁၅ နေရာနဲ့ ရှမ်းပြည်နယ်လွှတ်တော်မှာ အမတ်နေရာ ၂၄ နေရာ ရရှိခဲ့တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ဟာလည်း ခုရွေးကောက်ပွဲမှာတော့ ပြည်ထောင်စုလွှတ်တော် အမတ်နေရာ ၈ နေရာနဲ့ ရှမ်းပြည်နယ်လွှတ်တော်မှာ ၁၆ နေရာကိုသာ အနိုင်ရရှိတာကို တွေ့ရပါတယ်။

#voiceofmyanmar #VOM #တိုင်းရင်းသားပါတီ #ရွေးကောက်ပွဲ

Zawgy

ေ႐ြးေကာက္ပြဲမွာ တိုင္းရင္းသားပါတီေတြ ဘာ့ေၾကာင့္ထင္သေလာက္ မႏိုင္ရသလဲ

မႏၲေလး- ႏိုဝင္ဘာ ၁၁-၂၀၂၀
ေဆြလင္းထြန္း (VOM)

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က မဲရလာဒ္ေတြကို တႏိုင္ငံလုံးအတိုင္းအတာနဲ႔ မထုတ္ျပန္ေသးေပမယ့္ ေ႐ြးေကာက္ပြဲ အႏိုင္အရႈံးရလဒ္ မဲစာရင္း ပုံစံ(၁၉)ကို သက္ဆိုင္ရာေကာ္မရွင္ခြဲ႐ုံးေတြမွာ လက္မွတ္ထိုးၿပီးသေလာက္ စာရင္းေတြအရ က်င္းပၿပီးစီးခဲ့တဲ့ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(NLD) က တႏိုင္ငံလုံးက မဲဆႏၵနယ္ေတြရဲ႕ ၈၅ ရာခိုင္ႏႈန္းခန႔္ကို အႏိုင္ရေနၿပီျဖစ္ပါတယ္။

ျပည္ေထာင္စုလႊတ္ေတာ္ အမတ္ေနရာ ၄၅၂ အနက္ NLD ပါတီက ၃၈၀ ေနရာကို အႏိုင္ရရွိေနတဲ့အတြက္ ရာခိုင္ႏႈန္းအားျဖင့္ ၈၄ ရာခိုင္ႏႈန္း ရွိၿပီး ၂၀၁၅ ေ႐ြးေကာက္ပြဲမွာထက္ ပိုမ်ားတာကို ေတြ႕ရပါတယ္။ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္လႊတ္ေတာ္ အမတ္ေနရာ ၆၂၈ အနက္ NLD ပါတီက ၄၇၆ ေနရာကို အႏိုင္ရရွိေနၿပီး ရာခိုင္ႏႈန္းအားျဖင့္ ၇၆ ရာခိုင္ႏႈန္း ျဖစ္ပါတယ္။

တိုင္းရင္းသားပါတီေတြအေနနဲ႔ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရေရးအတြက္ ေဒသအေျခစိုက္ပါတီေတြကို တပါတီတည္းအျဖစ္ ပူးေပါင္းၿပီး ဝင္ေရာက္ယွဥ္ၿပိဳင္တာ၊ တိုင္းရင္းသားပါတီခ်င္း မဟာမိတ္ဖြဲ႕ၿပီး မိမိတို႔ မဟာမိတ္ေတြ ဝင္ၿပိဳင္တဲ့မဲဆႏၵနယ္ေတြမွာ ဝင္မၿပိဳင္တာစတဲ့ နည္းဗ်ဴဟာေျပာင္းလဲမႈေတြကို ျပဳလုပ္ခဲ့ၾကေပမယ့္ ေမွ်ာ္မွန္းသေလာက္ အႏိုင္မရခဲ့ၾကတာကို ေတြ႕ရပါတယ္။

ခုလိုမ်ိဳး တိုင္းရင္းသားႏိုင္ငံေရးပါတီေတြအေနနဲ႔ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ထင္သေလာက္ေအာင္ျမင္မႈ မရခဲ့တာဟာ အခ်ိဳ႕ျပည္နယ္ေတြမွာ လက္နက္ကိုင္တိုက္ပြဲအားေကာင္းခဲ့တာေၾကာင့္ ဥပေဒတြင္းႏိုင္ငံေရးကို အယုံအၾကည္မရွိတာ၊ ခ်င္းျပည္နယ္လိုမ်ိဳး ျပည္နယ္မွာ ေတာင္ပိုင္းနဲ႔ ေျမာက္ပိုင္းၾကား ဘာသာစကားအခက္အခဲေတြရွိတဲ့အတြက္ တစုတစည္းထဲ ရပ္တည္ဖို႔အကန႔္အသတ္ရွိတာေၾကာင့္ အားႀကီးတဲ့ျပည္မပါတီနဲ႔ ေပါင္းရတာေတြက အေၾကာင္းရင္း ျဖစ္တယ္လို႔ တိုင္းရင္းသားအေရးေလ့လာသုံးသပ္သူ ဦးေမာင္ေမာင္စိုးက သုံးသပ္ပါတယ္။

