ဒီဇင်ဘာလကုန်မှာ ကိုဗစ်ကာကွယ်ဆေးကို ကျပ် ၄၀၀၀နဲ့ ရမယ်ဆိုတဲ့ သတင်းမှားပျံ့

မန္တလေး၊ နိုဝင်ဘာ ၂၀-၂၀၂၀

ဆွေလင်းထွန်း(VOM)

ဒီဇင်ဘာလကုန်မှာ ကိုဗစ်ကာကွယ်ဆေး တရားဝင်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကြေညာတယ်ဆိုတဲ့ သတင်းမှားတခု နိုဝင်ဘာ ၁၉ရက်နေ့က လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ ကိုဗစ်ကာကွယ်ဆေးကို မြန်မာငွေ ၄၀၀၀ကျပ်နဲ့ ရအောင် ဆောင်ရွက်ပေးမယ်လို့ WHO ကပြောကြောင်းလည်း အဆိုပါသတင်းအမှားမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။

သတင်းဌာနအမည်ခံထားတဲ့ Yangon News Club ဝက်ဘ်ဆိုက်၊ ဗဟုသုတသတင်းစုံ ဝက်ဘ်ဆိုက်၊ Cele News Media ဝက်ဘ်ဆိုက်နဲ့ ChanMyae MgCho Thar အမည်နဲ့ ဖေ့ဘုတ်ပေ့ချ်တွေမှာ ပျံ့နှံ့နေတာ ဖြစ်ပါတယ်။ အဲဒီသတင်းမှားကို ပေ့ချ်တခုဆီမှာ React ပြုလုပ်သူ ၅၀၀ ကျော်စီနဲ့ ပြန်လည်မျှဝေသူ ၁၀၀ ကျော်စီ ရှိနေတာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၉ရက်နေ့ထုတ် စံတော်ချိန်သတင်းစာနဲ့ TV သတင်းမှာ အဆိုပါသတင်းကို ထည့်သွင်းကြေညာခဲ့တယ်လို့ သတင်းမှားမှာ ရေးသားခဲ့ပြီး လက်တွေ့မှာတော့ ပါဝင်ခဲ့ခြင်းမရှိတာကို တွေ့ရပါတယ်။ ဒါ့အပြင် ကိုဗစ်ကာကွယ်ဆေးကို မြန်မာငွေ ၄၀၀၀ကျပ်နဲ့ ရအောင် ဆောင်ရွက်ပေးမယ်လို့ WHO က ပြောကြားခဲ့တယ်ဆိုတဲ့ သတင်းကိုလည်း မတွေ့ရှိရပါဘူး။

ယခုအချိန်ထိ ကိုဗစ်ကာကွယ်ဆေးကို တရုတ်၊ ရုရှား၊ ဂျာမနီ၊ အမေရိကန်နိုင်ငံတွေက စမ်းသပ်ထုတ်လုပ်နေဆဲသာဖြစ်ပြီး လက်ရှိအသုံးများနေတဲ့ Remdesivir ထိုးဆေး အလုံး ၃၀၀၀ ကို အောက်တိုဘာ ၅ရက်နေ့က အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် Harsh Shringla ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်တာတော့ ရှိခဲ့ဖူးပါတယ်။ ကာကွယ်ဆေးရရှိဖို့ တရုတ်၊ အိန္ဒိယနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး ကာကွယ်ဆေးရရှိရင် သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ဦးစားပေးပြီး ရရှိဖို့ ဆောင်ရွက်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ဖူးပါတယ်။

ကိုဗစ်ကာကွယ်ဆေးကို မြန်မာငွေ ၄၀၀၀ ကျပ်နဲ့ ဒီဇင်ဘာလကုန်မှာ ရရှိမယ်ဆိုတဲ့ သတင်းမှားဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ဖူးပါသေးတယ်။

