အမေရိကန်သမ္မတအဖြစ် ဂျိုးဘိုင်ဒင်အနိုင်ရရှိကြောင်း ရွေးချယ်ရေးအဖွဲ့ တရားဝင်ကြေညာ

ဝါရှင်တန်၊ ဒီဇင်ဘာ-၁၅-၂၀၂၀ မျိုးဆက်(VOM) အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒင်ရဲ့ အနိုင်ရရှိမှုကို သမ္မတရွေးချယ်ရေးအဖွဲ့က အတည်ပြုကြေညာလိုက်ပြီး ဒါဟာ ပြည်သူတွေရဲ့ဆန္ဒအတိုင်း အနိုင်ရရှိခဲ့တာဖြစ်တယ်လို့ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ အမေရိကန်ရဲ့ ဒီမိုကရေစီဟာ တွန်းအားပေးခြင်း၊ စမ်းသပ်ခြင်း၊ ခြိမ်းခြောက်ခြင်းတွေခံခဲ့ရပြီး ခံနိုင်ရည်ရှိခြင်း၊ စစ်မှန်ခြင်းနဲ့ခိုင်မာခြင်းတို့ကိုသက်သေပြနိုင်ခဲ့တယ်လို့ အနိုင်ရလဒ်ကို တရားဝင်ကြေညာပြီးနောက် ပြောကြေားတဲ့ မိန့်ခွန်းတစ်ရပ်မှာ ဂျိုးဘိုင်ဒင်ကဆိုပါတယ်။ ရွေးကောက်ပွဲအနိုင်ရလဒ်နဲ့ပတ်သက်ပြီး ဒေါ်နယ်ထရန့်က ဥပဒေကြောင်းအရ စိန်ခေါ်မှုတွေ အားထုတ်လုပ်ဆောင်ခဲ့တာကို သူက ရည်ညွှန်းပြောဆိုခဲ့တာဖြစ်ပြီး လက်ရှိအချိန်ဟာ အမေရိကန်ရဲ့ စာမျက်နှာသစ်ဖွင့်ရမယ့်အချိန်ဖြစ်တယ်လို့ ပြောပါတယ်။ ရွေးကောက်ပွဲအနိုင်ရလဒ် အတည်ပြုလိုက်တာဟာ မစ္စတာဘိုင်ဒင် သမ္မတရာထူးရယူရေးအတွက် တရားဝင်လုပ်ဆောင်ဖို့ လိုအပ်တဲ့အရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီမိုကရက်တစ်ကိုယ်စားပြုယှဉ်ပြိုင်တဲ့ ဂျိုးဘိုင်ဒင်ဟာ နိုဝင်ဘာလမှာကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ကိုယ်စားပြုယှဉ်ပြိုင်တဲ့ ဒေါ်နယ်ထရန့်ကို ပြည်နယ်ကိုယ်စားပြုမဲ (၃၀၆) မဲ၊ (၂၃၂) မဲနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ Ref : BBC Photo:…

