တပ်မတော်ဆရာဝန် ဗိုလ်မှူးအဆင့် အယောင်ဆောင်ပြီး ဆေးကုသနေသူ ၁ ယောက်ကို ဖမ်းဆီးအရေးယူ

နိုဝင်ဘာ ၁၅-၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ရွှေဇလုတ်ရပ်ကွက်၊ ကမ္မနယ်မြေမှာ မနေ့ နိုဝင်ဘာ ၁၄ ရက် ညပိုင်းက တပ်မတော်ဆရာဝန် ဗိုလ်မှူးအဆင့် အယောင်ဆောင်ပြီး ဆေးကုသနေတာကြောင့် အမှတ်-၇၆၇ တပ်မတော်တပ်ထိန်းတပ်ခွဲနဲ့ ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်ဖမ်းဆီးခဲ့တယ်လို့ မုံရွာနယ်မြေရဲစခန်းကနေ သိရပါတယ်။

မုံရွာမြို့၊ သလ္လာနယ်မြေ၊ အမှတ်-၁၂ရပ်ကွက်၊ ကျန်စစ်သားလမ်းမှာနေတဲ့ ကိုသန့်ဇင်ဝင်း ဆိုသူဟာ တပ်မတော်ဆရာဝန် ဗိုလ်မှူးအဆင့် အယောင်ဆောင်ပြီး ဗိုလ်မှူးရဲသွေးဦး ဆိုတဲ့ အမည်ပြောင်းနဲ့ ဆေးကုသနေတာဖြစ်တယ်လို့ ဖမ်းဆီးရေးအဖွဲ့ ရယူထားတဲ့မှတ်တမ်းတွေအရ သိရပါတယ်။

” စစ်စိမ်းရောင် ဝတ်စုံ ၁ စုံ ၊ ပိကက် ဦးထုပ် ၁ လုံး ၊ ပြောက်ကျား စစ်အနွေးထည် ၁ ထည် ၊ ပြောက်ကျား လက်ဆွဲအိတ် ၁ လုံး ၊ ဆေးနဲ့ ဆေးပစ္စည်းတွေအပြင် Patented
APR 20.1897. Sept. 9. 1902. စာတမ်းပါ အညိုရောင်ပစ္စတို ပလပ်စတစ်သေနတ် ၁ လတ် နဲ့ ရုံးသုံး စာရွက်စာတမ်း တံဆိပ်အမှတ်အသား အတုတွေ သိမ်းဆည်းရရှိခဲ့တယ် ” လို့ မုံရွာနယ်မြေရဲစခန်းက ရဲဝန်ထမ်းတယောက်က ပြောပါတယ်။

အဲ့ဒီအမှုကို အမှတ်-၇၆၇ တပ်မတော် တပ်ထိန်းတပ်ခွဲက ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးက တရားလိုပြုလုပ် တိုင်တန်းခဲ့တာကြောင့် (ပ)၄၁၆/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၄၆၈/၄၂၀/၁၄၀ အရ အမှုဖွင့် အရေးယူထားပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ #တပ်မတော်ဆရာဝန်အယောင်ဆောင် #ဖမ်းဆီးအရေးယူ

Related posts

Leave a Comment

VOM News

FREE
VIEW