သတင်းတု သတင်းမှားကို သတိထားဖို့ ဗီအိုအမ်က ပညာပေးအစီအစဉ်နဲ့ တာချီလိတ်သတင်းဌာနကတင်ဆက်ထားတာ ပြန်လည်ဖေါ်ပြပေးထားတဲ့ သတင်းတုသတင်းမှား သတိထားသင့်တဲ့ အချက်တွေကို ပြန်လည်တင်ပြလိုက်ပါတယ်။

” Covid-19 ကာလမှာ ကောလဟလတွေနဲ့ သတင်းအမှားတွေကို သတိထားဖို့ အရမ်းအရေးကြီးပါတယ်..”
🔘 ကိုဗစ် ၁၉ နှင့်ပတ်သက်၍ အများပြည်သူ စိုးရိမ်ထိတ်လန့်စေသည့် မမှန်သတင်းများ ဖန်တီး၊ ဖြန့်ဝေခြင်းမပြုရ (ဒေသန္တရအမိန့်)
🔘 လူမှုကွန်ယက်စာမျက်နှာတွင် လူများ၏ အကြောက်တရားကို အခြေခံပြီး စိတ်ဝင်စားမှု များများရအောင် လုပ်ကြံဖန်တီးဖြန့်ဝေသည့် သတင်းအမှားများ ယခုလို ကပ်ရောဂါဘေးကာလတွင် အများအပြား ရှိနေတာကြောင့် ဖန်တီးဖြန့်ဝေသူများကို အရေးယူနိုင်မည့် ဒေသန္တရအမိန့်ကို ထုတ်ပြန်ထားပါသည်။
🔘 သတင်းမှားများမှ ရောဂါကာကွယ်ရေးအသိလွဲမှားကာ ရောဂါကူးစက်ခံရနိုင်တာကြောင့် မမှန်သတင်းများ ဖန်တီး၊ ဖြန့်ဝေခြင်းမပြုဘဲ မိမိနှင့် ပတ်ဝန်းကျင်ကို COVID 19 ဘေးမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။
သတင်းတစ်ပုဒ်ကို မျှဝေတော့မယ်ဆိုလျှင်
☑️ သတင်းရေးသူကို စိစစ်ပါ။
☑️ ခေါင်းစဉ်တစ်ခုတည်းကိုပဲ မဖတ်ပါနဲ့။
☑️ သတင်းကို အစအဆုံးဖတ်ပါ။
☑️ သတင်းထုတ်ဝေတဲ့ နေ့စွဲကို စစ်ပါ။
☑️ အလားတူဖြစ်ရပ်ကို အခြားသတင်းရင်းမြစ်များက ရေးထားသည်နှင့် နှိုင်းယှဉ်ကြည့်ပါ။
☑️ အင်တာနက်ပေါ် လျင်မြန်စွာ ဖြန့်ဝေနေတဲ့ မက်ဆေ့ချ်များ၊ အသံဖိုင်များ၊ ဗီဒီယိုနှင့် အမည်မသိ မသေချာသော ပုံများကို မမျှဝေပါနဲ့။

#voiceofmyanmar #VOM #သတင်းတုသတင်းမှားများ

zawgy

ဒီဇင္ဘာလကုန္မွာ ကိုဗစ္ကာကြယ္ေဆးကို က်ပ္ ၄၀၀၀နဲ႔ ရမယ္ဆိုတဲ့ သတင္းမွားပ်ံ႕

မႏၲေလး၊ ႏိုဝင္ဘာ ၂၀-၂၀၂၀

ဒီဇင္ဘာလကုန္မွာ ကိုဗစ္ကာကြယ္ေဆး တရားဝင္ရမယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေၾကညာတယ္ဆိုတဲ့ သတင္းမွားတခု ႏိုဝင္ဘာ ၁၉ရက္ေန႔က လူမႈကြန္ယက္မွာ ပ်ံ႕ႏွံ႔ေနပါတယ္။ ကိုဗစ္ကာကြယ္ေဆးကို ျမန္မာေငြ ၄၀၀၀က်ပ္နဲ႔ ရေအာင္ ေဆာင္႐ြက္ေပးမယ္လို႔ WHO ကေျပာေၾကာင္းလည္း အဆိုပါသတင္းအမွားမွာ ထည့္သြင္းေရးသားခဲ့ပါတယ္။

