ထိုင်ဝမ်ပါလီမန်မှာ လွှတ်တော်အမတ်တွေအကြား ဝက်အူ၊ ဝက်သည်းတွေနဲ့ ပစ်ပေါက်ပြီး ရိုက်နှက်မှုတွေဖြစ်

တိုင်ပေ၊ နိုဝင်ဘာ-၂၈-၂၀၂၀
မျိုးဆက် (VOM)

ထိုင်ဝမ်သို့ အမေရိကန်က ဝက်သားတင်သွင်းမှုကို ဖြေလျှော့ပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး တင်းမာမှုတွေရှိနေချိန်မှာ ပါလီမန်မှာဆွေးနွေးကြရင်း လွှတ်တော်အမတ်တွေအကြား ဝက်အူ၊ ဝက်သည်းတွေနဲ့ပစ်ပေါက်ပြီး အပြန်အလှန် ရိုက်နှက်မှုတွေ ဖြစ်ပွားခဲ့ကြပါတယ်။

ထိုင်ဝမ်နဲ့ ဥရောပသမဂ္ဂတို့မှာ ရာကုပ်တမင်းအသုံးပြုထားတဲ့ ဝက်သားတွေကို ပိတ်ပင်တားမြစ်ထားရာကနေ ပြန်လည်ခွင့်ပြုလိုက်တဲ့ ထိုင်ဝမ်အစိုးရရဲ့ မကြာသေးမီက ဆုံးဖြတ်ချက်ဟာ ကျန်းမာရေးအပေါ် ခြိမ်းခြောက်မှုတစ်ရပ်လို့ အတိုက်အခံလွှတ်တော်အမတ်တွေက ပြောပါတယ်။

အဲဒီစွပ်စွဲချက်တွေကို အာဏာရပါတီကတော့ ငြင်းဆိုလိုက်ပြီး ဆင်ခြင်တုံတရားရှိရှိ ဆွေးနွေးငြင်းခုံကြဖို့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ ထိုင်ဝမ်ပါလီမန်မှာတော့ လွှတ်တော်အမတ်တွေအကြား ဒီလိုအချင်းများမှုတွေဟာ အထူးအဆန်းတော့ မဟုတ်လှပါဘူး။

သောကြာနေ့မှာတော့ ဝန်ကြီးချုပ် ဆုဆိန်ချန်း ပါလီမန်မှာ မေးခွန်းတွေလာ ရောက်ဖြေကြား တာမပြုလုပ်နိုင်အောင်လို့ ထိုင်ဝမ်အဓိက အတိုက်အခံ ကူမင်တန်ပါတီက လွှတ်တော်အမတ်တွေက ဝက်အူတွေနဲ့ ပစ်ပေါက် တားဆီးခဲ့ပါတယ်။

ကူမင်တန်ပါတီက လွှတ်တော်အမတ်တွေနဲ့ အခြားပါတီငယ်တစ်ခုမှ လွှတ်တော ်အမတ် တစ်ဦးတို့အကြားမှာလည်း ထိုးကြိတ်မှုတွေရှိခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

Ref : BBC
Photo:Reuters
#voiceofmyanmar #VOM #တိုင်ပေ

Related posts

Leave a Comment

VOM News

FREE
VIEW