ဦးေမာင္ေမာင္စိုးက “ရွမ္းနဲ႔ ရခိုင္ျပည္နယ္ကေတာ့ ဥပေဒတြင္းႏိုင္ငံေရးက တေလွ်ာက္လုံးအားေကာင္းခဲ့ေတာ့ သြားမထိခိုက္ေပမယ့္ ကခ်င္နဲ႔ ကရင္ျပည္နယ္ေတြမွာေတာ့ လူေတြရဲ႕ စိတ္က ဥပေဒတြင္းထက္စာရင္ လက္နက္ကိုင္ဖို႔ဘက္ကို ပိုၿပီးအားသန္တာေၾကာင့္လို႔ ျမင္တယ္။ ျပည္နယ္အခ်ိဳ႕မွာ ေဒသခံေတြထက္စာရင္ ေ႐ႊ႕ေျပာင္းအေျခခ်သူေတြက ပိုမ်ားေနတာကလည္း အခ်က္တခ်က္အေနနဲ႔ ပါတယ္” လို႔ VOM ကို ေျပာပါတယ္။

၂၀၂၀ ေ႐ြးေကာက္ပြဲမွာ တိုင္းရင္းသားႏိုင္ငံေရးပါတီေတြအေနနဲ႔ ပါတီခ်င္း ေပါင္းစည္းၿပီး ေ႐ြးေကာက္ပြဲဝင္တာကိုလည္း နည္းဗ်ဴဟာတရပ္အေနနဲ႔ သုံးၾကပါတယ္။ အဲ့လို ဗ်ဴဟာေတြ သုံးၾကေပမယ့္ ကခ်င္ျပည္နယ္က ေပါင္းစည္းပါတီျဖစ္တဲ့ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ(KSPP)ဟာ ျပည္ေထာင္စုလႊတ္ေတာ္ မဲဆႏၵနယ္ေတြမွာ တေနရာမွ အႏိုင္မရခဲ့ဘဲ ကခ်င္ျပည္နယ္လႊတ္ေတာ္မွာ ၁ ေနရာသာ ႏိုင္ပါတယ္။ ခ်င္းျပည္နယ္က ေပါင္းစည္းပါတီျဖစ္တဲ့ ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(CNLD) ဟာလည္း ခ်င္းျပည္နယ္လႊတ္ေတာ္မွာ ၁ ေနရာပဲ ႏိုင္တာကိုေတြ႕ရပါတယ္။ ႏိုင္ငံေရးေလ့လာသူတဦးျဖစ္တဲ့ စိုင္းထြန္းေအာင္လြင္ကေတာ့ အဲ့ဒီအေျခအေနအေပၚမွာ အခုလို သုံးသပ္ပါတယ္။

“သူတို႔က ေပါင္းထားတယ္ဆိုေပမယ့္ ပါတီသက္တမ္း အရမ္းႏုတာရယ္၊ ပါတီတည္ေဆာက္ေရးနဲ႔ ႏိုင္ငံေရးတည္ေဆာက္ေရးကို ဟုတ္တိပတ္တိမလုပ္ႏိုင္ၾကတာေၾကာင့္ ျဖစ္တယ္” လို႔ ေျပာပါတယ္။

ျပည္သူလူထုၾကားမွာ စစ္ဆန႔္က်င္ေရးအျမင္ေတြ လႊမ္းမိုးေနခ်ိန္ ျပည္ခိုင္ၿဖိဳးနဲ႔ ပါတီ ၄၀ ထုတ္ျပန္ခ်က္ေတြ၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ ေတြ႕ဆုံတဲ့ပါတီေတြထဲ တိုင္းရင္းသားပါတီေတြ အမ်ားစုပါေနတဲ့ အခ်က္ကလည္း ေ႐ြးေကာက္ပြဲမွာ ထင္သေလာက္မေအာင္ျမင္တာရဲ႕ အခ်က္တခ်က္ျဖစ္ႏိုင္တယ္လို႔ စိုင္းထြန္းေအာင္လြင္က သုံးသပ္ပါတယ္။