Read More

ရန်ကုန်မှာ ပထမဦးဆုံးအကြိမ် ထားဝယ်အမျိုးသားနေ့ အလံတင်ပွဲ ကျင်းပ

ဒီဇင်ဘာ ၁၅-၂၀၂၀ အေးချမ်းသူ(VOM) ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းရှိ မေဃဝတီကျောင်းတိုက်မှာ ဒီကနေ့မနက်ပိုင်းက ပထမဦးဆုံးအကြိမ် ထားဝယ်အမျိုးသားနေ့အလံတင်ပွဲ အခမ်းအနားကို ထားဝယ်လူမျိုးစုစည်းမှုကော်မတီက ဦးဆောင်ကျင်းပခဲ့ပါတယ်။ ထားဝယ်အမျိုးသားနေ့ကျင်းပရခြင်းနဲ့ပတ်သက်ပြီး ထားဝယ်လူမျိုးစုကော်မတီ တိုင်းအတွင်းရေးမှူး ဦးအာကာဖြိုးက “အလံတင်အခမ်းအနားပြုလုပ်တာ ထားဝယ်မှာဆို သုံးကြိမ်ပေါ့၊ ရန်ကုန်မှာ ပထမဦးဆုံးပဲ သုံးကြိမ်မြောက်ရေးထားတာက အားလုံးကိုကိုယ်စားပြုပြီးရေးထားတာ”လို့ VOMကိုပြောပါတယ်။ ထားဝယ်လူမျိုးတွေအ​ပြင် ကတူး၊ ကရင်၊ ရှမ်း၊ မွန် လူမျိုးတွေပါ အလံတင်ပွဲအခမ်းအနားကို စုစုပေါင်းလူဦးရေ ၃၀ခန့်တက်ရောက်ခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်းမှ လာရောက်တဲ့ ပဒူးတိုင်းရင်းသား ကိုသန်းနိုင်က “အရင်က ထားဝယ်ဆို ကြားပဲကြားဖူးတာ မြင်တောင်မမြင်ဖူးဘူး၊ ကိုအာကာဖြိုးနဲ့ ခင်လို့လာတာ၊ ပဒူးနဲ့ထားဝယ်က အမျိုးသားရေးဖြတ်သန်းလာတာခြင်းအတူတူပဲလေ၊ ကျနော်တို့ ပဒူးအမျိုးသားနေ့လည်း သုံးကြိမ်ပဲရှိသေးတယ်”လို့ ပြောပါတယ်။ ၂၀၁၇ ခုနှစ်မှစတင်ကာ ထားဝယ်အမျိုးသားနေ့ကို သတ်မှတ်ခဲ့ပြီး ပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီးမှာ ပြုလုပ်ခဲ့ပေမယ့် ရန်ကုန်မှာတော့ အခုနှစ်မှ စတင်ပြုလုပ်ရခြင်းဖြစ်​တယ်လိုြထားဝယ်လူမျိုးစုကော်မတီမှ တိုင်းအတွင်းရေးမှူး…

Read More

အမျိုးသားရေးလှုပ်ရှားသူ ၃ ဦးကို အလုပ်ကြမ်းနဲ့ ထောင် ၁ နှစ်ချ

ဒီဇင်ဘာ ၁၅-၂၀၂၀ အေးချမ်းသူ(VOM) အမျိုးသားရေးလှုပ်ရှားမှုတွေကြောင့် ပုဒ်မ၅၀၅(ခ) နဲ့ တရားစွဲဆိုခံထားရတဲ့ မြတ်ဘုန်းမိုရ်၊ အောင်လင်း ၊ ဟိန်းဝေယံတို့ ၃ ဦးကို ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်တရားရုံးက ဒီကနေ့မနက်ပိုင်းမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တစ်နှစ်အမိန့်ချမှတ်ခဲ့ပါတယ်။ အင်းစိန်တရားရုံးမှာ တရားရင်ဆိုင်နေစဉ် ဟိန်းဝေယံ နဲ့ မြတ်ဘုန်းမိုရ် တို့အကြား သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။ ထောင်ဒဏ်တစ်နှစ်အမိန့်ချခံခဲ့ရတဲ့အပေါ် ကိုဟိန်းဝေယံက “ကျနော်က အဖမ်းခံတာပါ၊ အဖမ်းခံရတာမဟုတ်ပါဘူး။ မြဝတီလွှတ်တော်အမတ် ကိုသန့်ဇင်အောင်တို့နဲ့ချိတ်ဆက်ပြီး အဖမ်းခံတာပါ၊ အမှန်တရားအတွက် ရင်ဆိုင်ဖို့ပြန်လာတာပါ”လို့ ပြောပါတယ်။ ဦးကိုနီအသတ်ခံရမှုမှာ ပြစ်မှုကျူးလွန်သူ ကြည်လင်းကို ရုံးထုတ်ချိန် ” ထမင်းဝအောင်စားထား “အမှတ်တံဆိပ်ပါ အင်္ကျီဝတ်ဆင်မှုနဲ့ပတ်သက်ပြီး အင်းစိန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက နိူင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(ခ)နဲ့ တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်းဖြစ်ပါတယ်။ ၂နှစ်နီးပါးကြာမြှင့်ပြီးနောက်ပိုင်း နိူင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခံရတဲ့ အမျိုးသားရေးလှုပ်ရှားသူ ၄ ဦးဟာ တစ်လအတွင်းလာရောက်အဖမ်းခဲ့ကြတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မျိုးချစ်သွေးဓမ္မကွန်ရက်ဥက္ကဋ္ဌ…