သတင္းဌာနအမည္ခံထားတဲ့ Yangon News Club ဝက္ဘ္ဆိုက္၊ ဗဟုသုတသတင္းစုံ ဝက္ဘ္ဆိုက္၊ Cele News Media ဝက္ဘ္ဆိုက္နဲ႔ ChanMyae MgCho Thar အမည္နဲ႔ ေဖ့ဘုတ္ေပ့ခ်္ေတြမွာ ပ်ံ႕ႏွံ႔ေနတာ ျဖစ္ပါတယ္။ အဲဒီသတင္းမွားကို ေပ့ခ်္တခုဆီမွာ React ျပဳလုပ္သူ ၅၀၀ ေက်ာ္စီနဲ႔ ျပန္လည္မွ်ေဝသူ ၁၀၀ ေက်ာ္စီ ရွိေနတာ ျဖစ္ပါတယ္။

ႏိုဝင္ဘာ ၁၉ရက္ေန႔ထုတ္ စံေတာ္ခ်ိန္သတင္းစာနဲ႔ TV သတင္းမွာ အဆိုပါသတင္းကို ထည့္သြင္းေၾကညာခဲ့တယ္လို႔ သတင္းမွားမွာ ေရးသားခဲ့ၿပီး လက္ေတြ႕မွာေတာ့ ပါဝင္ခဲ့ျခင္းမရွိတာကို ေတြ႕ရပါတယ္။ ဒါ့အျပင္ ကိုဗစ္ကာကြယ္ေဆးကို ျမန္မာေငြ ၄၀၀၀က်ပ္နဲ႔ ရေအာင္ ေဆာင္႐ြက္ေပးမယ္လို႔ WHO က ေျပာၾကားခဲ့တယ္ဆိုတဲ့ သတင္းကိုလည္း မေတြ႕ရွိရပါဘူး။

ယခုအခ်ိန္ထိ ကိုဗစ္ကာကြယ္ေဆးကို တ႐ုတ္၊ ႐ုရွား၊ ဂ်ာမနီ၊ အေမရိကန္ႏိုင္ငံေတြက စမ္းသပ္ထုတ္လုပ္ေနဆဲသာျဖစ္ၿပီး လက္ရွိအသုံးမ်ားေနတဲ့ Remdesivir ထိုးေဆး အလုံး ၃၀၀၀ ကို ေအာက္တိုဘာ ၅ရက္ေန႔က အိႏၵိယႏိုင္ငံျခားေရးအတြင္းဝန္ Harsh Shringla ရဲ႕ ျမန္မာႏိုင္ငံခရီးစဥ္အတြင္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ထံ ေပးအပ္တာေတာ့ ရွိခဲ့ဖူးပါတယ္။ ကာကြယ္ေဆးရရွိဖို႔ တ႐ုတ္၊ အိႏၵိယႏိုင္ငံေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနၿပီး ကာကြယ္ေဆးရရွိရင္ သက္ႀကီး႐ြယ္အိုေတြနဲ႔ က်န္းမာေရး ဝန္ထမ္းေတြကို ဦးစားေပးၿပီး ရရွိဖို႔ ေဆာင္႐ြက္ထားေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားခဲ့ဖူးပါတယ္။

ကိုဗစ္ကာကြယ္ေဆးကို ျမန္မာေငြ ၄၀၀၀ က်ပ္နဲ႔ ဒီဇင္ဘာလကုန္မွာ ရရွိမယ္ဆိုတဲ့ သတင္းမွားဟာ ၿပီးခဲ့တဲ့ ေအာက္တိုဘာလအတြင္းကလည္း လူမႈကြန္ယက္မွာ ပ်ံ႕ႏွံ႔ခဲ့ဖူးပါေသးတယ္။