စိုင္းထြန္းေအာင္လြင္က” မဟာဗ်ဴဟာ နည္းဗ်ဴဟာေတြ မွားတယ္ေျပာရမွာေပါ့ တႏိုင္ငံလုံးက လူေတြက စစ္ဆန႔္က်င္ေရးအျမင္နဲ႔ စစ္တပ္တို႔ စစ္တပ္နဲ႔ ႏွီးႏႊယ္သူေတြကို ဆန႔္က်င္ေရး အားေကာင္းေနတဲ့ အခ်ိန္မွာ ျပည္ခိုင္ၿဖိဳးနဲ႔ ပါတီ ၄၀ ထုတ္ျပန္ခ်က္ေတြ၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ သြားေတြ႕တာေတြကလည္း ႀကီးႀကီးမားမား စဥ္းစားရမယ့္အခ်က္ပဲ” လို႔ VOM ကို ေျပာပါတယ္။

ျပည္နယ္အခ်ိဳ႕ရဲ႕ ၿမိဳ႕နယ္ေတြအတြင္းက မဲဆႏၵနယ္အမ်ားစုမွာ ေ႐ြးေကာက္ပြဲမလုပ္ႏိုင္ခဲ့တဲ့အတြက္ ၎ၿမိဳ႕နယ္ေတြကို ကိုယ္စားျပဳမႈမရွိႏိုင္တာေၾကာင့္ ေ႐ြးေကာက္ပြဲက်င္းပတာနဲ႔ ပတ္သက္ၿပီး ေ႐ြးေကာက္ပြဲဥပေဒမွာ ထည့္သြင္းျပဌာန္းေရးအတြက္ ေဆြး‌ေႏြးမႈေတြ လုပ္ဖို႔လိုတယ္လို႔ ႏိုင္ငံေရးေလ့လာသူ ဦးေမာင္ေမာင္စိုးက ေျပာပါတယ္။

ဦးေမာင္ေမာင္စိုးက “ၿမိဳ႕နယ္တခုရဲ႕ မဲဆႏၵနယ္အမ်ားစုမွာ မက်င္းပႏိုင္ဘဲ မဲဆႏၵနယ္ နည္းနည္းေလးမွာ က်င္းပတာဟာ ဒီၿမိဳ႕နယ္ကို ကိုယ္စားမျပဳဘူးလို႔ ထင္တယ္။ ေ႐ြးေကာက္ပြဲဥပေဒမွာ ေ႐ြးေကာက္ပြဲက်င္းပေရးနဲ႔ ပတ္သက္တဲ့ ျပဌာန္းခ်က္မ်ိဳး ရွိသင့္တယ္။ အနည္းဆုံး ၿမိဳ႕နယ္တခုရဲ႕ ၅၀ ရာခိုင္ႏႈန္း သို႔မဟုတ္ သုံးပုံတပုံ က်င္းပႏိုင္မွ ဒီၿမိဳ႕နယ္မွာ က်င္းပတာမ်ိဳး ျဖစ္သင့္တယ္။ အဲ့ဒါနဲ႔ ပတ္သက္လို႔ ေနာင္မွာေဆြးေႏြးသြားဖို႔ လိုအပ္မယ္” လို႔ VOM ကို ေျပာပါတယ္။

၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ၿမိဳ႕နယ္ေပါင္း ၃၁၅ ၿမိဳ႕နယ္မွာပဲ ေ႐ြးေကာက္ပြဲက်င္းပခဲ့တာျဖစ္ၿပီး ၂၀၁၅ ခုႏွစ္ကထက္ ၈ ၿမိဳ႕နယ္ ေလ်ာ့နည္းခဲ့တာ ျဖစ္ပါတယ္။ ရခိုင္၊ ရွမ္း၊ မြန္၊ ကရင္၊ ကခ်င္နဲ႔ ပဲခူးတိုင္းအတြင္းက ေက်း႐ြာအုပ္စု ၅၀၀ ေက်ာ္မွာလည္း ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ခဲ့တာ မရွိပါဘူး။ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္ရွင္(UEC)က လြတ္လပ္၊ တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲက်င္းပဖို႔ အေျခအေနမရွိတာေၾကာင့္ အဆိုပါ ၿမိဳ႕နယ္ေတြနဲ႔ မဲဆႏၵနယ္ေတြမွာ ေ႐ြးေကာက္ပြဲမက်င္းပခဲ့တာလို႔ ထုတ္ျပန္ခဲ့ေပမယ့္ ဘယ္လိုအေၾကာင္းအရာေတြကို အေျခခံၿပီး သတ္မွတ္ေၾကာင္းကိုေတာ့ အတိအက် မေျပာပါဘူး။ အဲ့ကိစၥအေပၚမွာ နိင္ငံေရးပါတီအခ်ိဳ႕က အျပင္းအထန္ ေဝဖန္ခဲ့ၾကၿပီး UEC အေနနဲ႔ ၎တို႔နဲ႔ ေဆြးေႏြးညႇိႏႈိင္းၿပီးမွသာ လုပ္ေဆာင္သင့္တယ္လို႔ ေျပာၾကပါတယ္။