Read More

ကိုဗစ်ကာကွယ်ရေးအတွက် အဖြေကဘာလဲ

တရုတ်နိုင်ငံ ဝူဟန်မြို့ကစတဲ့ ကိုဗစ် ၁၉ ရောဂါဟာ သူတို့နိုင်ငံမှာ အခါလည်သားဖြစ်ပြီး ကမ္ဘာပတ်နေဆဲပါ၊ မြန်မာပြည်ကို အမေရိကန်က ဗီဇာနဲ့ဝင်လာခဲ့တယ်ဆိုတဲ့ ကိုဗစ်ကတော့ မတ်လ ၂၃ ဆိုရင် တနှစ်ပြည့်တော့မှာပါ။ ဒီကနေစခဲ့ ကိုဗစ်ကြောင့် မြန်မာပြည်မှာ သေသူသေ၊ မွဲသူမွဲ၊ ဘဝပျက်သူပျက် နဲ့ ဒုက္ခပင်လယ်ဝေနေဆဲပါ။   စီမံခန့်ခွဲမှုအလွဲတွေ၊ စည်းကမ်းမလိုက်နာသူတွေ ၊ နိုင်ငံရေး ပယောဂတွေကြောင့် ကိုဗစ်ဟာ တအိမ်ဆင်းတအိမ်တက် လူတွေရဲ့အသက်တွေကို လည်ပတ်စားသောက်နေဆဲဖြစ်ပါတယ်။ အစိုးရကလည်း ပြည်သူငြိုငြင်မှာစိုးရိမ်တာလား?  စီမံခန့်ခွဲမှု မတတ်တာလား ? လူအင်အား ငွေအင်အား မတတ်နိုင်တာလား  ? လားပေါင်းမြောက်များစွာနဲ့ မျက်မမြင်ပုဏ္ဏား ၆ ယောက် ဆင်စမ်းသလို ဖြစ်နေဆဲပါ။   တကျောင်း တဂါထာ တရွာတပုဒ်ဆန်းဆိုသလို တူညီတဲ့ စည်းကမ်း ဥပဒေမရှိဘဲ ထင်သလိုလုပ်နေကြဆဲဖြစ်တာကို အားလုံးမြင်ရမှာပါ။ ကျမ္မာရေးဝန်ကြီးကိုယ်တိုင် ဆေးကုတဲ့ဒေါက်တာဖြစ်ပေမယ့်…

Read More

နှာခေါင်းစည်း Mask ကောင်းမကောင်း ဘယ်လိုစစ်ဆေးမလဲ

ဒီဇင်ဘာ ၁၅-၂၀၂၀ ဈေးကွက်ထဲက နှာခေါင်းစည်း Mask တွေကို အလွယ်မဝယ်သင့်ပါဘူး၊ ဘယ်လိုအရည်အသွေးတွေရှိသင့်တယ်၊ ဘယ်လိုဟာမှ ကာကွယ်မှုအပြည့်ပေးနိုင်တယ်ဆိုတာတွေကို အလွယ်တကူသိဖို့ ဒါလေးခဏဖတ်ပေးပါ။ ပထမဆုံးပြင်ပ သွင်ပြင်လက္ခဏာအနေနဲ့ စစ်နိုင်တာက ပါးစပ်နဲ့နှာခေါင်းစည်းတစ်ခုဟာ အလွှာ ၃ ခုပါရှိရပါမယ်။ ၁ – အပြင်ဘက်အလွှာဟာ ရေမဝင်နိုင်တဲ့၊ ရက်တလုပ်ထားတာမဟုတ်တဲ့ (non-woven) အလွှာဖြစ်တဲ့ လူနဲ့ လူခန္ဓာကိုယ်ကနေထွက်တဲ့ အစက်အမှုန်တွေကို မဝင်ရောက်ဖို့ ကာကွယ်ပေးပါတယ်။ ၂ – အလယ်အလွှာဟာ လေစစ် (Melt Blown)အလွှာဖြစ်တယ်၊ ရောဂါပိုးမွှားဖြတ်သန်း ဝင်/ထွက်တာကို ကာကွယ်ပေးတယ်။ ၃ – အတွင်းဘက်အလွှာက ရေစုပ်ယူနိုင်တဲ့၊ ရက်လုပ်ထားတဲ့ (non-woven) အလွှာဖြစ်လို့ တပ်ဆင်သူရဲ့ ကိုယ်က ထွက်နေတဲ့ အရည်အစက်အမှုန်တွေကို စုပ်ယူပြီးတော့ ပြင်ပကိုမထွက်ဖို့ ကာကွယ်ပေးပါတယ်။ ၄ – နှာခေါင်းနေရာပေါ်မှာရှိတဲ့ သတ္ထုချောင်း(ကလစ်)က ဝတ်ဆင်သူနဲ့ အံဝင်ခွင်ကျဖြစ်နိုင်ဖို့…