သတင္းတု သတင္းမွားကို သတိထားဖို႔ ဗီအိုအမ္က ပညာေပးအစီအစဥ္နဲ႔ တာခ်ီလိတ္သတင္းဌာနကတင္ဆက္ထားတာ ျပန္လည္ေဖၚျပေပးထားတဲ့ သတင္းတုသတင္းမွား သတိထားသင့္တဲ့ အခ်က္ေတြကို ျပန္လည္တင္ျပလိုက္ပါတယ္။

” Covid-19 ကာလမွာ ေကာလဟလေတြနဲ႔ သတင္းအမွားေတြကို သတိထားဖို႔ အရမ္းအေရးႀကီးပါတယ္..”
🔘 ကိုဗစ္ ၁၉ ႏွင့္ပတ္သက္၍ အမ်ားျပည္သူ စိုးရိမ္ထိတ္လန႔္ေစသည့္ မမွန္သတင္းမ်ား ဖန္တီး၊ ျဖန႔္ေဝျခင္းမျပဳရ (ေဒသႏၲရအမိန႔္)
🔘 လူမႈကြန္ယက္စာမ်က္ႏွာတြင္ လူမ်ား၏ အေၾကာက္တရားကို အေျခခံၿပီး စိတ္ဝင္စားမႈ မ်ားမ်ားရေအာင္ လုပ္ႀကံဖန္တီးျဖန႔္ေဝသည့္ သတင္းအမွားမ်ား ယခုလို ကပ္ေရာဂါေဘးကာလတြင္ အမ်ားအျပား ရွိေနတာေၾကာင့္ ဖန္တီးျဖန႔္ေဝသူမ်ားကို အေရးယူႏိုင္မည့္ ေဒသႏၲရအမိန႔္ကို ထုတ္ျပန္ထားပါသည္။
🔘 သတင္းမွားမ်ားမွ ေရာဂါကာကြယ္ေရးအသိလြဲမွားကာ ေရာဂါကူးစက္ခံရႏိုင္တာေၾကာင့္ မမွန္သတင္းမ်ား ဖန္တီး၊ ျဖန႔္ေဝျခင္းမျပဳဘဲ မိမိႏွင့္ ပတ္ဝန္းက်င္ကို COVID 19 ေဘးမွ ကာကြယ္ႏိုင္မည္ျဖစ္ပါသည္။
သတင္းတစ္ပုဒ္ကို မွ်ေဝေတာ့မယ္ဆိုလွ်င္
☑️ သတင္းေရးသူကို စိစစ္ပါ။
☑️ ေခါင္းစဥ္တစ္ခုတည္းကိုပဲ မဖတ္ပါနဲ႔။
☑️ သတင္းကို အစအဆုံးဖတ္ပါ။
☑️ သတင္းထုတ္ေဝတဲ့ ေန႔စြဲကို စစ္ပါ။
☑️ အလားတူျဖစ္ရပ္ကို အျခားသတင္းရင္းျမစ္မ်ားက ေရးထားသည္ႏွင့္ ႏႈိင္းယွဥ္ၾကည့္ပါ။
☑️ အင္တာနက္ေပၚ လ်င္ျမန္စြာ ျဖန႔္ေဝေနတဲ့ မက္ေဆ့ခ်္မ်ား၊ အသံဖိုင္မ်ား၊ ဗီဒီယိုႏွင့္ အမည္မသိ မေသခ်ာေသာ ပုံမ်ားကို မမွ်ေဝပါနဲ႔။

#voiceofmyanmar #VOM #သတင္းတုသတင္းမွားမ်ား

 

Related posts

Leave a Comment

VOM News

FREE
VIEW