ကိုဗစ္ ၁၉ ေရာဂါ ကူးဆက္မႈ မ်ားျပားေနတဲ့အတြက္ တိုင္းရင္းသားပါတီငယ္အခ်ိဳ႕အေနနဲ႔ လူစုလူေဝးနဲ႔ မဲဆြယ္ခြင့္မရခဲ့တာလည္း ေအာင္ျမင္မႈ သိပ္မရခဲ့တဲ့ အေၾကာင္းတခ်က္အေနနဲ႔ ပါႏိုင္တယ္လို႔ စိုင္းထြန္းေအာင္လြင္က ဆက္ေျပာပါတယ္။

စိုင္းထြန္းေအာင္လြင္က “Institution ေတြကို စီမံခန႔္ခြဲပိုင္ခြင့္ရွိသူေတြနဲ႔ သက္ဆိုင္တဲ့အပိုင္းမွာ fair ျဖစ္ဖို႔ ခက္ပါတယ္။ ဖြဲ႕စည္းပုံအရကိုက fair မျဖစ္တဲ့အတြက္ ပိုအားထုတ္ရမယ့္ အေနအထားမ်ိဳးမွာ သူတို႔ ႀကိဳတင္ျပင္ဆင္မႈ သိပ္မလုပ္ႏိုင္ခဲ့ဘူးေပါ့ေနာ္။ အဲ့အတြက္ ပါတီငယ္ေတြကိုေတာ့ ထိခိုက္ပါတယ္” လို႔ သုံးသပ္ပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန(MOHS) က အေထြေထြေ႐ြးေကာက္ပြဲ က်င္းပရာမွာ ကိုဗစ္ ၁၉ ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းေတြနဲ႔အညီ ေဆာင္႐ြက္ရမယ့္ စံလုပ္ငန္းလမ္းၫႊန္ေတြကို စက္တင္ဘာ ၇ ရက္နဲ႔ ၉ ရက္တို႔မွာ ထုတ္ျပန္ခဲ့ပါတယ္။ ထုတ္ျပန္ခ်က္မွာ ႏိုင္ငံေရးပါတီေတြ မဲဆြယ္ရာမွာ လိုက္နာရမယ့္ အေသးစိတ္အခ်က္ေတြ ပါဝင္ၿပီး မဲဆြယ္စည္း႐ုံးရာမွာ လူစုလူေဝး မျဖစ္ေစဖို႔ အခ်က္ေတြ အဓိက ပါဝင္ပါတယ္။ ပါတီႀကီးေတြအေနနဲ႔ MOHS ရဲ႕ ထုတ္ျပန္ခ်က္ေတြကို ဂ႐ုမစိုက္ဘဲ လူစုလူေဝးနဲ႔ မဲဆြယ္ၾကေပမယ့္ ပါတီငယ္ေတြနဲ႔ တိုင္းရင္းသားပါတီအခ်ိဳ႕အေနနဲ႔ MOHS ရဲ႕ ထုတ္ျပန္ခ်က္ကို လိုက္နာခဲ့ရတာေၾကာင့္ မဲဆႏၵနယ္က ျပည္သူေတြနဲ႔ ထိေတြ႕စည္း႐ုံးႏိုင္မႈ မရွိတဲ့အေပၚမွာလည္း ႏိုင္ငံေရးပါတီအခ်ိဳ႕က ေဝဖန္မႈေတြရွိခဲ့ပါတယ္။