Read More

ကမ္ဘာအေး တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်မှာ သံဃာနဲ့ လူပုဂ္ဂိုလ် ၁၇၀ကျော် ကိုဗစ်ကူးစက်ခံထားရ

ဒီဇင်ဘာ ၁၄-၂၀၂၀ သိင်္ဂီထွန်း (VOM) ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေး တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်ရှိ သံဃာနဲ့ လူပုဂ္ဂိုလ် ၁၇၂ဦး ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရတယ်လို့ သိရပါတယ်။ “သူတို့အကုန်လုံးကို သံဃာနဲ့ပတ်သက်တဲ့ ကွာရန်တင်းစင်တာမှာပို့ထားတယ်။ ကူးစက်တာကို ဟိုေ့နကတည်းကပေါ့။ ပထမတွေ့တာက ၇၀ ကျော်၊ မနေ့ကထပ်တွေ့တာ ၉၆ လားမသိဘူး ထပ်တွေ့တာပေါ့နော်”လို့ မရမ်းကုန်းမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် ဦးရန်ရှင်းကပြောပါတယ်။ လက်ရှိမှာတော့ ပိုးတွေ့ထားသူအားလုံးကို ကျန်းမာရေးစောင့်ရှောက်ပေးနေပြီး ကျောင်းတိုက်ကိုတော့ လော့ခ်ဒေါင်းပြုလုပ်ကာ ရောဂါပိုးကို ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မရန်းကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာမျိုးမျိုးအေးကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာ”အဲ့ဒါက တပ်မတော်ကုတင်တစ်ထောင်က စစ်ပေးတာပါ၊ ကျမတို့ဘက်က စစ်တာမဟုတ်လို့ အတည်ပြုလို့မရပါဘူး”လို့ ပြောပါတယ်။ ဒါကြောင့် ကမ္ဘာအေး တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်မှာ ကိုဗစ်ပိုးစတင်းကူးစက်ခံရမှုဖြစ်စဉ်နဲ့ပတ်သက်တဲ့ အသေးစိတ်အခြေအနေကိုတော့ မသိရှိရသေးဘဲ ဒီဇင်ဘာ ၉ရက်နေ့က သံဃာ ၅၇ ပါးမှာ ကိုဗစ်ရောဂါပိုး…

Read More

မန်းမှာ မြို့နယ်ကူးခွင့် ကဒ်မပါလို့ဒဏ်ရိုက်သူ သောင်းတစ်ထောင်ကျော်ရှိပြီး  အဲဒီကဒ်ရောင်းသူတွေနဲ့ အတုကိုင်သူတွေကို အရေးယူမယ်

မန္တလေး၊ ဒီဇင်ဘာ- ၁၄- ၂၀၂၀ ရှိုင်းအောင်(VOM)   မန္တလေးမှာ Semi Lockdown ကာလအတွင်း မြို့နယ် ဝင်/ထွက်ခွင့် လက်မှတ်တွေကို သောင်းဂဏန်းနဲ့ တဆင့်ပြန်လည်ရောင်းချတဲ့သူတွေရှိသလို လက်မှတ်အတုတွေပြုလုပ်ပြီး ကိုင်ဆောင်နေတဲ့သူတွေကို ထိထိရောက်ရောက် အရေးယူတော့မယ်လို့ မန္တလေးတိုင်း အစိုးရအဖွဲ့ ကိုဗစ် ကာကွယ်၊ ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က VOM ကိုပြောပါတယ်။ ဘယ်လိုအရေးယူမှုတွေ ဆောင်ရွက်သွားမလဲဆိုတာတွေနဲ့ မန္တလေးခရိုင်အတွင်းက ကိုဗစ်ထိမ်းချုပ်နိုင်မှုအခြေအနေ၊  ကွာရန်တင်းစင်တာတွေ တိုးမြှင့်ဆောင်ရွက်နေတဲ့ အနေအထားတွေနဲ့ ဆက်စပ်ပြီး မန္တလေးတိုင်း အစိုးရအဖွဲ့ ကိုဗစ် ကာကွယ်၊ ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင် VOM သတင်းထောက် ကိုရှိုင်းအောင်က မေးမြန်းထားတာ ဖြစ်ပါတယ်။   VOM -မန္တလေးခရိုင်အတွင်းမှာ Semi Lockdown ကာလအတွင်း ကွာရန်တင်းစင်တာတွေနဲ့ ကွာရန်တင်း ဝင်နေရတဲ့သူတွေ အရေအတွက် မမျှတတာကြောင့် ကွာရန်တင်းစင်တာတွေ…