NLD ဟာ ၿပီးခဲ့တဲ့ ၂၀၁၅ ေ႐ြးေကာက္ပြဲထက္ ကိုယ္စားလွယ္ေနရာေတြ ပိုမို အႏိုင္ရခဲ့ေပမယ့္ ၿငိမ္းခ်မ္းေရးနဲ႔ တိုင္းရင္းသားအေရးေတြကို ေျဖရွင္းဖို႔ဆိုရင္ NLD ပါတီအေနနဲ႔ ၿပီးခဲ့တဲ့ သက္တမ္းက ပုံစံကို ေျပာင္းလဲဖို႔ လိုတယ္လို႔ စိုင္းထြန္းေအာင္လြင္က သုံးသပ္ပါတယ္။

“ဒီမိုကေရစီအသြင္ကူးေျပာင္းေရးမွာ တရားဝင္မႈ အားေကာင္းတဲ့ပါတီဟာ တကယ္ထိထိေရာက္ေရာက္ အလုပ္လုပ္ႏိုင္ရင္ ဒါေကာင္းတာေပါ့။ ပထမသက္တမ္း အေတြ႕အႀကဳံအရဆိုရင္ေတာ့ အဲ့ပုံစံဆက္လုပ္ေနမယ္ဆိုရင္ေတာ့ ၿငိမ္းခ်မ္းေရးတို႔ တိုင္းရင္းသားအေရးတို႔ ေျဖရွင္းဖို႔ ခက္မယ္ေပါ့။ ပထမသက္တမ္းက ပုံစံေတြကိုေတာ့ ေျပာင္းပစ္ဖို႔ လိုမယ္လို႔ ထင္ပါတယ္” လို႔ VOM ကို ေျပာပါတယ္။

၂၀၁၅ ေ႐ြးေကာက္ပြဲမွာ ပါတီေပါင္း ၂၃ ပါတီ ေ႐ြးေကာက္တင္ေျမႇာက္ခံခဲ့ရၿပီး တိုင္းရင္းသားပါတီ ၁၇ ပါတီ ပါဝင္တာကို ေတြ႕ရပါတယ္။ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲမွာေတာ့ လက္ရွိတိုင္းရင္းသားပါတီ ၁၃ ခုသာ ေ႐ြးေကာက္ခံရပါတယ္။

၂၀၁၅ ေ႐ြးေကာက္ပြဲမွာ ျပည္ေထာင္စုလႊတ္ေတာ္ အမတ္ေနရာ ၂၂ ေနရာနဲ႔ ရခိုင္ျပည္နယ္လႊတ္ေတာ္မွာ အမတ္ေနရာ ၂၂ ေနရာကို ရရွိၿပီး ျပည္နယ္လႊတ္ေတာ္ကို ထိန္းခ်ဳပ္ႏိုင္ခဲ့တဲ့ ရခိုင္အမ်ိဳးသားပါတီ(ANP)ဟာ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာေတာ့ ရခိုင္ျပည္နယ္လႊတ္ေတာ္ရဲ႕ ၇ ေနရာကိုသာ အႏိုင္ရရွိထားပါတယ္။ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ ျပည္ေထာင္စုလႊတ္ေတာ္ အမတ္ေနရာ ၂ ေနရာနဲ႔ ခ်င္းျပည္နယ္လႊတ္ေတာ္မွာ အမတ္ေနရာ ၂ ေနရာ ရရွိခဲ့တဲ့ ဇိုမီးဒီမိုကေရစီအဖြဲ႕ခ်ဳပ္(ZCD) ဟာ ခုေ႐ြးေကာက္ပြဲမွာေတာ့ ခ်င္းျပည္နယ္ တြန္းဇံမဲဆႏၵနယ္(၁) တေနရာကိုသာ အႏိုင္ရရွိပါေတာ့တယ္။ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ ျပည္ေထာင္စုလႊတ္ေတာ္ အမတ္ေနရာ ၁၅ ေနရာနဲ႔ ရွမ္းျပည္နယ္လႊတ္ေတာ္မွာ အမတ္ေနရာ ၂၄ ေနရာ ရရွိခဲ့တဲ့ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(SNLD) ဟာလည္း ခုေ႐ြးေကာက္ပြဲမွာေတာ့ ျပည္ေထာင္စုလႊတ္ေတာ္ အမတ္ေနရာ ၈ ေနရာနဲ႔ ရွမ္းျပည္နယ္လႊတ္ေတာ္မွာ ၁၆ ေနရာကိုသာ အႏိုင္ရရွိတာကို ေတြ႕ရပါတယ္။

#voiceofmyanmar #VOM #တိုင္းရင္းသားပါတီ #ေ႐ြးေကာက္ပြဲ

 

Related posts

Leave a Comment

VOM News

FREE
VIEW