Read More

ထိုင်းနိုင်ငံကို တရားမဝင်သွားရောက်ဖို့ကြိုးစားတဲ့ မြန်မာနိုင်ငံသား ၂၅ ဦး အဖမ်းခံရ

ဘန်ကောက်၊ ဒီဇင်ဘာ-၁၄-၂၀၂၀ မျိုးဆက်(VOM) ထိုင်းနိုင်ငံ Muang ခရိုင်ထဲက ကျေးရွာတစ်ရွာမှာ နယ်စပ်ကိုတရားမဝင်ဖြတ်ကျော်ပြီး နိုင်ငံအတွင်း ဝင်ရောက်ဖို့ကြိုးစားတဲ့ မြန်မာနိုင်ငံသား ၂၅ ဦးကို ဒီဇင်ဘာ ၁၃ ရက်ညပိုင်းမှာ ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ ဒီဇင်ဘာ ၁၃ ရက်ည ၁၁ နာရီခန့်မှာ ထိုင်းရဲနဲ့ စစ်တပ်ပူးပေါင်းအဖွဲ့ဟာ နယ်စပ်အနီး ချုံတွေထဲမှာ ပုန်းအောင်းနေတဲ့ အမျိုးသား ၁၄ ဦးနဲ့ အမျိုးသမီး ၁၁ ဦးပါဝင်တဲ့ မြန်မာနိုင်ငံသားအဖွဲ့တစ်ဖွဲ့ကို တွေ့ရှိခဲ့ကြပါတယ်။ သူတို့ဟာ သဘာဝနယ်စပ်ကတစ်ဆင့် Ban Kao မှာရှိတဲ့ Phu Nam Ron ကျေးရွာကို တရားမဝင် ဝင်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ မြန်မာနိုင်ငံသားတွေကို Muang ခရိုင် ကျန်းမာရေးရုံးမှာ ကိုဗစ်-၁၉ စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး ဖျားနာသူမတွေ့ရဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိမှာတော့ သူတို့ကို…

Read More

ပါကစ္စတန်ဝန်ကြီချုပ် နှုတ်ထွက်ရေး အကြီးအကျယ်ဆန္ဒပြနေကြ

လာဟိုး၊ ဒီဇင်ဘာ-၁၄-၂၀၂၀ မျိုးဆက် (VOM) ပါကစ္စတန်ဝန်ကြီးချုပ် အိုင်မရာခန်းနှုတ်ထွက်ပေးရေး တောင်ဆိုဖို့အတွက် မြို့တော်အစ္စလာမ္မာဘတ်မှာ လာမည့်လတွေအတွင်းပြုလုပ်မယ့် ချီတက်ဆန္ဒပြပွဲတွေမှာ ပူးပေါင်းပါဝင်ကြဖို့ ဒီဇင်ဘာ ၁၃ ရက်မှာ ဆန္ဒပြပွဲပြုလုပ်ခဲ့တဲ့ သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေကို အစိုးရဆန့်ကျင်ရေး မဟာမိတ်အဖွဲ့ ခေါင်းဆောင်တွေက တိုက်တွန်းလိုက်ပါတယ်။ ပါကစ္စတန်အတိုက်ခံပါတီ ၁၁ ပါတီနဲ့ အဲ့ဒီမဟာမိတ်အဖွဲ့ဟာ ဝန်ကြီးချုပ်ကို ဖြုတ်ချဖို့နဲ့ နိုင်ငံရေးမှာ စစ်တပ်ရဲ့ပါဝင်မှုကို အဆုံးသတ်ဖို့အတွက် စက်တင်ဘာလကတည်းက ဆန္ဒပြပွဲတွေ အကြီးအကျယ်ပြုလုပ်ခဲ့ပါတယ်။ လက်ရှိအချိန်ဟာ တွေ့ဆုံဆွေးနွေးရေးကာလပြီးဆုံးသွားပြီဖြစ်ပြီး ချီတက်ဆန္ဒပြရမယ့်အချိန်ဖြစ်ကြောင်း ကွယ်လွန်သွားပြီဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတိုရဲ့ သားဖြစ်သူ အတိုက်အခံခေါင်းဆောင် ဘီလာဝယ်ဘူတိုဇာဒါရီက ပြောပါတယ်။ ရွေးကောက်ပွဲအသစ်ကျင်းပပေးမယ်လို့ မကြေညာဘူးဆိုရင် ဝန်ကြီးချုပ် အိုင်မရာခန်း သို့မဟုတ် ပါကစ္စတန်စစ်ဘက်နဲ့ ဘယ်လိုတွေ့ဆုံဆွေးနွေးမှုကိုမှု ပြုလုပ်မှာမဟုတ်ဘူးလို့ သူကဆိုပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲတစ်ခုကျင်းပဖို့နဲ့ပတ်သက်ပြီး အစိုးရကိုဖိအားပေးဖို့ စီစဉ်ထားတယ်လို့ မကြာသေးမီကာလတွေအတွင်း အကြီးဆန္ဒပြပွဲခြောက်ခုပြုလုပ်ခဲ့တဲ့ အတိုက်အခံတွေက ပြောပါတယ်။ ပုံမှန်ရွေးကောက်ပွဲကို…

Read More

မြဝတီမြို့မှာ နှစ်ရက်အတွင်း လိုင်စင်မဲ့မော်‌တော်ယာဉ် အစီးရေ ၁၄၀ နီးပါး ဖမ်းမိ

ဒီဇင်ဘာ ၁၄-၂၀၂၀ ကောင်းလက်ျာ(VOM) ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းမှာ ဒီဇင်ဘာ ၁၁ ရက်နဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့အထိ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို တရားမဝင်တင်သွင်းသို‌လှောင်ထားတဲ့ လိုင်စင်မဲ့ မော်တော်ယာဉ် ၁၄၀ နီးပါး ဖမ်းဆီးရမိခဲ့တယ်လို့ မြဝတီခရိုင်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ ” အမှုနဲ့ပတ်သက်လို့ လူပုဂ္ဂိုလ်သုံးဦးကို အမှုဖွင့်လှစ်အရေးယူထားတယ်။ လက်တလောပုဒ်မအနေနဲ့ ပို့ကုန်သွင်းကုန်အက်ဥပဒေပုဒ်မ-၈နဲ့ပါ။ အသေးစိတ်အချက်လက်ကိုတော့ ပြောလို့မရသေးဘူး”လို့ မြဝတီမြို့မရဲစခန်းမှာ စခန်းမှူး ဒု-ရဲမှူးအောင်ကျော်ဦးက ပြောပါတယ်။ ဒီဇင်ဘာ ၁၁ ရက်ညနေ ၄ နာရီခွဲခန့်က နယ်မြေခံရဲတပ်ဖွဲ့၊ အုပ် ချုပ်ရေးအဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တစ်ခုဟာ မြဝတီမြို့၊ အမှတ် ၅ ရပ်ကွက်၊ မြတ်လင်းအေးမြိုင်လမ်းခြံတစ်ခုကနေ လိုင်စင်မဲ့မော်တော်ယာဉ်၂၃စီးနဲ့ လိုင်စင်မဲ့မော်တော်ယာဉ် ၁၄ စီး၊ ခြံဝင်းနောက်တစ်ခုမှ လိုင်စင်မဲ့ မော်တော်ယာဉ် ၃၁ စီး စုစု‌ပေါင်း တရားမဝင် အကောက်ခွန်မဲ့ (လိုင်စင်မဲ့)…

Read More
VOM News

FREE
VIEW